12min Notes Myanmar
Our mission is to distill complex ideas and make them accessible and useful for Myanmar people
12min Notes Myanmar ရဲ့ရည်မှန်းချက်က နိုင်ငံတကာမှ ရောင်းအားအကောင်းဆုံးနဲ့ အထင်ရှားဆုံး စာအုပ်တွေ၊ သင်ခန်းစာတွေထဲက အသိပညာ အနှစ်သာရတွေကို မြန်မာနိုင်ငံမှ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Working Professional တွေအားလုံး အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ရယူအသုံးချနိုင်အောင်ကူညီဖို့ ဖြစ်ပါတယ်။
သင်ယူလေ့လာစရာတွေ များပြားလွန်းလှတဲ့ ယနေ့ခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Working Professional တွေအနေနဲ့ မိမိရဲ့ အလုပ်အကိုင်၊ အရည်အချင်းတွေ ပိုမိုထက်မြက်လာဖို့ ဘယ်စာအုပ်တွေ ဖတ်ရမလဲ၊ ဘာသင်တန်းတွေ လေ့လာရမလဲ စသဖြင့် စဥ်းစားနေစရာမလိုတော့အောင် နိုင်ငံတကာမှ ရောင်းအားအကောင်းဆုံး၊ ရေပန်းအစားဆုံး၊ အထင်ရှားဆုံး စာအုပ်ကောင်းတွေ၊ တန်ဖိုးကြီးသင်တန်းကောင်းတွေကို သေချာရွေးချယ်ပြီး အထဲက အသိပညာ ဗဟုသုတ အဆီအနှစ်တွေကို မြန်မာဘာသာနဲ့ ထိရောက်မြန်ဆန်စွာ လေ့လာအသုံးချနိုင်အောင် စနစ်တကျ ဖန်တီးပြင်ဆင်ပေးထားပါတယ်။
ဒီလို လေ့လာနိုင်စေဖို့အတွက် 12min Notes Myanmar မှာ -
(1) Executive Summary Notes (eBook Series) များ
(2) Practical Super Guides (Single eBook) များ
(3) Practical Concise Courses (2hr+) များ နှင့်
(4) Advanced Learning Programs (40hr+) များ
အစရှိတဲ့ Premium Digital Products များကို ပါဝင်တဲ့ အသိပညာ ဗဟုသုတ ကျယ်ပြန့်နက်နဲမှု (Knowledge Depth)
အပေါ်မူတည်ပြီး စနစ်တကျ ဖန်တီးတည်ဆောက်ပေးထားပါတယ်။
POPULAR PACKAGES
_____________
TOP FREE PACKAGES
_____________
12min Notes Myanmar ရဲ့ Premium Digital Products (PDP) တွေကို ဘယ်လိုဖန်တီးထားလဲ?
