12min Notes Myanmar

How to gain control of your free time - Laura Vanderkam

img

How to gain control of your free time - Laura Vanderkam

▪️ စာလုပ်ဖို့အတွက် အချိန်မရှိဘူး။


▪️ ရှုပ်ပွနေတဲ့ အခန်းရှင်းဖို့အတွက် အချိန်မရှိဘူး။


▪️ နံနက်ခင်း အားကစားလုပ်ဖို့အတွက် အချိန်မရှိဘူး။


ဒီလိုမျိုး “တစ်ခုခုလုပ်ဖို့ အချိန်မရှိဘူး” ဆိုတဲ့ စကားလေးကို နေ့စဉ်ဘဝမှာ ကျွန်တော်တို့အားလုံး ‌အနည်းနဲ့အများ သုံးဖြစ်ကြပါတယ်။


ဒါပေမယ့် “အချိန်မရှိဘူး” ဆိုတဲ့စကားက တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား?

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အားလုံးဟာ အားကစားလုပ်ဖို့ အချိန်မရှိကြပေမယ့် နှစ်နာရီလောက် ဆိုရှယ်မီဒီယာထိုင်ကြည့်နေဖို့တော့ အချိန်ရှိတတ်ကြတယ်လေ။


"𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭" (အချိန်စီမံခန့်ခွဲမှု) နဲ့ ပတ်သက်တဲ့ နည်းလမ်းတွေကို သင်ကြားပေးတဲ့

စာရေးဆရာမ 𝐋𝐚𝐮𝐫𝐚 𝐕𝐚𝐧𝐝𝐞𝐫𝐤𝐚𝐦 ကတော့ “အချိန်မရှိဘူး” ဆိုတဲ့ စကားမှာ သီးခြားအဓိပ္ပာယ်တစ်ခု ရှိနေပြီးသားလို့ ယူဆထားသူပါ။


“တစ်ခုခုလုပ်ဖို့အတွက် အချိန်မရှိဘူး” ဆိုတဲ့စကားဟာ “အလုပ်တစ်ခုခုဟာ သင့်အတွက် ဦးစားပေးမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်သာဖြစ်ကြောင်း နားလည်သဘောပေါက်ထားဖို့ လိုအပ်တယ်လို့ 𝐋𝐚𝐮𝐫𝐚 က ဆိုပါတယ်။


ဒါက ဘာကြောင့်အရေးကြီးလဲဆိုရင် -

🔴𝐓𝐢𝐦𝐞 𝐢𝐬 𝐚 𝐜𝐡𝐨𝐢𝐜𝐞. (အချိန်ရှိခြင်းဟာ ရွေးချယ်မှုတစ်ခုသာ ဖြစ်တယ်) ဆိုတာကို အမြဲ မမေ့မလျော့ ရှိနေသင့်တာကြောင့်ပါတဲ့။


𝐋𝐚𝐮𝐫𝐚 က သူမရဲ့ "𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭" (အချိန်စီမံခန့်ခွဲမှု) စာအုပ်ကို မရေးသားခင်မှာ နယူးယော့ခ်မြို့က အလုပ် အရမ်းများတယ်လို့ နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အချိန်ဇယားတွေကို သူတို့ရဲ့ခွင့်ပြုချက်နဲ့ ခြေရာကောက် လေ့လာခဲ့ပါတယ်။


ဒီလိုလေ့လာရင်းနဲ့ အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်ရဲ့ အဖြစ်အပျက်တစ်ခုကို 𝐋𝐚𝐮𝐫𝐚 ပြန်ကြားခဲ့ရပါတယ်။

.

ထိုအမျိုးသမီးဟာ ဗုဒ္ဓဟူးနေ့ညတစ်ညမှာ အပြင်ထွက်သွားရင်း အိမ်ပြန်လာတော့ သူမရဲ့ “𝐖𝐚𝐭𝐞𝐫 𝐇𝐞𝐚𝐭𝐞𝐫” (ရေအပူပေးစက်) က ပျက်သွားတာကြောင့် သူမရဲ့အိမ် မြေအောက်ခန်းတစ်ခုလုံးက ရေတွေလျှံနေတာနဲ့ ကြုံလိုက်ရပါတယ်။ ပျက်စီးသွားတဲ့ ကော်ဇော၊ ကြမ်းပြင်နဲ့ ရေအပူပေးစက်ကို ပြင်ရာက တစ်ပတ်လုံးမှာ စုစုပေါင်း အချိန် ၇နာရီအထိ ကြာသွားခဲ့ပါတယ်တဲ့။


