12min Notes Myanmar

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition

img

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition

img 12min Notes Myanmar (Admin)

What's in this package?

📌 လူတွေရဲ့အာရုံကို စုပ်ယူဖမ်းစားပြီး ဝယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်အားကောင်းတဲ့ Social Media Ads တွေ ဖန်တီးဖို့ ရုန်းကန်နေရလား?

📌 Social Media မှာ ကြော်ငြာအသစ် ဖန်တီးဖို့လိုလာတိုင်း screen ဗြောင်ကြီးကို ထိုင်ကြည့်ပြီး ခေါင်းစားနေရလား?

📌 Customer တွေ မဝယ်ခင်ဘာတွေးနေကြလဲဆိုတာကို သူတို့ခေါင်းထဲဝင်ကြည့်ရတဲ့အလား ဒက်ခနဲသိပြီး သူတို့လိုချင်တာတွေကို (ကလေးကို သကြားလုံးရောင်းသလိုမျိုး) လွယ်လွယ်ကူကူ ရောင်းနိုင်ချင်လား?

📌 ငွေထပ်သုံးဖို့မလိုဘဲ ကြော်ငြာစာသား၊ ပြောဆိုပုံ နည်းနည်းပြောင်းလိုက်ရုံနဲ့ Customer နဲ့ Sales တွေ ပိုများများ ရလာချင်လား?


သင် ဒီမေးခွန်း (၄) ခုကို စိတ်ထဲမှာ YES လို့ဖြေမိနေပြီဆိုရင်တော့ ဒီ Post ကိုလည်း ဆက်ဖတ်ချင်ပါလိမ့်မယ်။👇🏻

ဘာကြောင့်လဲဆိုတော့ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အတွက် အထူးသီးသန့် ပြင်ဆင်ဖန်တီးပေးထားတာဖြစ်လို့ပါ။

4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အနေနဲ့ ကြော်ငြာရေးနည်းတွေ၊ Consumer Psychology တွေကို မလေ့လာဖူးရင်တောင်မှ ကိစ္စမရှိဘဲ... လူတွေရဲ့အာရုံကို စုပ်ယူဖမ်းစားပြီး ဝယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်နိုင်မယ့် Social Media Ads တွေ Contents တွေ ဖန်တီးနိုင်အောင် ထိထိရောက်ရောက် ကူညီပေးပါလိမ့်မယ်။🔥

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က နယ်နယ်ရရ လုံးဝမဟုတ်ပါဘူး။

👉🏻 12min Notes Myanmar အပါအဝင် မတူညီတဲ့ Industry တွေက စီးပွားရေးလုပ်ငန်း (၇) ခုမှာ Social Media ကြော်ငြာစရိတ်သီးသန့် $93,358 ကျော် သုံးစွဲခဲ့ပြီးတဲ့ အတွေ့အကြုံ၊ အမှား၊ သင်ခန်းစာတွေ၊ စဥ်းစားတွေးခေါ်ပုံတွေနဲ့ လက်တွေ့အလုပ်ဖြစ်နေတဲ့နည်းလမ်းတွေအပေါ် အခြေခံထားရုံမကဘဲ…

👉🏻 စုစုပေါင်း $1,500 ကျော်ပေးရတဲ့ နိုင်ငံခြားက Marketing, Advertising, Copywriting, Applied Psychology Courses တွေထဲက အသိပညာ အဆီအနှစ်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားတဲ့ Final Product တစ်ခုဖြစ်ပါတယ်။

👉🏻 ဒါ့အပြင် ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) တစ်ခုလုံး ဖန်တီးနိုင်ဖို့အတွက် ၂၀၂၄ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လတိတိ − နာရီပေါင်း ၁၀၀၀ ကျော် အချိန်ယူ ဖန်တီးခဲ့ရပါတယ်။

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) ကို လေ့လာပြီးသွားရင် ထိရောက်မှုအား အရမ်းကောင်းပြီး သုံးလိုက်တဲ့ကြော်ငြာစရိတ်ထက် ပိုများတဲ့အကျိုးအမြတ် (တစ်နည်းအားဖြင့်) ROAS မြင့်မားတဲ့ Social Media Ads တွေကို သင်ကိုယ်တိုင် ဖန်တီးနိုင်လာပြီး ဝင်ငွေနဲ့ စီပွားရေးအမြတ်အစွန်းတွေ ပိုရလာပါလိမ့်မယ်။🔥

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အကယ်၍ သင်က −

👉 Boost နည်းနည်းလုပ်တိုင်း များများရောင်းရတဲ့ ကြော်ငြာကောင်းတွေ ဖန်တီးနိုင်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 (ဒေါ်လာစရိတ်တွေတိုးလာလို့) ငွေထပ်မသုံးတော့ဘဲ ကြော်ငြာစာသား၊ ပြောဆိုပုံ နည်းနည်းပြောင်းလိုက်ရုံနဲ့ Customer နဲ့ Sales တွေ ပိုများများ ရလာချင်တယ်ဆိုရင်

👉 Facebook™ အပြင် တစ်ခြား Social Media Platform တွေမှာပါ “Hit” ဖြစ်တဲ့ Content ကောင်းတွေ ပိုဖန်တီးချင်တဲ့ Creator/Influencer တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 တစ်ခြားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် Content, Copy ကောင်းကောင်းတွေ ဖန်တီးပေးပြီး ဝင်ငွေပိုကောင်းချင်တဲ့ “Freelance” Content Writer / Copywriter / Media Buyer တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 တင်လိုက်တဲ့ Sales Content တိုင်းပေါက်လွန်းလို့ အရင်ကထက် Client တွေ ပိုများများရလာချင်တဲ့ Advertising Agency Owner တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 (ဒါမှမဟုတ်) ဆန့်ကျင်ဖက်အနေနဲ့ Client တွေအတွက် Social Media ကြော်ငြာကောင်းတွေဖန်တီးပေးဖို့ အခက်တွေ့နေရလို့ ရှိရင်းစွဲ Client တွေပါ မဆုံးရှုံးသွားရအောင် ရုန်းကန်နေရတဲ့ Agency Owner တစ်ယောက် ဖြစ်တယ်ဆိုရင်

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အတွက် ကွက်တိ၊ အံကိုက်၊ Perfect ပါပဲ။ ✅

- - - - - - - - - - - - - - - - - - -

ရှေ့မဆက်ခင်မှာ ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းမိတ်ဆက်ပါရစေ။

ကျွန်တော့်နာမည် ကိုနေအောင်ပါ။

💎 Customer ပေါင်း 18,000 ကျော်နဲ့ ✨ 5-Star Review ပေါင်းထောင်ချီ ခိုင်ခိုင်မာမာရရှိထားပြီးတဲ့ 12min Notes Myanmar ရဲ့ Co-Founder ဖြစ်သလို Chief Product Architect ဖြစ်ပါတယ်။

