12min Notes Myanmar

Bandwagon Effect

img

Bandwagon Effect

လူများစုနောက် မျက်စိမှိတ်လိုက်မိနေလား? (သင် Bandwagon Effect မိနေတာ ဖြစ်နိုင်တယ်)


ကိုယ်တကယ်တမ်း သိပ်မကြိုက်ပေမဲ့ "Trend" ဖြစ်နေလို့၊ "Popular" ဖြစ်နေလို့ ဝယ်လိုက်မိတဲ့ ပစ္စည်းတွေ ရှိလား။

(ဒါမှမဟုတ်) Facebook ပေါ်မှာ လူတွေ Share နေကြလို့၊ ပြောနေကြလို့ ကိုယ်တိုင် သေချာမစစ်ဆေးဘဲ Share လိုက်မိတာ၊ ယုံကြည်လိုက်မိတာမျိုးရော?

လမ်းသွားရင်း လူတွေ တန်းစီနေတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ရင် "ဒီဆိုင်က စားကောင်းလို့ နေမှာပဲ" ဆိုပြီး ကိုယ်ပါ သွားစားကြည့်ချင်စိတ် ပေါ်လာတာမျိုးကော...

ဒါတွေအားလုံးက Bandwagon Effect လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ် (Psychological Phenomenon) တစ်ခုကြောင့်ပါ။


ရှင်းရှင်းပြောရရင် Bandwagon Effect ဆိုတာ −

"တခြားသူတွေ အများကြီး လုပ်နေလို့" ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လူတစ်ယောက်က အပြုအမူတစ်ခု၊ ယုံကြည်ချက်တစ်ခု၊ ဒါမှမဟုတ် Style တစ်ခုကို လိုက်လုပ်တာ၊ လိုက်ယုံကြည်တာကို ခေါ်တာပါ။

ဒီစကားလုံးက "Bandwagon" (စီတန်းလှည့်လည်ပွဲတွေမှာ သီချင်းတီးဝိုင်းပါတဲ့ ယာဉ်) ပေါ်ကို "ခုန်တက်" တာကနေ လာတာပါ။

ရှေးတုန်းက US နိုင်ငံရေးသမားတွေက နာမည်ကြီးလူရွှင်တော်ရဲ့ Bandwagon ယာဉ်ပေါ်တက်ပြီး မဲဆွယ်ရာကနေ "အောင်မြင်နေတဲ့ဘက်ကို ကပ်တယ်"၊ "လူကြိုက်များနေတဲ့ဘက်နောက် လိုက်တယ်" ဆိုတဲ့ သဘောနဲ့ သုံးလာကြတာပါ။




🧐 လူတွေက ဘာလို့ "လူအများ" နောက် လိုက်ချင်ကြတာလဲ?


ဒီလိုဖြစ်တာက ကျွန်တော်တို့ရဲ့ ဦးနှောက်က အားနည်းလို့ မဟုတ်ပါဘူး။

ဒါဟာ လူ့သဘာဝ (Human Nature) ရဲ့ တစ်စိတ်တစ်ပိုင်းပါ။

အဓိက အကြောင်းရင်းတွေ ရှိပါတယ်။


၁။ အုပ်စုထဲ 'Fit In' ဖြစ်ချင်စိတ် (Desire to Belong)

လူဆိုတာ အဖွဲ့အစည်းနဲ့ နေထိုင်တဲ့ သတ္တဝါပါ။ "အများနဲ့မတူ၊ တစ်ယောက်တည်း 'Odd' ဖြစ်နေမှာ" ကို ကျွန်တော်တို့ရဲ့ ဦးနှောက်က မသိစိတ်ထဲမှာ ကြောက်ရွံ့ပါတယ်။

အဖွဲ့ထဲမှာ အဆင်ပြေပြေ ဝင်ဆံ့ချင်တယ်၊ လူတွေရဲ့ လက်ခံမှု (Acceptance) ကို ရချင်တယ်။ ဒါကို စိတ်ပညာမှာ (Normative Social Influence) လို့ ခေါ်တယ်။


၂။ "လူအများ" က ပိုသိတယ်လို့ ထင်ခြင်း (Informational Social Influence)

"လူအများကြီး လုပ်နေမှတော့၊ ယုံနေမှတော့ ဒါ 'အမှန်' ပဲ ဖြစ်ရမယ်" "သူတို့က ငါ့ထက် ပိုသိမှာပါ" ဆိုပြီး ကိုယ့်ရဲ့ သုံးသပ်ချက်ကို ပယ်ပြီး၊ အများရဲ့ ဆုံးဖြတ်ချက်ကို ယူလိုက်တာပါ။

ဒါက (Heuristic) လို့ခေါ်တဲ့ "ဦးနှောက်ရဲ့ ဖြတ်လမ်း" (Mental Shortcut) တစ်ခုပဲ။ ကိုယ်တိုင် အချိန်ကုန်ခံပြီး စဉ်းစားမနေတော့ဘူး။


၃။ FOMO – Fear of Missing Out

"ငါတစ်ယောက်တည်း နောက်ကျကျန်ခဲ့မှာ"

"ဒီ Trend ကို မမှီလိုက်မှာ"

ဒီလိုကြောက်တဲ့စိတ်ကလည်း "Bandwagon" ပေါ် ခုန်တက်ဖို့ တွန်းအားပေးတယ်။


၄။ "အနိုင်ရတဲ့ဘက်" မှာ နေချင်စိတ် (Winning Side)

အထူးသဖြင့် နိုင်ငံရေး၊ အားကစား၊ ပြိုင်ပွဲလိုနေရာမျိုးတွေမှာ "နိုင်နေတဲ့ဘက်"၊ "လူကြိုက်များနေတဲ့ဘက်" ကပဲ ရပ်တည်ချင်စိတ်ပါ။ ဘယ်သူမှ ရှုံးမယ့်ဘက်မှာ မနေချင်ကြပါဘူး။




🚨 Bandwagon Effect ရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ?