𝐋𝐚𝐮𝐫𝐚 က ဒီလို ဆိုပါတယ်။ အကယ်၍သာ ထိုအမျိုးသမီးအနေနဲ့ ဗုဒ္ဓဟူးနေ့ညမတိုင်ခင် တစ်ပတ်အလိုမှာ တစ်ယောက်ယောက်ကများ အင်တာဗျူးလုပ်ချင်လို့ “အချိန် ၇နာရီလောက်များ ရှိမလား?” မေးတဲ့အခါ သေချာပေါက် “အချိန်မရှိဘူး” လို့ ဖြေခဲ့မှာပါ။


ဒါပေမယ့် မလွှဲမရှောင်သာတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ သူမရဲ့ အချိန် ၇နာရီကို ဘယ်ကမှန်းမသိ ရှာတွေ့သွားတာပါပဲ။


🔴𝐓𝐢𝐦𝐞 𝐢𝐬 𝐡𝐢𝐠𝐡𝐥𝐲 𝐞𝐥𝐚𝐬𝐭𝐢𝐜. (အချိန်ဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ သဘောရှိပါတယ်)

ကျွန်တော်တို့အနေနဲ့ “အချိန်” ကို ဆန့်ထုတ်လို့ မရနိုင်ပေမယ့် ရှိနေတဲ့အချိန်အတွင်းမှာ အရေးပါတဲ့ အရာတွေကိုပဲ ဦးစားပေးရွေးချယ် ဆောင်ရွက်တဲ့အခါ ရေရှည်မှာ အချိန်ပိုတွေ ထွက်လာတတ်ပါတယ်။


နေ့စဉ်ဘဝမှာ အချိန်တွေ ပိုထွက်လာဖို့ဆိုရင် ကျွန်တော်တို့ရဲ့  အရေးကြီးဆုံးအရာတွေကို "𝐁𝐫𝐨𝐤𝐞𝐧 𝐖𝐚𝐭𝐞𝐫 𝐇𝐞𝐚𝐭𝐞𝐫” (ပျက်နေတဲ့ ရေအပူပေးစက်) တစ်လုံးလို့ သဘောထားပြီး  ဦးစားပေး ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

"𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭" (အချိန်စီမံခန့်ခွဲမှု) ရဲ့ သော့ချက်က ဒါပါပဲလို့  𝐋𝐚𝐮𝐫𝐚 ကဆိုပါတယ်။


ဒါဆိုရင် ပထမဆုံးအဆင့်က ကျွန်တော်တို့ရဲ့ ဦးစားပေးအရာတွေက ဘာတွေလဲဆိုတာ ဆုံးဖြတ်ဖို့ပါပဲ။


အရင်ဆုံးအနေနဲ့ -

▪️ Career (အလုပ်အကိုင်)

▪️ Relationship (လူမှုဆက်ဆံရေး)

▪️ Self (ကိုယ်ရေးကိုယ်တာ) ဆိုပြီး အမျိုးအစား (၃)ခု ခွဲထားကြပါမယ်။


နောက်ပြီးရင် လက်ရှိအချိန်ကို ဒီနှစ်ရဲ့ နှစ်ကုန်ပိုင်းလို့တွေးပြီး သင့်ကိုယ်သင် မေးခွန်း (၂)ခု ပြန်မေးကြည့်ပေးပါ။

ဥပမာအားဖြင့် - 2023 ခုနှစ်ဟာ သင့်အတွက် အရမ်းအကျိုးရှိခဲ့တဲ့ နှစ်ကောင်းတစ်ခုလို့ တွေးကြည့်လိုက်ပါ။


(i) ဒီနှစ်မှာ ဘယ်အရာတွေကို လုပ်ခဲ့တာကြောင့် သင့်အတွက် နှစ်ကောင်းတစ်ခု ဖြစ်ခဲ့တာလဲ?(𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐥𝐲)

