12min Notes Myanmar
How to succeed? Get more sleep - Arianna Huffington
How to succeed? Get more sleep - Arianna Huffington
သင်အောင်မြင်ချင်ပါသလား ?
ဒါဆို များများအိပ်ပါ 💡
အိပ်စက်ခြင်းနဲ့အောင်မြင်ခြင်းဟာ
ဘာကြောင့်ဆက်စပ်နေရသလဲ ?
အိပ်စက်ခြင်းက
ခန္ဓာကိုယ်ကျန်းမာရေးနဲ့
စိတ်ပိုင်းဆိုင်ရာအပေါ်မှာ
သက်ရောက်မှုအများကြီးရှိပါတယ်။
အိပ်ချိန်ပြည့်ပြည့်ဝဝရှိမှသာ
ခန္ဓာကိုယ်က immune system ကောင်းလာမယ်။
အတွေးအခေါ်သစ်တွေ
ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာပါမယ်။
▂▂▂▂▂
အရွယ်ရောက်ပြီး
သာမန်လူတစ်ယောက်ရဲ့အိပ်ချိန်က
တစ်ရက်ကို 7 နာရီဖြစ်ပါတယ်။ 💤
သင့်မှာရောတစ်နေ့ကို
လုံလောက်တဲ့အိပ်စက်ချိန်ရှိရဲ့လား?
အပေါ်ယံကြည့်မယ်ဆိုရင်
"အိပ်ရေးဝဝအိပ်ပါ” ဆိုတဲ့
အဖြေကရိုးစင်းလွန်းပေမယ့်
တကယ်တမ်းတော့အရေးကြီးဆုံးဖြစ်ပါတယ်။
▂▂▂▂▂
အိပ်စက်ခြင်းရဲ့တန်ဖိုးကို
Arianna Huffington က
“How to succeed? Get more sleep” ဆိုတဲ့ခေါင်းစဉ်နဲ့ TED talk show မှာပြောကြားခဲ့ပါတယ်။
သူမ က Thrive Global Company ရဲ့ CEO ၊
The Huffington Post ရဲ့ cofounder ဖြစ်ပြီး
သူမကိုယ်ပိုင်စာအုပ် 15 အုပ်ထုတ်ဝေခဲ့ပြီးတဲ့
ဂရိ-အမေရိကန် စာရေးဆရာမတစ်ဦး
လည်းဖြစ်ပါတယ်။
▂▂▂▂▂
Huffington ကအိပ်စက်ခြင်းရဲ့
တန်ဖိုးကြီးမားပုံကို သူမအတွက်
ခက်ခဲတဲ့နည်းလမ်းနဲ့သိခဲ့ရတယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခွဲခန့်က
သူမဟာ အိပ်စက်ချိန်နည်းပါးလွန်းသောကြောင့်
ပင်ပန်းနွမ်းနယ်လွန်းပြီး
မူးမေ့လဲကျခဲ့ပါတယ်။
ဒီ accident ကြောင့်
သူမဦးခေါင်းထိခိုက်ခဲ့တယ်။
ပါးရိုးကျိုးသွားခဲ့ပြီး
မျက်လုံးအပေါ်မှာငါးချက်ချုပ်ခဲ့ရပါတယ်။
ဒီထိခိုက်မှုကပဲ
သူမရဲ့အိပ်စက်ခြင်းကို
လေ့လာတဲ့ခရီးအစဖြစ်စေခဲ့တာပါ။
အိပ်စက်ခြင်းကိုလေ့လာဖို့အတွက်
ဆေးပညာရှင်တွေ
ဆရာဝန်တွေ သိပ္ပံပညာရှင်တွေနဲ့
တွေ့ဆုံခဲ့ပြီးနောက်မှာတော့
အဖြေတစ်ခုကို သူမရရှိခဲ့ပါတယ်။
ဒါကတော့
ပိုပြီးတက်ကြွပျော်ရွှင်စေတဲ့
ပိုပြီး productive ဖြစ်စေတဲ့ဘဝရဲ့
အဓိကသော့ချက်က
“အိပ်စက်ခြင်း” ပဲဖြစ်တယ်လို့
သူမကဆိုပါတယ်။ 🔑
▂▂▂▂▂
ပုံမှန်အိပ်စက်ချိန်ရှိဖို့က
တခါတရံထင်သလောက်မလွယ်ကူပါဘူး။
ညညအိပ်မပျော်နိုင်တဲ့ရောဂါ
(insomnia)ဖြစ်လာနိုင်ပြီး
Healthy lifestyle ကိုပျက်စီးစေပါတယ်။
အိပ်ပျော်စေဖို့
ဆေးဝါးတွေအမြဲသုံးစွဲနေခြင်းကလည်း
သင့်ကိုကျန်းမာရေးပြဿနာတွေ
ရှိလာနိုင်စေပါတယ်။ ❌
ဒါကြောင့် မိမိနေထိုင်မှုပုံစံကိုပြောင်းလဲပြီး အိပ်ရေးဝဝအိပ်ပါ။ ✅
▂▂▂▂▂
အလုပ်ကိုအလွန်အကျွံလုပ်ပြီး
အိပ်စက်အနားယူမှုနည်းတာဟာ
ဖယောင်းတိုင်ကိုအစွန်းနှစ်ဖက်ကနေ
လောင်ကျွမ်းနေစေသလိုပါပဲ။
အိပ်ချိန်မလုံလောက်တဲ့အတွက်
အလုပ်ကိုအာရုံစူးစိုက်မှုနည်းပါးပြီး
စိတ်တိုလွယ်လာပါလိမ့်မယ်။
အချိန်ကြာလာတာနဲ့အမျှ
depression ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် သင်ကြိုးစားသမျှ
👉🏼ပိုပြီးအရာထင်စေဖို့
👉🏼ပိုပြီးအာရုံစူးစိုက်နိုင်စေဖို့
👉🏼ဖန်တီးမှုတွေကောင်းစေဖို့
👉🏼အကြံညဏ်တွေထွက်ပေါ်လာစေဖို့
👉🏼မိမိဘဝကို enjoy ဖြစ်စေဖို့
ပုံမှန်အိပ်စက်ချိန်ရှိပါစေ
“Everything you do, you’ll do better with a good night’s sleep”- Arianna Huffington
“သင်လုပ်သမျှအရာအားလုံးကို ညတစ်ညရဲ့ကောင်းမွန်တဲ့အိပ်စက်ခြင်းနဲ့ဆို
ပိုပြီးကောင်းကောင်းစွမ်းဆောင်နိုင်ပါလိမ့်မယ်”
▂▂▂▂▂
ဒီ TED Talk လေးကို ဒီတစ်ပတ်အတွက် ကြည့်ရှုသင့်တဲ့ TED Talk အဖြစ် 12min Notes မှ recommend လုပ်ပါတယ်။
မူရင်း TED Talk ကို အောက်က link လေးနှိပ်ပြီး တိုက်ရိုက်သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Arianna Huffington TED Talk Link:
https://www.ted.com/talks/arianna_huffington_how_to_succeed_get_more_sleep
[Author - May Dae]
ဒီ Post လေးကို သဘောကျတယ်ဆိုရင် နောက်ထပ် ဒီလိုမျိုးအကျိုးရှိတဲ့အရာတွေ ထပ်တင်ပေးနိုင်အောင် ဒီ Post လေးကို Like & Share လုပ်ပေးခဲ့ဖို့ တောင်းဆိုပါတယ်။
#12minNotes #TED #review
❌ 12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။ ❌
Author : 12min Notes Myanmar