12min Notes Myanmar

The 5AM Club - Robin Sharma

img

The 5AM Club - Robin Sharma

📖 𝐓𝐡𝐞 𝟓 𝐀𝐌 𝐂𝐥𝐮𝐛 𝐁𝐲 𝐑𝐨𝐛𝐢𝐧 𝐒𝐡𝐚𝐫𝐦𝐚


ဒီစာအုပ်လေးကတော့ တစ်နေ့တာမှာ Productive ဖြစ်ချင်သူတွေအတွက် အားဆေးတစ်ခွက်ဖြစ်ပေးမယ့် စာအုပ်တစ်အုပ်ပါပဲ။ The Monk Who Sold His Ferrari (မြန်မာပြန် − ဖာရာရီလမ်းခွဲ) စာအုပ်နဲ့ လူသိများတဲ့ စာရေးဆရာ Robin Sharma ရဲ့ စာအုပ်တစ်အုပ်ဆိုရင်လည်း မှန်ပါတယ်။


သူ့ရဲ့ သွက်လက်တဲ့စာရေးပုံကြောင့် စိတ်ဝင်စားဖို့လည်းကောင်း၊ အင်အားလည်းဖြစ်စေမယ့်  𝐓𝐡𝐞 𝟓 𝐀𝐌 𝐂𝐥𝐮𝐛 စာအုပ်ထဲက Morning Routine အဆင့် (၃) ဆင့်ကို ပြောပြပေးလိုက်ပါတယ်။


〽️

(၁) မနက် ၅ နာရီဟာ တစ်နေ့တာမှာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။


တစ်ကြိမ်လောက်ပဲဖြစ်ပါစေ။ ကျွန်တော်တို့အားလုံး မနက်ခင်းအစောကြီးမှာ နိုးထလာဖူးကြမှာပါ။ ဒီလိုနိုးထလာလာချင်းမှာ အိပ်ခန်းပြတင်းပေါက်ဆီ လျှောက်သွားပြီး မနက်ခင်း လေညင်းကို ရှူရှိုက်ဖူးပါသလား?


အံ့ဩလောက်စရာကောင်းတဲ့ တည်ငြိမ်အေးချမ်းမှုကို သင့်ရဲ့ စိတ်ထဲခံစားရမှာ ဖြစ်ပါတယ်။ ဘယ်လို

အာရုံထွေပြားမှုမှလည်း သင့်ရဲ့‌ ခေါင်းထဲကို မဝင်ရောက်လာနိုင်သေးတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့အတွေးတွေက ဖြောင့်တန်းနေပြီး အရာအားလုံးက ရှင်းလင်းနေပါတယ်။


⏱️မနက် ၅နာရီမှာ ထဖို့ ကြိုးစားကြည့်ပါ။


နိုးနိုးချင်း ဆိုရှယ်မီဒီယာ ဖွင့်မကြည့်ပါနဲ့။ အဲံ့ဒီအစား လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ အကြောလျှော့တာပဲဖြစ်ဖြစ် လုပ်ရင်း…လှုပ်လှုပ်ရှားရှား နေကြည့်ပါ။ ကျန်တဲ့ တစ်နေ့တာလုံးအတွက် သင့်ရဲ့ ခန္ဓာကိုယ်မှာရော၊ စိတ်မှာရော ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိပါလိမ့်မယ်။


〽️

(၂) ထိပ်ဆုံး ၅ ရာခိုင်နှုန်းလို ပြုမူပါ။


နယ်ပယ်အသီးသီးမှာ ထိပ်ဆုံးအောင်မြင်သူ ၅ ရာခိုင်နှုန်းထဲပါချင်ရင် ကျန်တဲ့လူ ၉၅ ရာခိုင်နှုန်းလို ပြုမူနေတာကို ရပ်လိုက်ရမယ်လို့ Robin က ဆိုပါတယ်။


မနက်ခင်းမှာ Alarm မြည်လာတယ်။ ပိတ်ပြီး ပြန်အိပ်တယ်။ အချိန်မရှိတော့တဲ့အခါမျိုးမှ ကပ်ပြီး နိုးလာတယ်။ အပြင်ထွက်ဖို့ အလျင်စလို ပြင်ဆင်ရမယ်။ စိတ်မကြည်လင်ဖြစ်နေမယ်။ ဒီအခါ လုပ်သမျှအရာရာကပါ အဆင်မပြေတော့ဘူး…ဒါက သာမန်လူတစ်ယောက်ရဲ့ တစ်နေ့တာပါပဲ။


မနက် ၅ နာရီထတယ်ဆိုတာဟာ သင့်ရဲ့ ဦးနှောက်အတွက် အားသာချက်တစ်ခု ပေးစွမ်းနိုင်လိုက်ခြင်းပါ။ ဒါဟာ အကြောင်းအရင်းမဲ့ တိုက်တွန်းမှုမဟုတ်ဘဲ သိပ္ပံနည်းကျ သက်သေပြထားနိုင်တဲ့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်တည်မှု အချက်တစ်ချက် ဖြစ်ပါတယ်။