ခဏနေရင် Consumer Research and Psychology ပေါ်အခြေခံထားတဲ့ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass ~ 2024) က ဘာကြောင့် သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အဆပေါင်းများစွာ တိုးတက်လာအောင် ကူညီပေးနိုင်လဲဆိုတာ သင်သိရပါတော့မယ်။

အဲဒါမတိုင်ခင် ဒီ Product ဖြစ်ပေါ်လာပုံ Story လေးကို အတိုချုပ်ပြောပြချင်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ 12min Notes Myanmar ကိုစတည်ထောင်ခဲ့သလို တစ်ခြားမိသားစုစီးပွားရေးလုပ်ငန်းတွေကိုလည်း ဈေးကွက်ထဲ ပိုမိုထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ Marketing, Advertising, Copywriting နဲ့ပတ်သက်ပြီး သင်ပေးတဲ့သင်တန်းတွေ အခုလောက် မပေါသေးပါဘူး။

မြန်မာဘာသာနဲ့လေ့လာလို့ရမယ့်သင်တန်းတွေလည်း မရှိသလောက်ပါပဲ။

အဲဒီတုန်းက အလုပ်အတွက် ကြော်ငြာကောင်းတွေဖန်တီးနိုင်ဖို့၊ Copywriting ကောင်းကောင်း ရေးတတ်ဖို့ ကျွန်တော့်မှာကိုးကားစရာ သင်တန်းတွေ၊ စာအုပ်တွေ မရှိခဲ့ပါဘူး။

ဒီတော့ Marketing, Advertising, Copywriting အတွက် Internet ပေါ်မှာ နေ့ရော ညပါ နာရီပေါင်းများစွာ surf လုပ် လိုက်ရှာပြီး ကိုယ့်ဘာသာ self-study လုပ်ခဲ့ရပါတယ်။

အရာရာ စမ်းတဝါးဝါးပါပဲ။

ဒေါ်လာ ၁၀၀ လောက်သုံးပြီး Customer တစ်ယောက်မှ မရခဲ့လိုက်တဲ့ ကြော်ငြာတွေလည်း လုပ်ခဲ့မိပါတယ်။😰

မြန်မာနိုင်ငံနဲ့ မကိုက်ညီတဲ့ Social Media Advertising သင်တန်းတွေလည်း ပိုက်ဆံအကုန်ခံပြီး တက်ခဲ့မိပါတယ်။😓

ကြော်ငြာရေးနည်း Formula တွေ၊ Framework တွေကို သေချာနားမလည်လို့ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေနဲ့ ဈေးကွက်အခွင့်အလမ်းတွေလည်း အများကြီးပါပဲ။😥

ဒါပေမယ့် အလျှော့မပေးခဲ့ဘူး။

👉 အလုပ်မဖြစ်ရင် ဘာကြောင့်မဖြစ်လဲ အဖြေရှာတယ်။

👉 အလုပ်ဖြစ်ရင် ဘာကြောင့်အလုပ်ဖြစ်လဲ အဖြေရှာတယ်။

👉 Copywriting, Marketing, Advertising, Consumer Psychology နဲ့ပတ်သက်ပြီး Free/Paid Resources တွေကို လက်လှမ်းမီသမျှ အကုန်လေ့လာခဲ့တယ်။

👉 နယ်ပယ်မတူတဲ့လုပ်ငန်းတွေအတွက် ကြော်ငြာတွေကို တစ်နေ့တစ်ခုနှုန်းနဲ့ ၂ နှစ် ဆက်တိုက်လုပ်ခဲ့တယ်။

လုပ်ငန်းအစပိုင်းမှာရခဲ့တဲ့အကျိုးအမြတ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထိကို Learning အတွက် ပြန်သုံးခဲ့တယ်။ (ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ Self-Education အတွက် သုံးခဲ့တဲ့ငွေတွေက Swift ကားတစ်စီးတောင် ဝယ်လို့ရနေလောက်ပါပြီ။)

ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ Copywriting, Marketing, Advertising, Consumer Psychology နဲ့ပတ်သက်ပြီး သင်ယူလေ့လာခဲ့တာတွေကြောင့် အခုချိန်မှာ လူတွေတကယ်လိုချင်မယ့် Product/Service တွေကို ဘယ်လိုကြော်ငြာရောင်းချရမလဲ နည်းနည်း ပိုသိလာတယ်။

လူတွေရဲ့ Buying Behaviour နဲ့ Psychology တွေကို နည်းနည်း ပိုနားလည်လာတယ်။

ကြော်ငြာတွေကို ဘယ်လိုဖန်တီးရင် လူတွေစိတ်ဝင်စားမလဲ၊ ဘယ်လိုရေးရင် လူတွေဖတ်ချင်မလဲ၊ ဘယ်လိုပြောရင် လူတွေနားထောင်မလဲ၊ Customer တွေ ဘာတွေစိုးရိမ်ပူပန်နေလဲ၊ အခုချက်ချင်းဝယ်ချင်လာအောင် ဘယ်လိုဆွဲဆောင်မလဲ ဆိုတာတွေကို နည်းနည်း ပိုနားလည်သဘောပေါက်လာတယ်။

ရလဒ်အနေနဲ့ အခုချိန်မှာတော့ ကြော်ငြာ ၉၀ ရာခိုင်နှုန်းက Positive ROAS (သုံးတဲ့စရိတ်ထက် ပိုများတဲ့အမြတ်ပြန်ရတာ) ဖြစ်နေပါပြီ။

🔥တချို့ကြော်ငြာတွေဆို ROAS 10-15X လောက် ရှိခဲ့ပါတယ်။ (ဆိုလိုတာက ၁ ကျပ်ဖိုးကြော်ငြာရင် အဲ့ဒီကြော်ငြာကနေ ၁၅ ကျပ်ဖိုး အမြတ်ပြန်ရတာပါ)

ကြော်ငြာ ၁၀ ခုဖန်တီးရင် ၉ ခုက Target Customer နဲ့ ကိုက်ညီပြီး သူတို့ဝယ်ချင်လာအောင် သေချာပေါက် ဆွဲဆောင်နိုင်တယ်ဆိုတဲ့ feeling က တော်တော်လေးကောင်းပါတယ်။✨

အဲဒီ feeling ကို ဘဝတူစီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ရစေချင်လာတယ်။

ဒါကြောင့် အခုကာလမှာ အရင်ကထက်ပိုပြင်းထန်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ခေါင်းကိုက်စရာတွေ ရင်ဆိုင်နေရတဲ့ ဘဝတူ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အသုံးတည့်အောင် ဖန်တီးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။