12min Notes Myanmar မှာ ထုတ်ဝေထားတဲ့ Premium Digital Products (PDP) များအားလုံးကို အပေါ်ယံ ပေါ့ပျက်ပျက် ဖန်တီးထုတ်ဝေထားတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
သက်ဆိုင်ရာ စာအုပ်ကောင်းများစွာ၊ သုတေသနစာတမ်းများနဲ့ အဆင့်မြင့်သင်ခန်းစာများကို Editorial Team မှ အသေးစိတ် ရှာဖွေ၊ လေ့လာ၊ မှတ်စုထုတ်ပြီး Content Development အဆင့် (၆) ဆင့်ဖြင့် စနစ်တကျ ဖန်တီးပေးထားတာဖြစ်ပါတယ်။
12min Notes Myanmar ရဲ့ Premium Digital Products (PDP) တစ်ခုချင်းစီထုတ်ဝေတိုင်း အောက်ပါ Content Development အဆင့် (၆) ဆင့်ကို ဖြတ်သန်းရပါတယ်။
အရေးအကြီးဆုံးအဆင့်ပါ။ ဒီအဆင့်မှာ ဘယ်အကြောင်းအရာ (Topic) နဲ့ပတ်သက်တဲ့ PDP ကို ထုတ်ဝေမလဲဆိုပြီး စတင်ရွေးချယ်ပါတယ်။ ဥပမာ − Business, Marketing, Leadership, Creativity, Personal Development, Management, Psychology, Sales, Entrepreneurship အစရှိသဖြင့်။
ဒီနေရာမှာ ဘာကြောင့် eBook Series တစ်ခုမှာဆို စာအုပ်အနည်းဆုံး ၅-၁၀ အုပ်လောက် ထုတ်သလဲ၊ Concise Course တွေဆိုရင်လည်း Resource တစ်ခုတည်းကို အားမကိုးလဲလို့ မေးစရာရှိပါတယ်။
ကျွန်တော်တို့ရဲ့ ခံယူချက်က ရှင်းပါတယ်။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်ပဲဖတ်မယ်၊ Resource တစ်ခုပဲ လေ့လာမယ်ဆိုရင် အဲ့ဒီစာရေးဆရာ၊ သင်တန်းဆရာ (resource ဖန်တီးသူ) ရဲ့ အာဘော်အောက်မှာ ၁၀၀ ရာခိုင်နှုန်း ရောက်သွားနိုင်ပါတယ်။
ဒါပေမယ့် အကြောင်းအရာတစ်ခုတည်းကိုပဲ အနည်းဆုံးစာအုပ် ၅−၁၀ အုပ် ဖတ်လိုက်တဲ့အခါ (ဒါမှမဟုတ်) Resource ၄−၅ ခု လေ့လာကြည့်လိုက်တဲ့အခါမှာ မတူညီတဲ့ အာဘော်နဲ့ ရှုထောင့်များစွာကိုပါ လေ့လာသိရှိလိုက်ရတဲ့အတွက် လေ့လာသူဖြစ်တဲ့ “သင့်ရဲ့” ဆက်စပ်တွေးခေါ် စဥ်းစားနိုင်စွမ်းကို ပိုမြှင့်တင်ပေးနိုင်ပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ 12min Notes မှာ တူညီတဲ့ Topic တစ်ခုအောက်မှာ မတူညီတဲ့စာရေးဆရာတွေရဲ့ စာအုပ် အနည်းဆုံး ၅−၁၀ အုပ် ထုတ်ဝေပေးပါတယ်။ Topic တစ်ခုရွေးပြီးတဲ့အခါလည်း ဒီ Topic အောက်မှာရှိတဲ့ စာအုပ်နဲ့ သင်ခန်းစာတွေအများကြီးထဲက “လူကြိုက်အများဆုံး၊ အရောင်းရဆုံး၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ အညွှန်းဆုံး” ဆိုတဲ့ ထိပ်တန်းစာအုပ်တွေ၊ သင်ခန်းစာတွေကိုပဲ ရွေးချယ်ပါတယ်။
ဒီအကြောင်းအရင်းကြောင့် 12min Notes Myanmar ရဲ့ PDP တစ်ခုချင်းစီဟာ မြန်မာနိုင်ငံမှာရှိတဲ့ တစ်ခြားသော စာအုပ်နဲ့ eBooks တွေ၊ သင်တန်းတွေနဲ့ မတူညီဘဲ လေ့လာသူတွေ လိုချင်တဲ့ရလဒ်ကောင်းတွေကို ထိထိမိမိ ရယူနိုင်အောင် ကူညီပေးနိုင်ခြင်းဖြစ်ပါတယ်။ (ဒါကြောင့်လည်း Loyal Customer ပေါင်း 18,000 ကျော် ရရှိထားခြင်းဖြစ်ပါတယ်။)