ကျွန်တော်တို့ဟာ တခြားလူတွေနဲ့ ထင်တာထက် ပိုပြီးနီးကပ်ပြီး ပိုပြီးဆင်တူပါတယ်။  ကိုယ့်ကိုယ်ကိုယ် ဘယ်သူနဲ့မှမနီးစပ်တဲ့ သီးခြားဖြစ်တည်မှုတစ်ခုလို ခံစားနေရတာကို လျှော့ချဖို့ ကြိုးစားကြည့်ပါ။


〽️

(၃) 20/20/20 နည်းလမ်းကို ကျင့်သုံးပါ။


အကယ်၍ သင်ရဲ့ဘဝကို လက်တွေ့ကျကျ တိုးတက်အောင်လုပ်ဖို့ အသင့်ဖြစ်ပြီဆိုရင် မနက် ၅ နာရီ Morning Routine လေးက စတင်ဖို့ နေရာကောင်းတစ်ခုပါ။


ဒါပေမယ့် မနက် ၅ နာရီမှာ မျက်လုံးပွင့်လာပြီး အိပ်ရာထဲမှာ လူးလှိမ့်၊ ဆိုရှယ်မီဒီယာကြည့်နေမယ်ဆိုရင်လည်း မဟုတ်သေးဘူးပေါ့ခင်ဗျာ 🫠 အဲ့ဒီအစား 20/20/20 ဆိုတဲ့ နည်းလမ်းလေးကို ကျင့်သုံးကြည့်ပါ။


▪️ လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၂၀


နိုးလာလာချင်း ခဏမှာ ချွေးအနည်းငယ် စို့သွားအောင် လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ Cortisol ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့နည်းသွားစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတာကြောင့် အတွေးစတွေကိုလည်း ပိုပြီး သွက်လက်စေမှာပါ။


▪️ Reflection လုပ်ဖို့ မိနစ် ၂၀


မနက် ၅ နာရီဟာ Self-Reflection လုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ 


တရားထိုင်တာလည်း လုပ်လို့ရသလို၊  တခြားသော ဒိုင်ယာရီ ထိုင်ရေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် - ဘာတွေ လုပ်ချင်သလဲ၊ ဘာတွေ ပြင်ဆင်ချင်သလဲ၊ ဘယ်သူတွေကို ပိုဂရုစိုက်ပေးချင်လဲ၊ ဘယ်သူတွေကိုတော့ ဘယ်လို Boundaries တွေ ခြားသင့်သလဲ စသဖြင့် ကိုယ်ပိုင်အတွေးတွေကို ချရေးပြီး ပြုစုတာမျိုးလည်း လုပ်ကြည့်နိုင်ပါတယ်။


▪️ သင်ယူဖို့ မိနစ် ၂၀


နောက်ထပ် မိနစ် ၂၀ မှာတော့ သင်ယူတာအတွက် အချိန်ပေးဖို့ ပြောပါတယ်။ အဓိကကတော့ သင့်ရဲ့ ဦးနှောက်ကို အလုပ်ပေးဖို့ပါပဲ။ 


ဥပမာအားဖြင့် - စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ အင်တာနက်မှာ ဟင်းချက်နည်းတစ်ခုခုရှာပြီး မနက်စာကို ကိုယ်တိုင် စမ်းလုပ်ကြည့်တာပဲဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက်နဲ့ သင်ယူလက်စ စာတွေ လုပ်တာမျိုးပါ။


ကျန်တဲ့တစ်နေ့တာအတွက်တော့ သင်ယူခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းကို မမေ့လျော့ထားဖို့ ပြောပါတယ်။


▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃


အခုပြောပြပေးသွားတာကတော့ တစ်နေ့တာမှာ Productive ဖြစ်ချင်သူတွေအတွက်  𝐓𝐡𝐞 𝟓 𝐀𝐌 𝐂𝐥𝐮𝐛 စာအုပ်က ပြောပြပေးထားတဲ့ Morning Routine အဆင့်  (၃) ဆင့် ဖြစ်ပါတယ်။


❗အကြောင်းအရာလေးက အကူအညီလည်းဖြစ်၊ သဘောကျစရာလည်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။


12min Notes Myanmar မှာတင်တဲ့ အကြောင်းအရာလေးတွေကို သဘောကျတယ်ဆိုရင် လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌


#12minNotesMyanmar #Books #BookReviews


Disclaimer: 12min Notes Myanmar shares reviews and recommendations of international best-selling books for Burmese people for educational purposes only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.

Author : 12min Notes Myanmar

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : [email protected]

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright © 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.