12min Notes Myanmar
How books can open your mind - Lisa Bu
How books can open your mind - Lisa Bu
“စာအုပ်တွေရှိနေသရွေ့ အထီးကျန်သလိုရော၊ အင်အားမဲ့သလိုရော ကျွန်မဘယ်သောအခါမှ ခံစားရတော့မှာ မဟုတ်ပါဘူး” လို့ 𝐋𝐢𝐬𝐚 𝐁𝐮 က ဆိုပါတယ်။ သူမဟာ Content Distribution Manager အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး Talk Show တစ်ခုရဲ့ ထုတ်လုပ်သူတစ်ယောက်၊ သတင်းစာနဲ့ ဂျာနယ်လစ်ဇင်ပညာရပ်မှာ ပါရဂူဘွဲ့ရထားသူတစ်ယောက်ဆိုရင်လည်း မှန်ပါတယ်။
ငယ်စဉ်တုန်းက အော်ပရာအဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့်လည်း အင်ဂျင်နီယာပဲဖြစ်လာစေချင်ခဲ့တဲ့ မိဘတွေရယ်၊ ထောက်ခံအားပေး မြေတောင်မြှောက်ပေးသူ မရှိခဲ့တဲ့ ငယ်ဘဝကြောင့် သူမရဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရပေမယ့် သင်ယူလိုစိတ်ကြောင့် စာအုပ်တွေက သူမရဲ့ နောက်ထပ်ဘဝအိပ်မက်တစ်ခု ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။
𝐋𝐢𝐬𝐚 ဟာ စာဖတ်ရတာကို သိပ်သဘောကျသူတစ်ဦးဖြစ်ပြီး စာအုပ်တွေက သင့်ရဲ့အတွေးတံခါးတွေကို ဖွင့်ပေးပြီး သင့်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်တယ်လို့ ယုံကြည်သူပါ။
သင့်ကို စာအုပ်တစ်အုပ်က ပေးနိုင်မယ့် အမြင့်မားဆုံးအရာတွေက-
☑️ကိုယ်တိုင် လေ့လာနိုင်စွမ်း
☑️ကိုယ်တိုင် ဝေဖန်အကဲဖြတ်နိုင်စွမ်း
☑️ကိုယ်တိုင် အသုံးချနိုင်စွမ်း ဆိုတာတွေပါပဲ။
ဒါပေမယ့် အချိန်အများစုမှာ ကျွန်တော်တို့တွေဟာ စာအုပ်ထဲက အကြောင်းအရာတွေရဲ့ အမှန်အမှား ဒီဂရီကို ဝေဖန်ပိုင်းခြားဖို့ထက် စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို အကြာကြီး မှတ်မိနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စိုင်းပြင်းနေတတ်ကြပါတယ်။
“ဒါဆိုရင် စာအုပ်တွေ အကောင်းဆုံးဖတ်နိုင်မယ့် နည်းလမ်းက ဘာလဲ? ”
𝐋𝐢𝐬𝐚 𝐁𝐮 ရဲ့ ❝ 𝐇𝐨𝐰 𝐛𝐨𝐨𝐤𝐬 𝐜𝐚𝐧 𝐨𝐩𝐞𝐧 𝐲𝐨𝐮𝐫 𝐦𝐢𝐧𝐝 ❞ဆိုတဲ့ 𝐓𝐞𝐝 𝐓𝐚𝐥𝐤 လေးထဲမှာ စာဖတ်သူတို့အတွက် အဖြေရှိနေပါတယ်။
သူမပြောပြခဲ့တဲ့ နည်းလမ်းကတော့ ❝ 𝐂𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 ❞ ( နှိုင်းယှဉ်ပြီး ဖတ်ရှုခြင်း ) ဆိုတာပါပဲ။
အလွယ်ပြောရရင်တော့ စာအုပ်တွေကို အစုံလိုက် နှိုင်းယှဉ်ပြီး ဖတ်ဖို့ပါ။
တကယ်တော့ 𝐂𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 ဆိုတာဟာ ဆန်းဆန်းပြားပြား နည်းလမ်းသစ်တစ်ခု မဟုတ်ပါဘူး။ စာပေသမိုင်းကြောင်းကို သုတေသနလုပ်သူတွေ၊ ဘာသာရေးသမိုင်းကြောင်းကို သုတေသနလုပ်သူတွေ အသုံးပြုနေကြတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပြီး ဒီနည်းလမ်းက နေ့စဉ်ဘဝမှာလည်း သိပ်ကိုအသုံးဝင်တယ်လို့
𝐋𝐢𝐬𝐚 က ဆိုပါတယ်။
❝ 𝐂𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 ❞ ( နှိုင်းယှဉ်ပြီး ဖတ်ရှုခြင်း ) ရဲ့ အဓိကအနှစ်သာရကတော့ -
🎯Compare and Contrast လုပ်ခြင်းပါပဲ။ တစ်နည်းအားဖြင့် ဆန့်ကျင်တဲ့သဘောရှိနေတဲ့၊ ကွဲပြားနေတဲ့ အယူအဆနဲ့ အတွေးအခေါ်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်သုံးသပ်ခြင်းကို ဆိုလိုပါတယ်။
☑️ တူညီတဲ့အချိန်ကာလအပိုင်းအခြားမှာ ထွက်ရှိခဲ့တဲ့ အမျိုးအစားတူ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ခြင်း။
