12min Notes Myanmar
The Psychology of Money - Morgan Housel
The Psychology of Money - Morgan Housel
ကိုယ်ပိုင်ဝင်ငွေကို အကျိုးရှိရှိအသုံးချတတ်စေဖို့ လမ်းညွှန်ပေးထားတဲ့ “𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐨𝐟 𝐌𝐨𝐧𝐞𝐲” စာအုပ်ထဲက Key Idea (5) ခု
ငွေကို အရင်ထက်ပိုပြီး သုံးစွဲတတ်စေဖို့နဲ့ ချမ်းသာကြွယ်ဝမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေဖို့အတွက် နည်းလမ်းကောင်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်အကြောင်း ပြောပြပေးသွားပါမယ်။
အဲဒီစာအုပ်ကတော့ စာအုပ်ပေါင်း ၃ မီလီယံကျော်ထိ ရောင်းချထားခဲ့ရပြီး ဘာသာစကား ၅၃ မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခြင်းခံထားခဲ့ရတဲ့ “The Psychology of Money” ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
ဒီစာအုပ်ကို ရေးသားထားသူကတော့ American Business Editors and Writers အဖွဲ့အစည်းမှ ပေးအပ်တဲ့ Best in Business Award ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိထားသူဖြစ်တဲ့အပြင် New York Times Sidney Award ကိုလည်း ရရှိထားတဲ့ “Morgan Housel” ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်ကတော့ ငွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ဘယ်လိုထိန်းသိမ်းသုံးစွဲရမလဲဆိုတာကို လေ့လာစမ်းသပ်မှုတွေ၊ ပြင်ပဥပမာတွေနဲ့ ရှင်းလင်းရေးသားထားတာပဲ ဖြစ်ပါတယ်။
❤️❤️❤️
၁။ ချမ်းသာကြွယ်ဝမှုကို ခံစားချင်ရင် ရေရှည်အတွက် စဉ်းစားပြီး ငွေနဲ့ အချိန်ကိုရင်းနှီးမြှုပ်နှံပါ။ အချိန်ဟာ ချမ်းသာမှုကို ယူဆောင်ပေးမယ့် အဓိကအားအကြီးဆုံးအရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝအောင် လုပ်ရတာထက် ချမ်းသာမှုကို ဆက်ထိန်းထားနိုင်ဖို့က ပိုခက်ခဲပါတယ်။ ဒါကြောင့် ချမ်းသာမှုကို ဆက်လက်ထိန်းထားနိုင်ဖို့ဆိုရင် ငွေကို စုဆောင်းတတ်ဖို့ လိုပါတယ်။
၂။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာလည်း စွန့်စားမှု အရမ်းကြီးမားတဲ့အခြေအနေတွေ၊ စိတ်လက်မာန်ပါ အခြေအနေတွေကို ရှောင်ရှားတာက အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
၃။ ကံကောင်းခြင်းရဲ့ အခန်းကဏ္ဍကို နားလည်ထားဖို့လိုပါတယ်။ အကောင်းနဲ့အဆိုးဟာ အမြဲဒွန်တွဲနေတာ ဖြစ်ပါတယ်။ ကံကောင်းပြီး ငွေများများရတာလည်း ရှိနိုင်သလို ငွေတွေဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ကိုယ့်ရဲ့ထိန်းချုပ်မှုပေါ်မှာ မမူတည်ဘူးဆိုတာ သတိပြုထားဖို့ လိုပါတယ်။
၄။ ကိုယ်က ချမ်းသာခြင်းကို ဘယ်လိုခံယူထားလဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ်တိုင်က အရမ်းကြွယ်ဝမချမ်းသာချင်ပေမဲ့ သူများတွေကို ကြွားချင်လို့၊ သူများတွေ အထင်ကြီးလေးစားတာ ခံချင်လို့ ကြွယ်ဝချင်တာလားဆိုတာကို သိအောင်လုပ်ပါ။ တကယ်လို့ သူများလေးစားတာ တကယ်ခံချင်တယ်ဆိုရင် သနားကြင်နာတတ်မှု၊ စာနာတတ်တဲ့ စိတ်ထား စတာတွေ ရှိအောင် နေထိုင်တာက ပိုကောင်းပါတယ်။
၅။ ကိုယ်စီစဉ်ထားသလို မဖြစ်ဘဲ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်နားလည်ထားပြီး အဲဒီအတွက် အစီအစဉ်တွေဆွဲထားရပါမယ်။ ဒီလိုပြဿနာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်း၊ ပြဿနာကို ပြေလျော့စေနိုင်မယ့်နည်းလမ်း စတာတွေကို ကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေဆွဲထားဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ငွေရေးကြေးရေးပြဿနာတွေကို လျော့ကျစေနိုင်ပါတယ်။
ဒီအချက် (၅) ချက်က ငွေရေးကြေးရေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်လို့ ပြောနိုင်လောက်တဲ့ “The Psychology of Money” စာအုပ်ထဲက အဓိကအချက်တွေ ဖြစ်ပါတယ်။
❗ဖတ်ရှုပြီး စာဖတ်သူအတွက် အကူအညီရမယ်လို့ မျှော်လင့်ပါတယ်။
❤️ 12min Notes Myanmar မှာတင်တဲ့ အကြောင်းအရာလေးတွေကို သဘောကျတယ်ဆိုရင် လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌
#12minNotesMyanmar #Books #BookReviews
Disclaimer: 12min Notes Myanmar shares reviews and recommendations of international best-selling books for Burmese people for educational purposes only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.
Author : 12min Notes Myanmar