12min Notes Myanmar
Why we all need to practice emotional first aid - Guy Winch
Why we all need to practice emotional first aid - Guy Winch
ဘာကြောင့် ကျွန်တော်တို့တွေက
စိတ်ကျန်းမာရေးကို
ခန္ဓာကိုယ်ကျန်းမာရေးလောက်
ဂရုမစိုက်မိကြတာလဲ ?
အကယ်၍ သင့်ခန္ဓာကိုယ်မှာ
အနာတရတစ်ခုခုဖြစ်ခဲ့ရင်
ပိုးမဝင်အောင်ပတ်တီးစည်းရမယ်ဆိုတာ
သိသလိုမျိုး သင့်စိတ်ဓာတ်ရေးရာ
မထိခိုက်အောင် ဘယ်လိုထိန်းသိမ်းရမလဲ
ဆိုတာလည်း သိသင့်ပါတယ်။
▂▂▂▂▂
ကျွန်တော်တို့တွေဟာ စိတ်ထဲကခံစားရတဲ့
အထီးကျန်ခြင်း ငြင်းပယ်ခံရခြင်း ရှုံးနိမ့်ခြင်း စတဲ့
ဝေဒနာတွေကိုဖုံးကွယ်ပြီး နေလေ့ရှိကြပါတယ်။
ဒီလိုဖြစ်ရပ်တွေကိုပိုပြီးလျစ်လျူရှုလေလေ
ပိုပြီးဆိုးဝါးတဲ့အခြေအနေကို
ရောက်လေလေဖြစ်ပါတယ်။
ဒါတွေကိုဂရုမစိုက်နိုင်တဲ့အခါ
စိတ်နာမကျန်းဖြစ်တာကလည်း
ခန္ဓာကိုယ်နာမကျန်းဖြစ်မှုလိုပဲ
အသက်ဆုံးတဲ့အထိဖြစ်နိုင်တယ်ဆိုတာ
မေ့ထားလို့မရပါဘူး။
စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်သလို
စိတ်ဆောင်ရင်လည်း အောင်နိုင်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ အရေးပါမှုက
ကျွန်တော်တို့ဘဝမှာ
သက်ရောက်မှု အလွန်များပါတယ်။
▂▂▂▂▂
ခန္ဓာကိုယ်ကျန်းမာရေး နဲ့
စိတ်ပိုင်းဆိုင်ရာကျန်းမာရေး က
အမွှာတွေလိုဖြစ်တဲ့အတွက်
နှစ်ခုလုံးကိုအတူတူ ဂရုစိုက်ဖို့လိုတယ်လို့ စိတ်ဗေဒပညာရှင် Guy Winch က
“Why we all need to practice emotional first aid”
ဆိုတဲ့ ခေါင်းစဉ်နဲ့ TED talk show မှာ
ပြောပြခဲ့ပါတယ်။
▂▂▂▂▂
Winch ပြောပြခဲ့တဲ့
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်
ဘယ်လိုအကြောင်းအရာတွေကို ဂရုစိုက်သင့်သလဲဆိုတာတွေကို
ဖော်ပြပေးသွားပါမယ်။
🎈စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့နာကျင်မှုတွေကိုသတိမူပါ။
ဘယ်လိုအကြောင်းအရာတွေကြောင့်
မိမိခံစားရသလဲဆိုတာကို
မေ့မေ့ပျောက်ပျောက်မထားပဲ
ပိုပြီး မဆိုးလာခင်မှာပဲ ပျောက်အောင်ကုသပါ။
အထီးကျန်မှု နဲ့ ငြင်းပယ်ခံရခြင်းတွေက
ကျွန်တော်တို့တွေကို ဆိုးဝါးစွာ
စိတ်ထိခိုက်စေပါတယ်။
ဒါကြောင့် သင်ချစ်တဲ့သူဖြစ်စေ
သင်ကိုယ်တိုင်ဖြစ်စေ
ခံစားနေရတယ်ဆိုရင် အချိန်မီပြေပျောက်အောင်
ကုသပေးဖို့လိုအပ်ပါတယ်။
🎈ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ သင့်စိတ်ကိုအာရုံလွှဲပါ။
ကျရှုံးမှုတွေက
သင်မလုပ်နိုင်ခဲ့တဲ့အရာတွေအပေါ်ပဲ
အာရုံစိုက်မိနေစေပြီး သင်လုပ်နိုင်တဲ့အရာတွေကို
မေ့ပျောက်သွားစေနိုင်ပါတယ်။
ဒါကို ထိန်းချုပ်ဖို့ရန်အတွက် ကျရှုံးပြီးနောက်မှာ
ခံစားရတဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ
အကူအညီမဲ့နေမှု တွေကို မေ့နိုင်ဖို့ကြိုးစားပါ။
ဒါတွေအစား နောက်လုပ်စရာတစ်ခုကို
ပြင်ဆင်နေတာမျိုး စီစဉ်နေတာမျိုးတွေနဲ့
ထိန်းချုပ်နိုင်ပါတယ်။
🎈မိမိကိုယ်ကိုအချိန်ပေးပြီးဂရုစိုက်ပါ။
အကယ်၍ သင်စိတ်ဓာတ်ကျသလို
ခံစားနေရပြီဆိုရင်
သင့်ကိုယ်သင်ကြင်နာဖို့အချိန်ရောက်ပါပြီ။
Self-esteem ဆိုတာက စိတ်ပိုင်းဆိုင်ရာအတွက်
Immune system လိုပါပဲ။