Topic နဲ့ Resources ကောင်းတွေကို သေချာရွေးချယ်ပြီးသွားရင် Editorial Team က စာအုပ်တွေကိုဖတ်၊ သင်ခန်းစာတွေကို လေ့လာပါတယ်။ မူရင်းစာအုပ်နဲ့ သင်ခန်းစာတွေတင်မကဘဲ သက်ဆိုင်ရာခေါင်းစဥ်အောက်က Articles, Courses, International Summaries, Videos, Podcasts, TED Talks & Blogs စတဲ့ Additional Resources တွေ အားလုံးကိုပါ Research လုပ်ပါတယ်။
ပြီးရင် အဲဒီ Resources တွေထဲက Key Insights & Idea တွေနဲ့ လေ့လာသူအတွက် အကျိုးရှိစေမယ့် Points တွေကိုပဲ သီးသန့်ရွေးထုတ်ပါတယ်။
တတိယအဆင့်မှာ ဖတ်ရှုလေ့လာထား၊ research လုပ်ထားတဲ့ အကြောင်းအရာတွေကို အသေးစိတ်မှတ်စုတွေ ထုတ်နုတ်ပါတယ်။ Mindmap တွေ ရေးဆွဲဖန်တီးပါတယ်။
ဒီလိုမျိုး Mindmap တွေ ရေးဆွဲလိုက်တဲ့အခါ ဆက်စပ်နေတဲ့ ideas နဲ့ concepts တွေကို ပိုမိုမြင်သာသွားစေသလို PDP ပြန်လည်ဖန်တီးတဲ့အခါမှာလည်း ပိုပြီးထိထိမိမိ ဖြစ်စေပါတယ်။
ဒီအဆင့်မှာတော့ ရှေ့အဆင့်တွေမှာ အဆီအနှစ်ထုတ်ထားပြီးတဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာခေါင်းစဥ်တွေခွဲပြီး Premium Digital Product (PDP) တစ်ခုအဖြစ် ပြန်လည်စုစည်းဖန်တီးပါတယ်။
ဒီနေရာမှာလည်း မြန်မာနိုင်ငံမှလေ့လာသူတွေ ပိုမိုနားလည်စေဖို့ အချို့ဥပမာနေရာတွေမှာ မြန်မာနိုင်ငံနဲ့ ပိုမိုဆက်စပ်မှုရှိတဲ့ ဥပမာတွေ၊ Case Studies တွေ ထည့်သွင်းပြီး သေချာစနစ်တကျ ရှင်းလင်းရေးသားဖန်တီးပေးပါတယ်။
ဒါ့အပြင် လေ့လာသူတွေပိုမြင်သာစေဖို့အတွက် အကြောင်းအရာနဲ့ပတ်သက်တဲ့ ပုံတွေ၊ Graphs & Diagrams တွေ၊ Reference Links & Blogs တွေသာမက Additional Learning Resources တွေကိုပါ အလျဥ်းသင့်သလို ထည့်သွင်းပေးပါတယ်။
အပေါ်ကအဆင့်တွေအတိုင်း အရည်အသွေးအထူးကောင်းမွန်တဲ့ Premium Digital Product (PDP) တစ်ခု ဖန်တီးပြီးသွားတဲ့အခါ အကြောင်းအရာ စီစဥ်တင်ပြပုံ၊ ခွဲခြားပုံ၊ အဖြတ်အတောက်၊ အရေးအသား၊ စာလုံးပေါင်း၊ Slides နဲ့ Fact-Checking တွေကို Proofreading Team က သေချာပြန်ဆန်းစစ်ပြီး လိုအပ်ချက်တွေရှိခဲ့ရင် ထပ်မံပြင်ဆင် ဖြည့်စွက်ပါတယ်။
Stage 1 to 5 အားလုံး ဖြတ်သန်းပြီးသွားပြီဆိုရင် အထဲမှာပါဝင်တဲ့ အသိပညာ ဗဟုသုတ အဆင့်မြင့်မှု၊ ကျယ်ပြန့်နက်နဲမှု (Knowledge Depth) တို့အပေါ်မူတည်ပြီး သက်ဆိုင်ရာ Premium Digital Products (PDP) အဖြစ် ဖန်တီးထုတ်ဝေပေးပါတယ်။
အချိန်တိုတိုအတွင်း ထိထိမိမိ လေ့လာ ဖတ်ရှု အသုံးချနိုင်မယ့်အရာတွေကို Executive Summary Notes (eBook Series) တွေနဲ့ Practical Super Guides (Single Long eBook) တွေအဖြစ်လည်းကောင်း၊
Video, Slides, Exercise, Mindmaps တွေနဲ့ အချိန်ကြာကြာ နက်နက်နဲနဲ လေ့လာ အသုံးချနိုင်မယ့်အရာတွေကို Practical Concise Courses (2hr+) တွေနဲ့ Advanced Learning Programs (40hr+) တွေအဖြစ်လည်းကောင်း၊
စနစ်တကျ စီစဥ်ဖန်တီးထုတ်ဝေပေးပါတယ်။
What Makes 12min Notes’ Premium Digital Products Great?