အခုလိုခက်ခဲတဲ့ကာလမှာ ကိုယ်ရောင်းနေတဲ့ Product/Service တွေကို လူတွေပိုဝယ်ချင်လာအောင်၊ ထပ်ကာထပ်ကာ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်မယ့် ကြော်ငြာကောင်းတွေ အလွယ်တကူ ဖန်တီးနိုင်လာအောင် ကူညီပေးချင်တယ်။

(အခုကျွန်တော်ဆက်ပြောမယ့်အကြောင်းအရာတွေက ၆ နှစ်အတွင်း Industry မတူတဲ့ လုပ်ငန်းအမျိုးအစား ၇ ခုအတွက် ကြော်ငြာပေါင်းထောင်ကျော်နဲ့ ကြော်ငြာစရိတ်သီးသန့် $93,358 ကျော်သုံးပြီး လုပ်ဆောင်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ပြောသွားမှာဖြစ်လို့ သင့်အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။)

အဲဒီအချိန်ကတည်းကစလို့ အလုပ်ဖြစ်တဲ့ ကြော်ငြာဖန်တီးနည်းတွေ၊ စဥ်းစားတွေးခေါ်နည်းတွေကို သေချာစုစည်းပြီး အချိန်ကုန်/ငွေကုန် သက်သက်သာသာနဲ့ မြန်မာလို ထိထိရောက်ရောက် လေ့လာအသုံးချနိုင်စေဖို့ Digital Product တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

အဲဒီ Product ကတော့ အခု “4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024)” ပါပဲ။🔥

- - - - - - - - - - - - - - - - - - -

သင်က ဒီအထိ စိတ်ဝင်တစား ဆက်ဖတ်နေပြီဆိုရင် သေချာတာက အခုပြောပြမယ့်အချက်တွေထဲက တစ်ချက် (ဒါမှမဟုတ်) တစ်ချက်ထက်ပိုတာနဲ့ ကိုက်ညီနေလို့ ဖြစ်တာ သေချာပါတယ်။

👉 သင့်ခေါင်းထဲမှာ အိုင်ဒီယာကောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါတွေကို လက်တွေ့အကောင်အထည်မဖော်နိုင်ဘူး။

👉 လုပ်ငန်းအတွက် ကြော်ငြာသစ်တွေလုပ်ဖို့ စိတ်ကူးကောင်းတွေရှိပေမယ့် ဒီစိတ်ကူးတွေကို စာလုံးတွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေအဖြစ် မပြောင်းလဲနိုင်ဘူးဖြစ်နေတယ်။

👉 ဈေးကွက်ထဲက တစ်ခြားလုပ်ငန်းတွေက ကြော်ငြာကောင်းတွေအများကြီးဖန်တီးပြီး ဝင်ငွေနဲ့ အကျိုးအမြတ်တွေ များများရနေတာကို မြင်ရလို့ သင်ကိုယ်တိုင်လည်း အဲဒီလိုလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချင်တယ်။

👉 ဝယ်သူတွေရဲ့စိတ်နှလုံးကို ထိထိမိမိ ဆွဲကိုင်ဖမ်းစားနိုင်ပြီး မဖတ်ရမနေနိုင် / မကြည့်ရမနေနိုင် / မဝယ်ရမနေနိုင်တဲ့ Social Media ကြော်ငြာကောင်းတွေ များများဖန်တီးနိုင်ချင်တယ်။

👉 လက်ရှိအလုပ်ဖြစ်နေတဲ့ကြော်ငြာတွေမှာ စာကြောင်းလေးတစ်ကြောင်း၊ စာပိုဒ်လေးတစ်ပိုဒ် ပြောင်းလဲလိုက်ရုံနဲ့ ထိရောက်မှု ၁၀ ဆ တိုးလာနိုင်တာကို လက်ခံယုံကြည်တယ်။

👉 လက်ရှိမှာ ကြော်ငြာအတွက် ပိုက်ဆံတွေအများကြီးသုံးနေရပေမယ့် ထိုက်သင့်တဲ့အကျိုးအမြတ် ပြန်မရလို့ အနည်းငယ်စိတ်ပင်ပန်းဖိစီးနေရတယ်။

👉 ထိရောက်တဲ့ Social Media ကောင်းတွေ ဖန်တီးနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့၊ လက်တွေ့ထိရောက်တဲ့ သင်တန်းတစ်ခုကို (ဒါမှမဟုတ်) ဆရာတစ်ဦးကို ရှာဖွေနေတယ်။ (လက်ရှိရှိနေတဲ့ သင်တန်းတွေ စာအုပ်တွေက ထိရောက်သင့်သလောက် မထိရောက်ဘူးလို့ ခံစားနေရတယ်။)

👉 Social Media ကြော်ငြာကောင်းတွေဖန်တီးဖို့ အချိန်တွေ၊ ငွေတွေ၊ လူအားအင်တွေ အများကြီးသုံးနေရပေမယ့် စိတ်တိုင်းကျတဲ့ ရလဒ်ကောင်းတွေ မရနိုင်သေးတာကို မချင့်မရဲဖြစ်နေရတယ်။

ဒီအချက်တွေ တစ်ခုခုနဲ့ ကိုက်ညီနေတယ်ဆိုရင် ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) က သင့်ကို အများကြီးကူညီပေးပါလိမ့်မယ်။✨

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ကနေ ဘာတွေမျှော်လင့်လို့ရမလဲ?

ဒီ Course ကို Copywriting, Psychology အခြေခံသိပ်မရှိတဲ့ ရိုးရိုးသာမန်လူတစ်ယောက် နားလည်သဘောပေါက်နိုင်လောက်တဲ့ထိ ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ဖန်တီးပေးထားပါတယ်။

အစကတော့ Facebook™ Ads တွေ ထိထိရောက်ရောက်ဖန်တီးနိုင်ဖို့အတွက် သီးသန့်ပြင်ဆင်ပေးထားတာပါ။ ✅

ဒါပေမယ့် ဒါကို Pre-Release Edition အဖြစ်ထုတ်ဝေပြီး လက်ရွေးစင် Customer တစ်စုကို ပေးဖတ်လိုက်ပြီးတဲ့နောက်မှာ ဒီ Course က Facebook™ Ads တွေတင်မကဘဲ Social Media Ads တွေ၊ Online/Offline Ads တွေ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ဖန်တီးနိုင်လောက်အောင်ထိ အထောက်အကူပြုပေးနိုင်ကြောင်း Feedback ကောင်းတွေ ရလိုက်ပါတယ်။ ✅

