12min Notes Myanmar

The Mountain Is You - Brianna Wiest

img

The Mountain Is You - Brianna Wiest

📚𝗧𝗵𝗲 𝗠𝗼𝘂𝗻𝘁𝗮𝗶𝗻 𝗶𝘀 𝗬𝗢𝗨 : 𝗕𝗿𝗶𝗮𝗻𝗮 𝗪𝗶𝗲𝘀𝘁


ဒီစာအုပ်လေးဟာ စာဖတ်သူအများကို နှစ်သိမ့်မှုနဲ့ အားအင်သစ်တွေပေးနိုင်တယ်လို့ နာမည်ကြီးပြီး သူငယ်ချင်းတစ်ယောက်က သင့်ကို အကြံဉာဏ်တွေပေးနေသလိုမျိုး ခံစားရစေမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။


🗨️ စာအုပ်ရဲ့ အဓိက အကြောင်းအရာကတော့ သင့်ရဲ့ နေသားကျပြီးသား နည်းလမ်းတွေနဲ့ အကျင့်တွေကို ဘယ်လိုမျိုး ပြောင်းလဲရမလဲဆိုတာ၊ သင်လိုချင်တဲ့ အနာဂတ်ကို ရရှိနိုင်ဖို့  ဖြတ်ကျော်ရမယ့် အကြီးမားဆုံးသော အခက်အခဲက သင်ကိုယ်တိုင်ပဲဆိုတာကို ဖော်ပြရင်း သင့်ကို အားအင်သစ်တွေ ဖြစ်လာစေဖို့အတွက် နှစ်သိမ့် တိုက်တွန်းထားတဲ့ ပုံစံမျိုးပါ။


ဒီနေ့မှာတော့ “The Mountain is You” စာအုပ်ထဲက မှတ်သားစရာကောင်းတဲ့ အားပေးတိုက်တွန်းစကားလေး (၁၀) ခုကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🫶🏻❗


☘️(၁)

“တစ်ကြိမ်တည်းနဲ့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားဖို့ မဖြစ်နိုင်ပါဘူး။ စစ်မှန်တဲ့ အပြောင်းအလဲဆိုတာက အသေးအဖွဲလေးတွေကနေပဲ စတင်ပါတယ်။”


☘️(၂)

“သင့်ရဲ့ဘဝကို ပြောင်းလဲလိုတယ်ဆိုရင် သင့်ရဲ့တွေးခေါ်ပုံနည်းလမ်းကို ဦးဆုံးပြောင်းလဲရုံကလွဲလို့ အခြားနည်းလမ်းမရှိပါဘူး။”


☘️(၃)

“လိုချင်တဲ့ အနာဂတ်ဆီ လျှောက်လမ်းနေတဲ့အခါ သင်ရရှိလာမယ့် ဘဝသစ်အတွက် ဘဝဟောင်းကိုတော့ ချန်ထားခဲ့ရပါလိမ့်မယ်။ သင့်ရဲ့ Comfort Zone ဟာလည်း ပျောက်ပျက်သွားမှာပါ။ ဘယ်ဦးတည်ရာက သင့်နဲ့ အကိုက်ညီဆုံးလဲ ဝေခွဲမရနိုင်ဘဲ တစ်ခဏတာတော့ မရေမရာ ဖြစ်နေပါလိမ့်မယ်။


သင်ရဲ့ အပေါင်းအဖော်တွေ၊ ဆက်ဆံရေးတွေနဲ့လည်း ဝေးကွာသွားနိုင်သလို၊ သင့်ကို မနှစ်သက်တော့သူတွေ၊ နားမလည်နိုင်တော့သူတွေလည်း တဖြည်းဖြည်း ပေါ်လာမှာပါ။ ဘယ်အရာကို သင့်အတွက် အရေးပါဆုံးအရာအဖြစ် ဦးစားပေးမယ်ဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။”


☘️(၄)

“သင်နဲ့အချိန်အများဆုံးရှိနေသူတွေက သင့်ကို လူမျိုးစုံဖြစ်လာအောင် ပုံသွင်းပေးနိုင်ပါတယ်။ ဒါကြောင့် သင် အချိန်ပေးမယ့်သူတွေကို အကောင်းဆုံး ရွေးချယ်ဖို့လိုပါတယ်။”