▪️ Career (အလုပ်အကိုင်)နဲ့ ပတ်သက်တဲ့ အကြောင်းအရာ (၃)ခုကနေ (၅)ခုအထိ ရေးကြည့်ပါ။


(ii) ဒီနှစ်မှာ ဘယ်အရာတွေကို လုပ်ခဲ့တာကြောင့် သင့်အတွက် နှစ်ကောင်းတစ်ခု ဖြစ်ခဲ့တာလဲ?(𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐥𝐲)

▪️ Relationship (လူမှုဆက်ဆံရေး)၊ Self (ကိုယ်ရေးကိုယ်တာ) နဲ့ ပတ်သက်တဲ့ အကြောင်းအရာ (၃)ခုကနေ (၅)ခုအထိ ရေးကြည့်ပါ။


ဒါဆိုရင် သင့်မှာ နောက်နှစ်အတွက် အကောင်းဆုံးအာရုံစိုက်ဖို့ ဦးစားပေး ပန်းတိုင် ၄၊ ၅ ခုလောက် ရသွားပါပြီ။

သင့်အတွက် ဦးစားပေးပန်းတိုင်တွေကို သိရှိသွားပြီဆိုရင်တော့ နောက်တစ်ဆင့်က တကယ်စတင်ပြီး လုပ်ဆောင်ဖို့ပါပဲ။


🔴 ရက်သတ္တပတ် အသစ်မစခင်တိုင်းမှာ သင့်အတွက် အမှန်တကယ် အရေးပါတဲ့အရာတွေအတွက်ပဲ ဘယ်လိုအချိန်ပေးမလဲဆိုတာ၊ ဒီအပတ်ထဲ ဘာတွေလုပ်ဆောင်မလဲဆိုတာ အစီအစဉ်ဆွဲထားပြီး လိုက်နာလုပ်ဆောင်ကြည့်ပါဗျ။ ထင်ထာထက် ပိုထိရောက်ပြီး အချိန်ပိုတွေအထိပါ ထွက်လာနိုင်ပါတယ်။💕❗


24 × 7 = 168 Hours

တစ်ပတ်မှာ နာရီပေါင်း ၁၆၈ နာရီဆိုတာ မနည်းမနော အချိန်တွေပါ။ သင် လုပ်ချင်တာတွေလုပ်ဖို့ လုံလောက်တာထက် ပိုနေသေးတဲ့ အချိန်တွေပါပဲ။


“ ဘယ်လောက်ပဲ အလုပ်များများ သင့်အတွက် အရေးပါတဲ့အရာတွေ လုပ်ဖို့ အချိန်ရှိပါတယ်။ သင့်အတွက် အရေးပါတဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်မယ်ဆိုရင် သင့်မှာရှိနေတဲ့ အချိန်အတွင်းမှာ သင်လိုချင်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာပါ။” လို့ 𝐋𝐚𝐮𝐫𝐚 𝐕𝐚𝐧𝐝𝐞𝐫𝐤𝐚𝐦 က ဆိုပါတယ်။


သင်လုပ်သမျှ အရာတိုင်းနဲ့ သင်သုံးသမျှ မိနစ်တိုင်းဟာ သင့်ရဲ့ ရွေးချယ်မှုပါ။

ဒါကြောင့် စက္ကန့်၊ မိနစ်နဲ့ နာရီတိုင်းကို  ဉာဏ်ရှိရှိ သုံးနိုင်ကြပါစေဗျ။ 💕❗


ဒီအကြောင်းအရာလေးဟာဆိုရင်တော့ Princeton တက္ကသိုလ်ဘွဲ့ရ စာရေးဆရာမအပြင် နိုင်ငံတကာ ဟောပြောသူတစ်ယောက်ပါဖြစ်တဲ့ Laura Vanderkam  ရဲ့ ❝ 𝐇𝐨𝐰 𝐭𝐨 𝐠𝐚𝐢𝐧 𝐜𝐨𝐧𝐭𝐫𝐨𝐥 𝐨𝐟 𝐲𝐨𝐮𝐫 𝐟𝐫𝐞𝐞 𝐭𝐢𝐦𝐞 ❞ဆိုတဲ့ Ted Talk လေးထဲကနေ ကောက်နုတ်ဖော်ပြပေးထားတာပါ။


မူရင်း TED Talk ကို အောက်က link လေးနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။


https://www.ted.com/talks/laura_vanderkam_how_to_gain_control_of_your_free_time


12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌


Author : 12min Notes Myanmar

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : [email protected]

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright © 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.