ဒါကြောင့် တခါတလေမှာ
သင်လုပ်ချင်တဲ့အရာလုပ်ပြီး
ပျော်သလိုနေလိုက်ခြင်းက လိုကိုလိုအပ်ပါတယ်။
🎈မိမိစိတ်ထဲမှာ Negative အတွေးတွေ
များနေပြီဆိုရင် Positive အတွေးတွေနဲ့
အစားထိုးဖို့ကြိုးစားပါ။
သင့်စိတ်ထဲမှာ အမြင်မကြည်တဲ့အရာတွေပဲ
စဉ်းစားမိနေပီဆိုရင် တစ်ရက်ကို 2 မိနစ်လောက်
အချိန်ပေးပြီး game ကစားတာဖြစ်စေ
စာဖတ်တာဖြစ်စေ စတဲ့ concentrate လုပ်ရတဲ့အရာတွေနဲ့ ကုစားကြည့်ပါ။
🎈ဆုံးရှုံးသွားခြင်းတွေရဲ့အနက်အဓိပ္ပာယ်ကိုရှာဖွေပါ။
တကယ်တော့ ဆုံးရှုံးခြင်းဆိုတာကလည်း
ဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
အဲ့ဒီကရတဲ့စိတ်ဒဏ်ရာက
သေချာမကုစားဘူးဆိုရင်
ဘဝမှာအမာရွတ်ထင်ကျန်နိုင်ပါတယ်။
Recover ဖြစ်ဖို့အကောင်းဆုံးနည်းလမ်းကတော့
ဆုံးရှုံးမှုတွေကနေ အကောင်းဘက်ကိုမြင်နိုင်ဖို့
ရည်ရွယ်ချက်ကိုရှာဖွေတာပါပဲ။
🎈အပြစ်ရှိတဲ့ခံစားချက်ကြီးနဲ့အမြဲမနေပါနဲ့။
မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားနေရရင်
ထိထိရောက်ရောက်တောင်းပန်လိုက်ခြင်းက
အကောင်းဆုံးဖြေရှင်းချက်ပါပဲ။
သင်ဘာကြောင့်ဘယ်လိုလုပ်လိုက်တာပါဆိုပြီး
ရှင်းပြတာထက် မိမိကြောင့်တစ်ဖက်လူ
ဘယ်လိုထိခိုက်သွားသလဲ ဆိုတာကိုဂရုစိုက်ပြီး
တောင်းပန်သင့်ပါတယ်။
🎈ဘယ်လိုအမျိုးအစား စိတ်ပိုင်းဆိုင်ရာကုသမှုတွေက မိမိအပေါ်သက်ရောက်မှုရှိသလဲဆိုတာကိုလေ့လာပါ။
သင်ဘယ်လိုအရာတွေလုပ်တဲ့အခါ
စိတ်ကခံစားရတဲ့
ဒဏ်ရာတွေက သက်သာသွားသလဲ ၊
Recover ဖြစ်တာ ဘယ်လိုနည်းလမ်းနဲ့ဆို မြန်မလဲ စသဖြင့်ကုသနည်းတွေရှိပါတယ်။
အထူးသဖြင့် သင်ခက်ခဲတဲ့အချိန်
စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ
ဘယ်လိုအရာတွေက
သင့်ကိုစိတ်သက်သာရာရစေလဲဆိုတာကို
သေသေချာချာရေးမှတ်ထားဖို့လည်းမမေ့ပါနဲ့။
▂▂▂▂▂
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်
လေ့ကျင့်ခြင်းက မလွယ်ကူတဲ့အပြင်
အချိန်ပေးရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် အောင်မြင်သွားတဲ့အခါမှာ
တစ်ဘဝလုံးစာအတွက်
အကျိုးအမြတ်ရှိမယ်ဆိုတာကတော့ အသေအချာပါပဲ။
ဒါကြောင့် မိမိကိုယ်တိုင်သာမက
မိမိပတ်ဝန်းကျင်ကိုပါ
ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ တိုက်တွန်းအားပေးရင်း
စိတ်ဓာတ်ခွန်အားတွေကို
မြှင့်တင်သွားရမှာဖြစ်ပါတယ်။
▂▂▂▂▂
ဒီ TED Talk လေးကို ဒီတစ်ပတ်အတွက် ကြည့်ရှုသင့်တဲ့ TED Talk အဖြစ် 12min Notes မှ recommend လုပ်ပါတယ်။
မူရင်း TED Talk ကို အောက်က link လေးနှိပ်ပြီး တိုက်ရိုက်သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Guy Winch TED Talk Link:
https://www.ted.com/talks/guy_winch_why_we_all_need_to_practice_emotional_first_aid
[Author - May Dae]
ဒီ Post လေးကို သဘောကျတယ်ဆိုရင် နောက်ထပ် ဒီလိုမျိုးအကျိုးရှိတဲ့အရာတွေ ထပ်တင်ပေးနိုင်အောင် ဒီ Post လေးကို Like & Share လုပ်ပေးခဲ့ဖို့ တောင်းဆိုပါတယ်။
#12minNotesMyanmar #TED #review
❌ 12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။ ❌
Author : 12min Notes Myanmar