☘️(၅)

“သင်ရဲ့ ဘဝဟာ သင်ယုံကြည်ထားတဲ့အတိုင်းပဲ ပုံပေါ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ သူတို့ ယုံကြည်ထားတဲ့အတိုင်းပဲ လုပ်ဆောင်တတ်ရိုး ရှိလို့ပါပဲ။”


☘️(၆)

“အချိန်တိုင်းမှာ ပျော်ရွှင်ချင်နေတာက ယုတ္တိမတန်ပါဘူး။ အချိန်တိုင်းမှာ ပျော်ရွှင်ချင်နေတာက သင့်ကို တကယ်တမ်း  ပျော်ရွှင်လာစေမယ့် အဖြေမဟုတ်ဘဲ သင့်ကို မပျော်မရွှင်ဖြစ်စေတဲ့ အဓိက ပြဿနာပါ။”


☘️(၇)

“နာကျင်မှုတွေကို အမြဲတမ်းရှောင်ကွင်းနေဖို့တော့ မဖြစ်နိုင်တာ အမှန်ပါ။ဒါပေမယ့် သင်ကိုယ်တိုင်နဲ့ သင့်အတွက် တကယ်အရေးကြီးတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားနိုင်မယ်ဆိုရင်တော့ နာကျင်မှုတော်တော်များများဟာ သင့်ကို သူတို့လိုသလို ဖျက်ဆီးပစ်ဖို့ မစွမ်းနိုင်ပါဘူး။”


☘️(၈)

“ဘယ်တော့မှ ထပ်ပြီးမရင်ဆိုင်ချင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရချိန်မှာ စိတ်ပျက်အားငယ်မှုတွေကို နေရာပေး၊ လမ်းပျောက်ခံလိုက်တဲ့အခါ ပိုဆိုးတဲ့ အခြေအနေတွေဆီမှာပဲ တဝဲလည်လည် အဆုံးသတ်သွားတယ်ပါတယ်။


အနားယူပြီး ကုစားဖို့ အချိန်ပေးတာ၊ တစ်ဖန် ပြန်စတင်ပြီး ပြုပြင်ဖို့ ကြိုးစားတာ၊ ကြုံတွေ့ခဲ့ရသမျှကို သင်ယူနိုင်တာ၊ ရှေ့မှာ ရင်ဆိုင်လာရမယ့် အခက်အခဲတွေအတွက် သင်ယူကြီးပြင်းလာနိုင်တာကမှ သင့်ကို ပိုကောင်းတဲ့ အခြေအနေတွေဆီ ခေါ်ဆောင်ပေးသွားနိုင်မယ့် အဆင့်တွေပါပဲ။”


☘️(၉)

"အကွဲအပြဲတွေ၊ အမှားအယွင်းတွေ၊ ကွာဟချက်နဲ့ သင်ခန်းစာတွေမရှိဘဲ သင်ယူကြီးပြင်းလာနိုင်စရာ မရှိပါဘူး။”


☘️(၁၀)

“ Self-love ခရီးဟာ သင်ဘယ်လိုမှ မပျော်ရွှင်ရတဲ့ ဘဝတစ်ခုကို ဆက်ပြီး လက်မခံတော့တဲ့ အခိုက်အတန့်မှာပဲ စတင်ပါတယ်။”


☝🏻အခုပြောပြပေးသွားတဲ့ အကြောင်းအရာလေးတွေကတော့  “The Mountain is You” စာအုပ်ထဲက အားပေးတိုက်တွန်းစကားလေးအချို့ပဲ ဖြစ်ပါတယ်။


❗ဖတ်ရှုပြီး စာဖတ်သူအတွက် အကူအညီရမယ်လို့ မျှော်လင့်ပါတယ်။


𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှာတင်တဲ့ အကြောင်းအရာလေးတွေကို သဘောကျတယ်ဆိုရင် လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌


Disclaimer: 12min Notes Myanmar shares reviews and recommendations of international best-selling books for Burmese people for educational purposes only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.


Author : 12min Notes Myanmar

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : [email protected]

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright © 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.