🔥မယုံနိုင်စရာကောင်းတာတစ်ခုက ဒီ Course ထဲမှာပါဝင်တဲ့ နည်းလမ်းတွေကပဲ 12min Notes Myanmar ကို Customer ဆယ်ဂဏန်းကနေ တစ်သောင်းရှစ်ထောင်ကျော် ရှိတဲ့အထိ ကူညီပေးနိုင်ခဲ့သလို တစ်ခြား Industry အသီးသီးက စီးပွားရေးလုပ်ငန်းတွေကိုလည်း လစဥ်သိန်းရာချီဝင်ငွေတိုးလာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ✅ (လက်တွေ့အသုံးတည့်စေတဲ့နည်းလမ်းတွေချည်းပဲဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။)

ဒီ Course ထဲမှာ "ကိုယ့်ရဲ့ဝယ်သူတွေကို ဘယ်လိုရှာဖွေမလဲ" ဆိုတဲ့ အခြေခံ Research အဆင့်ကနေ "ကိုယ်ရောင်းတဲ့အရာကို ဝယ်သူတွေ မရွေးဘဲမနေနိုင်၊ မဝယ်ဘဲမနေနိုင်အောင်" ဆွဲဆောင်အားကောင်းတဲ့ Social Media ကြော်ငြာတွေ ဖန်တီးနိုင်စေမယ့် အဆင့်မြင့် Technique တွေထိ ပါဝင်ပါတယ်။ ✅

ဒီ Course ထဲမှာပါတဲ့ နည်းလမ်းတွေ၊ Template တွေအားလုံးက ကျွန်တော်တို့ 12min Notes Myanmar မှာလည်း ဒီနေ့ထိ အသုံးဝင်နေဆဲ နည်းလမ်းတွေချည်းပဲဆိုတာ ထပ်ပြောချင်ပါတယ်။ ✅

ကျွန်တော်တို့ကိုယ်တိုင် အသုံးမချတဲ့၊ ကျွန်တော်တို့အတွက် အသုံးမဝင်တဲ့နည်းလမ်းတွေကို ဘယ်သောအခါမှ ဖန်တီးရောင်းချပေးမှာလည်း မဟုတ်ပါဘူး။ ❌

ကျွန်တော်တို့အတွက် လက်ရှိအသုံးဝင်နေဆဲ၊ အနာဂတ်မှာလည်း အသုံးဝင်နေမယ့် Marketing, Advertising, Copywriting နည်းလမ်းတွေချည်းပဲ အဆီအနှစ်ထုတ်ပြီး ထည့်သွင်းဖန်တီးပေးထားတာပါ။ 🔥

အခုဖတ်ပြီး အခုချက်ချင်း (နေ့တောင်မကူးဘဲ) အသုံးချလို့ရမယ့် နည်းလမ်းကောင်းတွေလည်း အများကြီးပါ။ 🔥

ခေါင်းစားတာသက်သာစေမယ့် "ကွက်လပ်ဖြည့်ရုံ" ကြော်ငြာရေးနည်း Template တွေလည်း အများကြီး ပါဝင်ပါဦးမယ်။ ✅

ဟုတ်ပြီ။

အခု သင့်ရဲ့အလုပ်၊ သင့်စီးပွားရေးလုပ်ငန်းရဲ့ လက်ရှိအခြေအနေကို စဥ်းစားကြည့်လိုက်ပါ။

📌 အခု ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရသလဲ?

📌 အခု ဘယ်နေရာတွေမှာ ရုန်းကန်နေရသလဲ?

📌 ထိရောက်တဲ့ Social Media ကြော်ငြာကောင်းတွေ မဖန်တီးနိုင်လို့ ကြုံနေရတဲ့ပြဿနာတွေရော ဘာတွေရှိလဲ?

📌 ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်ခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ကြော်ငြာစရိတ်တွေ ဘယ်လောက်များနေပြီလဲ?

📌 အချိန်တွေ၊ လူအင်အားတွေရော ဘယ်လောက်ကုန်ခဲ့ပြီလဲ?

သင့်အကြောင်း သေချာမသိပေမယ့် ကျွန်တော်သာ ထိရောက်တဲ့ Social Media Ads တွေ မဖန်တီးနိုင်ခဲ့ရင် အချိန်တွေ လပေါင်းများစွာ အလဟဿကုန်ခဲ့ရမှာဖြစ်သလို ကြော်ငြာစရိတ်နဲ့ ရသင့်တဲ့အကျိုးအမြတ်တွေလည်း သိန်းရာပေါင်းများစွာ လက်လွတ်ဆုံးရှုံးခဲ့မှာ အသေအချာပါပဲ။

ဒါဆိုရင်...

အခု သင့်သာ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ထဲက နည်းလမ်းတွေကို လေ့လာအသုံးချနိုင်ပြီး ထိရောက်တဲ့ Social Media ကြော်ငြာတွေကို လွယ်လွယ်ကူကူ၊ မပင်မပန်း ဖန်တီးနိုင်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

ဒီ Course ထဲက ထိရောက်တဲ့နည်းလမ်းတွေ၊ အကြံပြုချက်တွေနဲ့ ကွက်လပ်ဖြည့်ရုံ အဆင်သင့်သုံး Template ကောင်းတွေကြောင့် ထိရောက်တဲ့ကြော်ငြာတွေဖန်တီးဖို့ လုံးဝ ရုန်းကန်စရာ၊ ခေါင်းစားစရာ မလိုတော့ပါဘူး။

✅ ကြော်ငြာကောင်းတွေ အလွယ်တကူ စဥ်းစားနိုင်လာမယ်။🔥

✅ ကြော်ငြာကောင်းတွေကို စာသားနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်ဖုံ Online/Offline အမျိုးစုံ ဖန်တီးနိုင်လာမယ်။🔥

✅ ကိုယ်တိုင်အစအဆုံးမလုပ်ရင်တောင်မှ လက်အောက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် လမ်းညွှန်ပေးလာနိုင်မယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ဝယ်သူတွေ ပိုများလာမယ်။🔥 (Marketing စကားနဲ့ပြောရရင် Conversion Rate တွေ အဆများစွာ တိုးတက်လာမယ်။)

✅ တိုးမြင့်လာတဲ့ ဒေါ်လာစရိတ်တွေ၊ ကုန်ဈေးနှုန်းတွေကြောင့် လုပ်ငန်းအတွက် ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်လို့ စိတ်ဖိစီးနေရတဲ့အခြေအနေကနေ လုံးဝလွတ်မြောက်သွားမယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ပုံမှန်ဝင်ငွေတိုးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို သက်တောင့်သက်သာ စီမံခန့်ခွဲနိုင်လာမယ်။🔥

ဒါဆိုရင် သင်ဘယ်လိုခံစားရမလဲ?

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ကနေ သင်ဘာတွေရနိုင်မလဲ?