စာအုပ်တွေ၊ သင်တန်းတွေ အများကြီးရှိတဲ့အထဲမှာ 12min Notes Myanmar ရဲ့ Premium Digital Products တွေက ဘာကြောင့် Customer Reviews ထောင်ချီ ရထားတာလဲ?
Practical Insights Only
နိုင်ငံတကာမှ ရောင်းအားအကောင်းဆုံး၊ အထင်ရှားဆုံး၊ လူညွှန်းအများဆုံး မူရင်းအင်္ဂလိပ်စာအုပ်ကောင်းတွေ၊ သင်ခန်းစာကောင်းတွေထဲမှ လေ့လာသူများအတွက် အရေးအကြီးဆုံးနဲ့ လက်တွေ့ အသုံးအဝင်ဆုံး အသိပညာ ဗဟုသုတများကိုသာ Content Development အဆင့် (၆) ဆင့်ဖြင့် စနစ်တကျ ဖန်တီးပေးထားပါတယ်။
Special Highlights
အရေးအကြီးဆုံး အချက်အလက်များနဲ့ Key Points များကို အသေးစိတ်ရှာဖွေပြီး eBooks များအတွင်း Highlight လုပ်ပေးထားသဖြင့် အဓိကအကျဆုံး အချက်အလက်များကို အလွယ်တကူ ဖတ်ရှုရယူနိုင်မှာ ဖြစ်ပါတယ်။
Self-Coaching Qs
မိမိကိုယ်ကို မေးခွန်းကောင်းများမေးပြီး အရင်တစ်ခါမှ မစဥ်းစားဖူးတဲ့ အကြံဉာဏ်နဲ့ စိတ်ကူးစိတ်သန်းများ၊ နည်းလမ်းကောင်းများ စဥ်းစားရရှိလာစေရန် Self-Coaching Questions များကို အချို့သော eBooks များ၏အဆုံးတွင် စနစ်တကျ ထည့်သွင်းပေးထားပါတယ်။
HD Audio & Video
Premium Digital Products အများစုတွင် Audiobooks များပါဝင်သလို HD Audio & Video များဖြင့် သင်ခန်းစာများကို ဖန်တီးပေးထားသဖြင့် စာဖတ်ဖို့ မအားလပ်သည့်အချိန်များ၊ အာရုံမစိုက်ချင်သည့်အချိန်များနှင့် ကားမောင်းသည့်အချိန်များတွင်ပါ PDP များထဲမှ Idea ကောင်းများကို အလွယ်တကူ ရယူအသုံးချနိုင်မှာဖြစ်ပါတယ်။
Lifetime Download + Print
Executive Summary Notes များသည် PDF File များဖြစ်သဖြင့် မည်သည့် Phone, Tablet, Computer မှာမဆို Internet ရှိရုံဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ Offline လေ့လာရန် Download ဆွဲထားလို့ရသလို Print ထုတ်ပြီးလည်း စိတ်ကြိုက်ဖတ်နိုင်ပါတယ်။ အခြားသော သင်တန်းများလို လစဥ်ကြေး၊ နှစ်စဥ်ကြေးများ ကောက်ခံမှာမဟုတ်လို့ စဥ်ဆက်မပြတ် ကုန်ကျဖို့မလိုဘဲ တစ်ခါဝယ်ပြီးတာနဲ့ Lifetime လေ့လာနိုင်မှာပါ။
Support Myanmar’s Education