☑️ ဖြစ်ရပ်တစ်ခုတည်းကို ကြုံတွေ့ရသူနှစ်ယောက်ရဲ့ မတူညီတဲ့ ရှုထောင့်တွေကို နှိုင်းယှဉ်ဖတ်ခြင်း။
☑️မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံတွေထဲက ဆင်တူယိုးမှား ဇာတ်လမ်းတွေကို နှိုင်းယှဉ်ဖတ်ခြင်း။
အကယ်၍ သင်က ဘာသာစကား ( ၂ )မျိုးကို တတ်မြောက်ထားသူဆိုရင်လည်း သင်နှစ်သက်တဲ့ စာအုပ်တွေကို ဘာသာစကားတစ်မျိုးစီနဲ့ နှိုင်းယှဉ်ပြီး ဖတ်ကြည့်နိုင်ပါသေးတယ်။
ဥပမာအားဖြင့်- သင်က အမျိုးသမီးတွေရဲ့ သမိုင်းတစ်လျှောက် ခွဲခြားဆက်ဆံခံရပုံကို ပုံဖော်ပြထားတဲ့ ဝတ္ထုတစ်အုပ်ကို ဖတ်မယ်ဆိုပါစို့။
ဒါပေမယ့် သင်က တစ်ချိန်တည်းမှာပဲ ထိုခေတ်ထိုအခါက မိသားစုတွေရဲ့ နေထိုင်စားသောက်ပုံတွေ၊ အမျိုးသားတွေရဲ့ ဓလေ့စရိုက်တွေ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ…စသဖြင့် ဖော်ပြထားတဲ့ သမိုင်းနောက်ခံ ဝတ္ထုတစ်အုပ်ကိုပါ ယှဉ်တွဲပြီး ဖတ်ကြည့်မယ်ဆိုရင်တော့ ထိုခေတ်ထိုအခါရဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ ယဉ်ကျေးမှုအပြောင်းအလဲတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခက်အခဲတွေ အပေါ် အခြေခံပြီး ဘာကြောင့် အမျိုးသမီးတွေက ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကိုပါ ပိုပြီး စုံစုံလင်လင် သိရှိလာနိုင်ပါတယ်။
❝ 𝐂𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 ❞ လုပ်ခြင်းက အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ သင့်ရဲ့ယုံကြည်စိတ်ကို တဇွတ်ထိုး၊ တစ်ယူသန်မဖြစ်စေတော့ဘဲ သင့်ကို ပိုပြီး အသိကြွယ်စေသလို၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး သင့်ရဲ့ ဘက်လိုက်မှုကင်းတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပိုပြီး တိုးတက်စေပါတယ်။
𝐋𝐢𝐬𝐚 𝐁𝐮 က နေ့စဉ်ဘဝမှာ ❝ 𝐂𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 ❞ နဲ့အတူ ဖြတ်သန်းခြင်းက သူမရဲ့ အတွေးအခေါ်တွေကို ပိုမိုကျယ်ပြန့်စုံလင်လာစေခဲ့တယ်လို့ ဆိုပါတယ်။
“စာအုပ်တစ်အုပ်တည်းဖတ်တဲ့အခါ လူတစ်ယောက်တည်းရဲ့ အယူဝါဒတွေကိုပဲ ကြားနာနေရမယ်။ စာအုပ်တွေအများကြီးဖတ်ရင်တော့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး သင်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာကို ရမယ်” ဆိုတဲ့ အိန္ဒိယစာရေးဆရာ 𝐏𝐚𝐧𝐤𝐚𝐣 𝐊𝐮𝐝𝐫𝐢𝐦𝐨𝐭𝐢 ရဲ့ စာသားလေးအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။
ဒီအကြောင်းအရာလေးဟာဆိုရင်တော့ သတင်းစာနဲ့ ဂျာနယ်လစ်ဇင် ပါရဂူဘွဲ့ရ၊ နိုင်ငံတကာ လှည့်လည်ဟောပြောသူတစ်ယောက်ပါဖြစ်တဲ့ 𝐋𝐢𝐬𝐚 𝐁𝐮 ရဲ့ ❝ 𝐇𝐨𝐰 𝐛𝐨𝐨𝐤𝐬 𝐜𝐚𝐧 𝐨𝐩𝐞𝐧 𝐲𝐨𝐮𝐫 𝐦𝐢𝐧𝐝 ❞ ဆိုတဲ့ TED Talk လေးထဲကနေ ကောက်နုတ်ဖော်ပြပေးထားတာပါ။
မူရင်း TED Talk ကို အောက်က link လေးနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://www.ted.com/talks/lisa_bu_how_books_can_open_your_mind
❌𝟏𝟐𝐦𝐢𝐧 𝐍𝐨𝐭𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ မြန်မာဘာသာ TED Talk review များကို လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌
Author : 12min Notes Myanmar