✅ တိုးမြင့်လာတဲ့ ဒေါ်လာစရိတ်တွေ၊ ကုန်ဈေးနှုန်းတွေကြောင့် လုပ်ငန်းအတွက် ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်လို့ စိတ်ဖိစီးနေရတဲ့အခြေအနေကနေ လွတ်မြောက်သွားနိုင်မယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ဝယ်သူတွေ ပိုများလာမယ်။🔥 (Marketing စကားနဲ့ပြောရရင် Conversion Rate တွေ အဆများစွာ တိုးတက်လာမယ်။)

✅ ကြော်ငြာကောင်းတွေကြောင့် ပုံမှန်ဝင်ငွေတိုးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို သက်တောင့်သက်သာ စီမံခန့်ခွဲနိုင်လာမယ်။🔥

✅ ကြော်ငြာကောင်းတွေကို စာသားနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်ဖုံ Online/Offline အမျိုးစုံ အလွယ်တကူ စဥ်းစားဖန်တီးနိုင်လာမယ်။🔥

✅ ကိုယ်တိုင်အစအဆုံးမလုပ်ရင်တောင်မှ လက်အောက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် လမ်းညွှန်ပေးလာနိုင်မယ်။🔥

✅ ဈေးကွက်ထဲက သင့်ဝယ်သူတွေရဲ့ အတွင်းစိတ်ထဲက လိုအင်ဆန္ဒတွေ၊ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေကို ထိုးထွင်းသိလာစေဖို့ Simple & Effective Research ဘယ်လိုလုပ်ရမလဲ နားလည်သဘောပေါက်လာမယ်။🔥

✅ ကိုယ်ရောင်းတဲ့ပစ္စည်း (တစ်နည်းအားဖြင့်) ကိုယ့်ရဲ့ Offer အကြောင်း ဂဃဂဏ သဘောပေါက်လာပြီး ထိထိရောက်ရောက် ကြော်ငြာရောင်းချနိုင်လာမယ်။🔥 (စီးပွားရေးလုပ်နေသူ ၇၀ ရာခိုင်နှုန်းက ကိုယ့် Offer အကြောင်း သေချာမသိကြပါဘူး။ Offer ဆိုတာ Product/Service နဲ့ မတူကြောင်းတောင် နားမလည်ကြသေးပါဘူး။ ဒါကြောင့်လည်း ကြော်ငြာအများစုက ထိရောက်မှုကင်းမဲ့နေတာ ဖြစ်ပါတယ်။)

✅ ထိရောက်တဲ့ Social Media Ads တွေဖန်တီးဖို့ အသက်ဖြစ်တဲ့ Offer + Market + Competitive Research Template တွေနဲ့ Customer Avatar Template တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်လာမယ်။🔥

✅ PRO Edition မှာပါဝင်တဲ့ ကွက်လပ်ဖြည့်ရုံ အဆင်သင့်သုံးကြော်ငြာရေးနည်း Template ကောင်းတွေကြောင့် ထိရောက်မှုအားကောင်းတဲ့ကြော်ငြာတွေကို ခေါင်းစားစရာမလိုတော့ဘဲ ကွက်လပ်လေးတွေဖြည့်လိုက်ရုံနဲ့ မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်လာမယ်။🔥 (ကြော်ငြာတစ်ခါမှ မရေးဘူးရင်တောင် ကိစ္စမရှိပါဘူး။)

✅ ကိုယ့်ရဲ့ထုတ်ကုန်/ဝန်ဆောင်မှုကို မတူညီတဲ့ဝယ်သူအုပ်စုတွေကို ဆွဲဆောင်နိုင်ဖို့ Marketing Angle (ရှုထောင့်) ပေါင်းစုံကနေ စဥ်းစားနိုင်လာတာကြောင့် ပြိုင်ဖက်လုပ်ငန်းတူတွေနဲ့ ကွဲထွက်နေတဲ့၊ ဆန်းသစ်တဲ့ ကြော်ငြာကောင်းတွေ ဖန်တီးနိုင်လာမယ်။🔥

✅ ယှဥ်ပြိုင်စရာမလိုတဲ့ Blue Ocean ဈေးကွက်အသစ်တွေ (တစ်နည်းအားဖြင့်) သင့်ပြိုင်ဖက်တွေ မကြော်ငြာ၊ မရောင်းချရသေးတဲ့ ဈေးကွက်အသစ်တွေကို ရှာဖွေ ကြော်ငြာ ရောင်းချနိုင်လာလို့ လုပ်ငန်းဝင်ငွေသစ်တွေ တိုးပွားလာမယ်။🔥

✅ အရင်တုန်းက ကြော်ငြာရေးနည်း (Copywriting)၊ ဝယ်သူစိတ်ပညာ (Consumer Psychology) တွေနဲ့ ပတ်သက်ပြီး မလေ့လာဖူးရင်တောင်မှ ဝယ်သူတွေကို သံလိုက်လိုဆွဲငင်နိုင်မယ့် ထိရောက်တဲ့ Social Media Ads တွေကို လွယ်လွယ်ကူကူ စဥ်းစား ဖန်တီးနိုင်လာမယ်။🔥

✅ သင့်ကြော်ငြာကို လူတွေမဖတ်ဘဲ ကျော်သွားတာမျိုးမဖြစ်စေဖို့ (ပိုကောင်းတာက) စဖတ်ပြီးရင် အဆုံးထိ ဖတ်ချင်လာစေဖို့ ထိရောက်တဲ့ကြော်ငြာရေးနည်း (၁၇) နည်းကို လွယ်ကူရိုးရှင်းစွာ လေ့လာအသုံးချနိုင်မယ်။🔥

✅ လူတွေ ဖုန်းပွတ်တာကို ချက်ချင်းရပ်ပြီး သင့်ရဲ့ကြော်ငြာ၊ သင်ပြောချင်တဲ့အရာကို စိတ်ဝင်တစား ကြည့်လာအောင် ဆွဲဆောင်နိုင်စေမယ့် Headline ရေးနည်း (၁၀) နည်းကို လွယ်ကူထိရောက်စွာ အသုံးချနိုင်လာမယ်။🔥

✅ တချို့ကြော်ငြာတွေ ဘာကြောင့် reject လုပ်ခံရလဲ၊ တချို့ကြော်ငြာအကောင့်တွေ ဘာကြောင့် ပိတ်ခံရလဲဆိုတဲ့ အကြောင်းအရင်းတွေကို နားလည်လာပြီး ငွေကုန်ကြေးကျများစေတဲ့ ပြဿနာတွေကို ကြိုတင်ရှောင်ရှားနိုင်မယ်။🔥 (Reject ထိတဲ့ကြော်ငြာတွေများလေလေ > Ad Account Rating ကျလေလေ > Social Media တွေက သင့်ကြော်ငြာကို ပြပေးတဲ့လူအရေအတွက် လျှော့ချလေလေ ဆိုတာကို ကြော်ငြာသူတော်တော်များများ မသိကြတာ အံ့သြစရာပါ။)

