12min Notes Myanmar
About Us
12min Notes Myanmar အဖွဲ့အစည်းရဲ့ရည်မှန်းချက်၊ ခံယူချက်၊ လုပ်ဆောင်ချက်များအကြောင်း အောက်မှာ အသေးစိတ်လေ့လာလိုက်ပါ။
Our Vision & Purpose
မိတ်ဆွေ... တစ်နေ့တခြား တိုးတက်လာချင်ပေမယ့် တောင်ပုံရာပုံရှိတဲ့ အချက်အလက်တွေကြားမှာ လမ်းပျောက်နေသလို ခံစားနေရလား?
တစ်နေ့ကို ထွက်လာသမျှ သတင်းတွေ၊ ဗဟုသုတတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကထက် အဆပေါင်းများစွာ ပိုများလာပါတယ်။ ဘယ်ဟာက ကိုယ့်အတွက် အကျိုးရှိမလဲ၊ ဘယ်စာအုပ်ကို အချိန်ပေးဖတ်ရမလဲဆိုတာ ရွေးရတာနဲ့တင် ခေါင်းကိုက်စရာပါ။
Information တွေ များလွန်းတဲ့ ဒီခေတ်မှာ "ရွေးချယ်တတ်ဖို့" က အရေးကြီးဆုံးပါ။
12min Notes Myanmar (Est. 2019) ရဲ့ ရည်ရွယ်ချက်က မိတ်ဆွေကို အကောင်းဆုံးတွေပဲ လက်ထဲထည့်ပေးဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာ "ဂျင်း" မရှိဘူး။ "အပေါ်ယံ" မရှိဘူး။
နိုင်ငံတကာက နာမည်ကြီး Non-Fiction စာအုပ်တွေ၊ ဈေးကြီးတဲ့ Masterclass တွေထဲက အသိပညာ ဗဟုသုတနဲ့ နည်းစနစ်ကောင်းတွေကို မြန်မာဘာသာနဲ့ အချိန်တိုအတွင်း ရယူအသုံးချနိုင်အောင် ကျွန်တော်တို့က အစအဆုံး တာဝန်ယူပေးထားပါတယ်။
နိုင်ငံခြားက စာအုပ်တွေ၊ သင်တန်းတွေကို ရှာဖွေသင်ယူရတာ နားမလည်လို့ စိတ်ညစ်ရတဲ့ခေတ် ကုန်သွားပါပြီ။ 12min Notes Myanmar ရဲ့ Digital Products တိုင်းဟာ ရိုးရှင်းလွယ်ကူရမယ်၊ အဆင့်အတန်းမြင့်ရမယ်၊ ပြီးတော့ လက်တွေ့အသုံးချနိုင်ရမယ်။
မိတ်ဆွေရဲ့တိုးတက်မှုအတွက် အချိန်တိုအတွင်း အထိရောက်ဆုံး ကူညီပေးနိုင်မယ့် တန်ဖိုးကြီး အသိပညာတွေကို ဒီမှာပဲ ရယူလိုက်ပါ။
12min Notes Myanmar (Est. 2019) – မိတ်ဆွေရဲ့အချိန်ကို တန်ဖိုးထားတဲ့ အသိပညာလက်တွဲဖော်
Our Values and Standards
ကျွန်တော်တို့ရဲ့ အလုပ်လုပ်ပုံ စံနှုန်းတွေက ရိုးရှင်းပါတယ်။ မိတ်ဆွေအတွက် "အကောင်းဆုံး" ပဲ ဖြစ်ရမယ်။
Deep Quality
No Time-Wasting
Quality Insights Only
Action-Oriented
10X Value
Continuous Improvement