12min Notes Myanmar သည် အသိဉာဏ်ပညာဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဖြစ်သဖြင့် Premium Digital Products များရောင်းချရာမှ ရရှိသောအကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို မြန်မာနိုင်ငံရှိ နွမ်းပါးသူများ၏ ပညာရေးအတွက် ကူညီထောက်ပံ့ခြင်း၊ စာအုပ်များ လှူဒါန်းပံ့ပိုးပေးခြင်း၊ အရည်အသွေးမြင့် Executive Education ပေါ်ပေါက်လာအောင် ဖန်တီးပေးခြင်းများကို လုပ်ဆောင်သွားပါမည်။
Customer Satisfaction Ratings (based on thousands of reviews)
18,000+
Total Paid Customers
180K+
Social Media Followers
Frequently Asked Questions (FAQs)
A: ဒီအတွက် အရိုးသားဆုံးဖြေပေးပါမယ်။ ကျွန်တော်တို့ 12min Notes Myanmar ကို စတင်တည်ထောင်တဲ့ ရည်ရွယ်ချက်က ငွေကြေးအမြတ်အစွန်းရဖို့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ 12min Notes Myanmar ရဲ့ Founder တွေမှာ ၁၉၉၁ ခုနှစ်ကတည်းက တည်ထောင်ထားပြီး လစဥ်သိန်းထောင်ချီဝင်ငွေရနေတဲ့ TCT Brand မိသားစုလုပ်ငန်းတွေ ရှိနေပါတယ်။ ဝင်ငွေရဖို့ 12min Notes Myanmar အပေါ် မမှီခိုပါဘူး။
နောက်တစ်ချက်က ကျွန်တော်တို့ကိုယ်တိုင်လည်း အချိန်ကုန်ပြီးမှ အသုံးမဝင်တဲ့အရာတွေ၊ ဂျင်းတွေကို အင်မတန်မုန်းပါတယ်။ ဒါကြောင့် 12min Notes Myanmar ရဲ့ Customer တွေအတွက်လည်း အသုံးမဝင်တဲ့အရာတွေ ဘယ်သောအခါမှ ဖန်တီးရောင်းချမှာမဟုတ်ပါဘူး။
နောက်တစ်ချက်က 12min Notes Myanmar ရဲ့ မူလရည်မှန်းချက်ကိုက နိုင်ငံတကာမှ ရောင်းအားအကောင်းဆုံးနဲ့ အထင်ရှားဆုံး စာအုပ်တွေ၊ သင်ခန်းစာတွေထဲက အသိပညာအနှစ်သာရတွေကို မြန်မာနိုင်ငံမှ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Working Professional တွေအားလုံး အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ရယူအသုံးချနိုင်အောင်ကူညီဖို့ ဖြစ်ပါတယ်။
ဒီရည်မှန်းချက်ပြည့်မြောက်အောင် အစဥ်တစိုက်ကြိုးစားနေပြီး လက်ရှိအချိန်မှာ စိတ်ကျေနပ်မှုရရှိထားတဲ့ 5-Star Review ပေါင်း ထောင်ကျော်၊ Loyal Customer ပေါင်း 18,000 ကျော် ရရှိထားပါတယ်။ ဒီအတွက်ကြောင့် သင့်အနေနဲ့လည်း 12min Notes Myanmar ကို အပြည့်အဝ ယုံကြည်နိုင်ပါတယ်။
A: မူရင်းအင်္ဂလိပ်စာအုပ်တွေတော့ မရောင်းချသေးပါဘူး။ လက်ရှိ 12min Notes Myanmar မှာ ရောင်းချပေးနေတဲ့ Premium Digital Products များနဲ့ ကြော်ငြာဖော်ပြထားတဲ့ စာအုပ်များအားလုံးက Digital Products တွေသာဖြစ်ပါတယ်။