✅ ChatGPT လို AI Tools တွေကိုသုံးပြီး လူတွေမကြည့်ရမနေနိုင်၊ မဖတ်ရမနေနိုင်စေတဲ့ Headline နဲ့ Hooks တွေကို (ပုံမှန်ထက် အချိန်ကုန် ၁၀ ဆ သက်သာအောင်) စဥ်းစားခိုင်းနည်းတွေကို သိပြီးအသုံးချနိုင်လာမယ်။🔥

ဒီအကြောင်းအရာတွေအပြင် သင့်လုပ်ငန်းကို ဝင်ငွေတိုးစေမယ့် နောက်ထပ်အကြောင်းအရာတွေ အများကြီးမှ အများကြီးကို 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) “PRO Edition” မှာ ရယူနိုင်မှာပါ။🔥

- - - - - - - - - - - - - - - - - - -

✨ Customer တချို့ရဲ့ Feedbacks တွေက −

❝ PRO Edition မှာပါတဲ့ Template File တစ်ခုတည်းနဲ့တင် ၃ သိန်း တန်နေပါပြီ။ ကျနော် နိုင်ငံခြားက Copywriting Template တွေကို လေ့လာဖူးပါတယ်။ ဒါတွေကို မြန်မာလို လေ့လာအသုံးချနိုင်တာတစ်ခုနဲ့တင် လုပ်ငန်းရှင်တွေအတွက် တော်တော်အကူအညီဖြစ်နေပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။ ❞

❝ 4X Profits with Effortless Ads ကို လေ့လာပြီးတဲ့အခါမှာ Customer တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ လိုအပ်ချက်တွေနဲ့ ကိုယ့် Service အပေါ် စိတ်ပါဝင်စားမှု Level ရဲ့ ကွဲပြားချက်တွေကို ပိုပြီးသတိပြု သဘောပေါက်မိလာခဲ့ပါတယ်။ ရလိုက်တဲ့အကျိုးကျေးဇူးတွေက အရမ်းများပါတယ်ဗျ။ ❞

❝ ရလိုက်တဲ့အကျိုးကျေးဇူးတွေ အတော်လေးများပါတယ်။ Content အကြောင်းတွေသာမက Marketing, Copywriting အကြောင်းအရာတွေ ဂဃနဏ သိသွားပါတယ်။ အရင်က သေချာမသိခဲ့တဲ့ USP, Unique Mechanism, Market Sophistication တို့လိုအယူအဆတွေ သိလိုက်ရတာကြောင့် မျက်စိ နား ပွင့်လာပါတယ်။ Content အကြောင်း သိပ်မသိတဲ့သူတွေအတွက်ကတော့ WOW Amazing ပါပဲ လို့ ရေရွတ်မိမှာပါ။ ဒါတွေကို စောစောစီးစီး လေ့လာခဲ့ရရင် ဘယ်လောက်ကောင်းမလဲ၊ ဒါဆို ငါ့ဆိုင်၊ ငါ့လုပ်ငန်း၊ ငါ့ Product တွေကို ပိုပြီးဈေးကွက်ထိုးဖောက်နိုင်ခဲ့မှာ လို့ တွေးမိစေမယ့် Course ကောင်းတစ်ခုပါပဲ။ အနှစ်တွေချည်းပါပဲ။ ❞

❝ Copywriting နဲ့ပတ်သက်ပြီး လက်တွေ့ဗဟုသုတတွေ အများကြီးရလိုက်ပါတယ်။ ကျွန်တော့်လုပ်ငန်းမှာလည်း အများကြီး အထောက်အကူဖြစ်ပါတယ်။ ထည့်ပေးထားတာ တော်တော်ပြည့်စုံနေပါပြီ။ ထပ်ဖြည့်စေချင်တာတောင် မရှိတော့ပါဘူး။ တကယ်တန်ဖိုးရှိတဲ့ Course ဖြစ်လို့ ရောင်းတဲ့အခါမှာလည်း အခြားသူတွေကို ဝယ်ဖို့ တိုက်တွန်းဖြစ်မှာပါ။ ❞

❝ ဝယ်ရတဲ့တန်ဖိုးနဲ့ ပေးတဲ့ Value အရမ်းကိုတန်ပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိ 12min Notes ရဲ့ Customer ဖြစ်နေတာပါ။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ စေတနာအစစ်ထည့်ပြီး ရောင်းချပေးနေတာတွေကို Product တွေ ဝယ်လေ့လာလိုက်တာနဲ့ ပေါ်လွင်နေတာမို့ အရမ်းလေးစားရပါတယ်။ ကျွန်မတို့လည်း ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ငန်းလုပ်နေသူတွေဖြစ်အောင် ကြိုးစားနေပါကြောင်းပြောရင်း 12min Notes ကို ကျေးဇူးအထူးတင်ရှိပါတယ် ❞

❝ အစပိုင်းမှာတင် တော်တော်အလုပ်ဖြစ်နေပါပြီ။ ကြော်ငြာသစ်တွေဖန်တီးဖို့ Angle ကောင်းတွေ အများကြီး ရလာခဲ့ပါတယ်။ ❞

❝ လူတွေ ကိုယ့် Product/Service ကို ဝယ်ချင်လာအောင် ဘယ်လိုဆွဲဆောင်ရမလဲ ပိုသိလာတယ်။ Copywriting ရဲ့ Formula & Frameworks / Human Psychology သဘောတရားတွေ ပိုသိလာပါတယ်။ အခြေခံအသိပညာ (Fundamentals) တွေရဲ့ အရေးကြီးပုံကိုလည်း သတိထားမိသွားတယ်။ Ad Policy တွေအကြောင်းကိုတော့ ခုမှသိလိုက်ရတာပါ။ ကိုယ့်အလုပ်အတွက် အသုံးဝင်တဲ့ကြော်ငြာကောင်းတွေ ပိုရေးလာနိုင်လို့ ကျေနပ်မိပါတယ်။ ကိုယ့်လက်ရာကို ကိုယ်ပိုသဘောကျလာတယ်။ ထပ်ဖြည့်စေချင်တာမရှိလောက်အောင် တော်တော်လေးပြည့်စုံပါတယ်။ ❞

- - - - - - - - - - - - - - - - - - -

✨ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) က ဈေးအရမ်းကြီးမှာလား?

အစပိုင်းမှာ ပြောပြခဲ့သလိုပဲ ဒီ Product ကို လွယ်လွယ်ကူကူ ရလာခဲ့တာမဟုတ်ပါဘူး။❌

👉🏻 12min Notes Myanmar အပါအဝင် မတူညီတဲ့ Industry တွေက စီးပွားရေးလုပ်ငန်း (၇) ခုမှာ Social Media ကြော်ငြာစရိတ်သီးသန့် $93,358 ကျော် သုံးစွဲခဲ့ပြီးတဲ့ အတွေ့အကြုံ၊ အမှား၊ သင်ခန်းစာတွေ၊ စဥ်းစားတွေးခေါ်ပုံတွေနဲ့ လက်တွေ့အလုပ်ဖြစ်နေတဲ့နည်းလမ်းတွေအပေါ် အခြေခံထားရုံမကဘဲ…

👉🏻 စုစုပေါင်း $1,500 ကျော်ပေးရတဲ့ နိုင်ငံခြားက Marketing, Advertising, Copywriting, Applied Psychology Courses တွေထဲက အသိပညာ အဆီအနှစ်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားတဲ့ Final Product တစ်ခုဖြစ်ပါတယ်။

👉🏻 ဒါ့အပြင် ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide) တစ်ခုလုံး ဖန်တီးနိုင်ဖို့အတွက် ၂၀၂၄ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လတိတိ − နာရီပေါင်း ၁၀၀၀ ကျော် အချိန်ယူ ဖန်တီးခဲ့ပါတယ်။

~

ကိုယ်က နိုင်ငံခြားမှာနေရလို့ ဒီထဲမှာပါတဲ့ အသိပညာတွေအတိုင်း သင်တန်းလိုက်ရှာတက်ရမယ်ဆိုရင် အနည်းဆုံး ဒေါ်လာ ၁၀၀၀ ကျော် အသာလေး ကုန်ကျပါလိမ့်မယ်။

(အခုဒေါ်လာဈေးနဲ့ဆိုရင် တော်တော်များနေပါပြီ။)

✨ဒါ့အပြင် PRO Edition မှာ သီးသန့်ပါဝင်နေတဲ့ −

(၁) ကွက်လပ်ဖြည့်ပြီးအဆင့်သင့်သုံးရုံ Copywriting & Headline Templates (၂) ခုနဲ့

(၂) ChatGPT လို AI-Tool ကိုသုံးပြီး လုပ်ငန်းအတွက်ထိရောက်မှု အင်မတန်ကောင်းတဲ့ Headlines & Hooks တွေ စဥ်းစားအကြံထုတ်ခိုင်းလို့ရမယ့် Headline & Hooks Masterclass with ChatGPT

တို့ နှစ်ခုနဲ့တင် ဒေါ်လာ ၃၀၀ လောက် တန်ဖိုးထပ်ရှိနေပါတယ်။🔥

ဒီတော့ ဒါတွေအားလုံးပေါင်းပြီး ပါဝင်တန်ဖိုးကို ခန့်မှန်းတွက်ကြည့်လိုက်ရင် သိန်းဆယ်ချီနေပါပြီ။🔥

~

ဒါပေမယ့် Loyal Customer ပေါင်း 18,000 ကျော် ခိုင်ခိုင်မာမာ ရရှိထားတဲ့ 12min Notes Myanmar ရဲ့ ထုံးစံအတိုင်း အမြင့်ဆုံးတန်ဖိုးတွေကိုမှ အတန်ဆုံးနဲ့ အချိန်ကုန် အသက်သာဆုံးဖြစ်အောင် စီစဥ်ပေးထားပါတယ်။💯

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) က သင့်အတွက်ပါ။ 🔥

ဒါကို မိမိရဲ့Business လိုအပ်ချက်အပေါ်မူတည်ပြီး

💎 Advanced Copywriting Super Guide + Masterclass + Templates အလုံးစုံပါဝင်တဲ့ "PRO Edition" နဲ့

📖 ရိုးရိုး "BASIC Edition" ဆိုပြီး

နှစ်မျိုး စိတ်ကြိုက်ရွေးချယ်လေ့လာနိုင်ပါတယ်။👇🏻

- - - - - - - - - - - - - - - - - - -

(ဒေါ်လာဈေးကြောင့် ငွေကြေးဖောင်းပွနေသော်ငြားလည်း) တန်ဖိုးအားဖြင့် −

❌ ၁၀ သိန်း − ၁၅ သိန်း လည်း မသတ်မှတ်ထားသလို

❌ ၅ သိန်း လည်း မသတ်မှတ်ပါဘူး။


1. MAIN Copywriting Super Guide (400+ Pages eBook)

2. Features & Benefits Worksheet

3. Customer Avatar Worksheet

4. Offer + Market Research Worksheet

5. Headlines & Hooks Masterclass (value $150) ~ 150 min Video Class

6. Copywriting Templates (value $100) ~ 20 fill-in-the-blank Copy Templates

7. Headline Templates (value $50) ~ 37 fill-in-the-blank Headline Templates

8. Headline Idea Prompt Worksheet

9. Free Updates (if new editions available)

10. E-Learning Website Access ++

အပေါ်မှာဖော်ပြခဲ့တဲ့ Value တွေအားလုံးပါဝင်တဲ့ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) “PRO Edition” ကို

🔥 တန်ဖိုး 300,000 သာ သတ်မှတ်ထားပါတယ်။

ဒါကိုမှ စောစောဝယ်ယူတဲ့ Early-Bird Customer များအတွက် မူရင်းတန်ဖိုး 300,000 အစား

✅ 149000 တည်းနဲ့ လက်ခံပေးမှာပါ။🔥

📌မှတ်ချက်။ ။ “PRO Edition” မှာပါဝင်တဲ့ သင်ခန်းစာ File အားလုံးကို 12min Notes Myanmar ရဲ့ကိုယ်ပိုင် Learning Website ကနေ စိတ်တိုင်းကျလေ့လာ၊ Download ရယူနိုင်မှာဖြစ်ပါတယ်။

- - - - - - - - - - - - - - - - - - -

တန်ဖိုးအကြီးဆုံးနဲ့ အကောင်းဆုံး "PRO Version" ကို မဝယ်ချင်ဘူးဆိုရင်လည်း ...