Internet ရှိတဲ့ ဘယ်နေရာမှာမဆို၊ ဘယ် Devices မှာမဆို အလွယ်တကူ လေ့လာနိုင်ပါတယ်။ တစ်ကြိမ်ဝယ်ယူပြီးရင် လစဥ်ကြေး၊ နှစ်စဥ်ကြေးတွေ စဥ်ဆက်မပြတ်ပေးစရာမလိုဘဲ Lifetime ရယူနိုင်ပါမယ်။
A: လုံးဝစိတ်ပူစရာမလိုတဲ့ ရာနှုန်းပြည့်အာမခံကို စီစဥ်ပေးထားပါတယ်။ 12min Notes Myanmar အဖွဲ့အစည်းကို ၂၀၁၉ ခုနှစ်ကတည်းက တည်ထောင်ထားပြီး မြန်မာနိုင်ငံမှ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ Working Professional တွေအားလုံး အကျိုးရှိစေဖို့ဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ရရှိလာတဲ့အကျိုးအမြတ် တစိတ်တပိုင်းကိုလည်း မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများနှင့် ပညာသင်ကြားဖို့ အခက်အခဲဖြစ်သူများအတွက် ပညာရေးနှင့်ဆက်စပ်တဲ့ အကူအညီ၊ အထောက်အပံ့များကို စဥ်ဆက်မပြတ် ကူညီပံ့ပိုးပေးလျှက်ရှိပါတယ်။
ဒီအတွက်ကြောင့် ဝယ်ယူလေ့လာလိုက်တဲ့ Premium Digital Product တစ်ခုခုက မိတ်ဆွေအတွက် လုံးဝအသုံးမဝင်ဘူး၊ လုံးဝအကျိုးမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ လုံးဝစိတ်မကောင်းပါဘူး။ အဲဒီအတွက် တစ်ပတ်အတွင်း ကျွန်တော်တို့ကို ပြန်လာပြီး အကြောင်းကြားပေးပါ။ ဝယ်ယူထားတဲ့တန်ဖိုးအားလုံးကို "အပြည့်အဝ" ပြန်အမ်းပေးပါမယ်။
A: လက်ရှိမှာတော့ မရနိုင်သေးပါဘူး။ ဒီအတွက် အကြောင်းအရင်းကိုလည်း အပေါ်က Content Development အဆင့် (၆) ဆင့်ထဲမှာ အသေးစိတ်ရှင်းပြပေးထားပြီးပါပြီ။ မဖတ်ရသေးဘူးဆိုရင် ဖတ်ရှုလေ့လာကြည့်ပေးပါဦး။
A: 12min Notes Myanmar ကို ဖော်ပြပါနည်းလမ်းတစ်ခုခုဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။
နည်းလမ်း (၁)။
Facebook/Messenger
နည်းလမ်း (၂)။ Website Messenger:
- Website မှာ Register/Login ဝင်ပြီး ညာဖက်အပေါ်က Message ကိုနှိပ်ပါ။
- Web Messenger ထဲရောက်ပါက ဘယ်ဘက်အပေါ်ထောင့် Search Box မှာ 12min Notes လို့ ရှာပါ။
- ပေါ်လာတဲ့ “12min Notes Myanmar (Admin)” Account ကို စာပို့ဆက်သွယ်နိုင်ပါတယ်။
- Web Messenger မှပြန်ထွက်လိုပါက အပေါ် Bar ရှိ Home ပုံကိုနှိပ်၍ ထွက်နိုင်ပါတယ်။
နည်းလမ်း (၃)။
နည်းလမ်း (၄)။
Telegram
နည်းလမ်း (၅)။
YouTube
Customer Reviews
ကျန်ရှိနေတဲ့ Customer Reviews ပေါင်း 1,000+ ကို 12min Notes Myanmar ရဲ့ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။