🚫 ကွက်လပ်ဖြည့်ရုံ အဆင်သင့်သုံး Advanced Templates တွေ၊

🚫 Headline & Hooks Masterclass တွေ

🚫 မပါဝင်တဲ့ “BASIC Edition” ကို သက်သက်သာသာနဲ့ လေ့လာနိုင်အောင် စီစဥ်ပေးထားပါသေးတယ်။👇🏻


1. MAIN Copywriting Super Guide (400+ Pages eBook)

2. Features & Benefits Worksheet

3. Customer Avatar Worksheet

4. Offer + Market Research Worksheet

ဒီ Value တွေပါဝင်တဲ့ 4X Profits with Effortless Ads “BASIC Edition” ကို

🔥 တန်ဖိုး 80000 သာ သတ်မှတ်ထားပါတယ်။

ဒါကိုမှ အစောဆုံးဝယ်ယူမယ့် Early-Bird Customer များအတွက် မူရင်းတန်ဖိုး 80,000 အစား

✅ 59000 တည်းနဲ့ လက်ခံပေးမှာပါ။🔥

(အခုဒေါ်လာဈေးနဲ့ဆိုရင် ၁၀ ဒေါ်လာ သာသာပဲ ရှိပါတော့တယ်။ တချို့လုပ်ငန်းရှင်တွေအတွက်ဆို Boost တစ်ခါလုပ်စာပဲ ရှိပါတယ်။)


📌မှတ်ချက်။ ။ “BASIC Edition” ကို Website ကနေ လေ့လာဖို့ မလိုပါဘူး။ Main Super Guide (PDF File) Download ရယူနိုင်ဖို့ Download Link + Password ကို အခု Facebook Messenger (သို့) E-mail (သို့) 12min Notes Web Messenger ကနေ ပို့ပေးပါမယ်။

- - - - - - - - - - - - - - - - - - -

ဒီအထိ ဖတ်လာခဲ့ပြီဆိုရင် …

✅ ထိရောက်တဲ့ကြော်ငြာကောင်းတွေ ဖန်တီးနိုင်စွမ်းက စီးပွားရေးလုပ်ကိုင်နေသူတွေအတွက် ဝင်ငွေနဲ့ အကျိုးအမြတ်တွေ ဘယ်လောက်များများ ပြန်ရှာပေးနိုင်လဲဆိုတာ သင် သေချာသိသွားပါပြီ။

✅ အကယ်၍ သင်ကိုယ်တိုင်သာ ဒီထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို ချက်ချင်း လက်တွေ့အသုံးချနိုင်မယ်ဆိုရင် ၁ ပတ် ၂ ပတ်ထဲနဲ့တင် ဒီ Course အတွက် ပေးရတဲ့တန်ဖိုးကို အရင်းကျေသွားပါပြီ။

✅ အဲဒီနောက်ပိုင်း ပိုကောင်းတဲ့ကြော်ငြာတွေ၊ ပိုထိရောက်တဲ့ Marketing Message တွေကြောင့် အဆပေါင်းများစွာတိုးတက်လာမယ့် သင့်လုပ်ငန်းရဲ့ ဝင်ငွေတွေကတော့ Bonus “အပိုဆု” ပေါ့…

✅ စီးပွားရေးလုပ်နေသူ ၈၀ ရာခိုင်နှုန်းကျော် သေချာအသုံးမချနိုင်တဲ့ ဒီ Marketing, Advertising, Copywriting အကြောင်းအရာတွေက သင့်ရဲ့လုပ်ငန်းနဲ့ သင့်ဘဝကို လုံးဝပြောင်းလဲပေးပါလိမ့်မယ်။🔥

ဒီ 4X Profits with Effortless Ads က သင့်အတွက်ပါ။✨




- - - - -

🔥 သင့် Business အတွက် အကောင်းဆုံးပဲလိုချင်လို့ “PRO Edition” ဝယ်ရင်ဖြစ်ဖြစ်၊

👉🏻 ငွေသိပ်မသုံးချင်သေးလို့ “BASIC Edition” ဝယ်ရင်ပဲဖြစ်ဖြစ်၊

✅ ဒီ Course အတွက်ပေးလိုက်ရတဲ့တန်ဖိုးထက် ပြန်ရတဲ့အကျိုးအမြတ် “Return-On-Investment (ROI)” က အဆပေါင်းများစွာ သာလွန်မယ်လို့ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝယုံကြည်ပါတယ်။🔥

✅ ကျွန်တော်တို့ ယုံကြည်ရုံတင်မဟုတ်ဘဲ မိတ်ဆွေပါ စိတ်ချလက်ချယုံကြည်နိုင်အောင် 12min Notes Myanmar မှာ ၂၀၁၉ ကစလို့ အခုချိန် Customer ပေါင်း ၁၈၀၀၀ ကျော် ရှိလာတဲ့ထိ ပေးလာခဲ့တဲ့ အပြည့်အဝအာမခံ ထပ်ရှိပါသေးတယ်။

ဒါကို ဝယ်ယူလေ့လာ အသုံးချပြီးလို့မှ −

👉🏻 လုံးဝ အသုံးမဝင်ဘူး၊

👉🏻 စိတ်တိုင်းမကျဘူးဆိုရင် ၂ ပတ်အတွင်း ပြန်ပြောပါ။

ဝယ်ယူထားတဲ့တန်ဖိုးအားလုံးကို အပြည့်အဝ ပြန်အမ်းပေးပါမယ်။❤️

ဒီ Product အပေါ်မှာ ကျွန်တော်တို့ ဒီလောက်အထိ ယုံကြည်မှုရှိပါတယ်။ 💯

- - - - -

ဒါကြောင့် သင့်အနေနဲ့ ...

🔥 ထိရောက်မှုအားကောင်းတဲ့ (Return-On-Ad-Spend မြင့်မားတဲ့)၊

🔥 လူတွေဝယ်ချင်လာအောင် ဆွဲဆောင်နိုင်မယ့် ကြော်ငြာကောင်းတွေ ဖန်တီးရင်း

🔥သင့်လုပ်ငန်းရဲ့ ဝင်ငွေနဲ့ အကျိုးအမြတ်တွေကို အဆပေါင်းများစွာ ဆွဲမြှင့်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ...


ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide + Masterclass Bundle) ကို အောက်က Enroll Now ကို နှိပ်ပြီး အခုပဲ ရယူလိုက်ပါ။🔥

Requirements to study this package

  • Willingness to learn
  • Internet Connection
  • Laptop, Tablet, Mobile (with eBook/PDF Reader Software)
  • Suitable for Lifelong Learners

Fees - 300000 MMK

Please Login First!

What will you learn in this course?

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition မှ

Extended Mind Map Summary Video တစ်ခုရဲ့အပြည့်အစုံကို အောက်မှာ အခမဲ့ လေ့လာပါ။

How To Learn: 4X Profits with Effortless Ads (Advanced Super Guide + Masterclass Bundle)

How To Learn (12min Notes Website Tutorial)

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition

မှ လေ့လာနိုင်မယ့် ကမ္ဘာကျော် Best-Seller စီးပွားရေးစာအုပ်ကောင်းများ

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : [email protected]

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright Š 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.