ဒီ Effect က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ၊ အလုပ်ခွင်ကနေ စီးပွားရေး၊ နိုင်ငံရေးအထိ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။


၁။ Business၊ Marketing နဲ့ ဝယ်ယူမှု (Consumer Behavior)

ဒါကို စီးပွားရေးသမားတွေနဲ့ Marketer တွေက အသုံးချပါတယ်။

ဥပမာ - E-commerce site တွေမှာ "Best-Seller" (အရောင်းရဆုံး)၊ "Most Popular" (လူကြိုက်အများဆုံး) ဆိုပြီး ပြတာ၊ Customer Reviews တွေ၊ Testimonials တွေ အများကြီး ပြတာ၊ "ဒီပစ္စည်းကို လူ ဘယ်နှစ်ယောက် ဝယ်ပြီးပါပြီ" ဆိုပြီး ပြတာတွေဟာ "လူတွေအများကြီး ဝယ်နေပြီ၊ သင်ရော မဝယ်သေးဘူးလား" ဆိုတဲ့ Bandwagon Effect ကို တမင် သုံးနေတာပါ။

Bubble Tea ဆိုင်တစ်ဆိုင်က "လူတွေ တန်းစီဝယ်နေတဲ့" ဓာတ်ပုံတွေ တက်လာတာနဲ့၊ အဲ့ဒီဆိုင်ဟာ "သောက်ကောင်းလို့" ဆိုတာထက် "Trend ဖြစ်နေလို့" သွားဝယ်တဲ့သူတွေ ပိုများလာစေပါတယ်။


၂။ Finance နဲ့ ရင်းနှီးမြှုပ်နှံမှု (Investment)

Stock Market ဒါမှမဟုတ် Crypto လို နေရာတွေမှာ "Price Bubble" (ဈေးပူဖောင်း) တွေ ဖြစ်တာ ဒါကြောင့်ပဲ။

လူတွေ "ဟိုဟာ တက်နေပြီ" ဆိုတာနဲ့ အကုန် လိုက်ဝယ်ကြတယ်။

ဘာကြောင့်တက်လဲ၊ တကယ် တန်ဖိုးရှိလို့လား သေချာမစဉ်းစားဘဲ "ကျန်ခဲ့မှာ ကြောက်လို့" (FOMO) လိုက်ဝယ်ရင်း ဈေးတွေ အဆမတန် မြင့်တက်ပြီး၊ တစ်ချိန်မှာ အဲ့ဒီ ပူဖောင်း ပေါက်ကွဲပြီး အရှုံးပေါ်ကြတယ်။

(၂၀၀၈ ခုနှစ် U.S. အိမ်ခြံမြေ ပူဖောင်း၊ ဒါမှမဟုတ် မကြာသေးခင်က Crypto လောကက ဖြစ်စဉ်တချို့ကို ကြည့်နိုင်ပါတယ်။)


၃။ နိုင်ငံရေး နဲ့ လူမှုအသိုင်းအဝိုင်း (Politics & Society)

ဒါက နည်းနည်း အန္တရာယ်ရှိနိုင်ပါတယ်။

နိုင်ငံတကာမှာ လူတွေက "Polls" (မဲဆန္ဒတိုင်းတာချက်) တွေမှာ ဦးဆောင်နေတဲ့ Candidate ကိုပဲ "နိုင်မှာပဲ" ဆိုပြီး လိုက်မဲပေးတတ်ကြတယ်။ ကိုယ့်ရဲ့ မူဝါဒနဲ့ ကိုက်လို့ မဟုတ်ဘဲ၊ "အနိုင်ရမယ့်ဘက်က" ဖြစ်ချင်လို့ မဲပေးလိုက်တာမျိုးပါ။

ပိုဆိုးတာက "Mob Mentality" (လူအုပ်စိတ်ဓာတ်) ပါ။

Social Media ပေါ်မှာ သတင်းမှား (Misinformation) တွေ၊ အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေကိုတောင် လူအများ Share နေ၊ လုပ်နေလို့ဆိုပြီး မဆန်းစစ်ဘဲ လိုက်လုပ်မိ၊ လိုက် Share မိတတ်ကြတယ်။


၄။ အားကစား နဲ့ Fashion (Sports & Trends)

Fashion trends တွေက Bandwagon Effect ရဲ့ အရှင်းလင်းဆုံး ဥပမာပါ။

တစ်ယောက်က စဝတ်တယ်၊ Celebrity တစ်ယောက်က ဝတ်တယ်၊ လူကြိုက်များလာတယ်၊ နောက်ဆုံး လူတိုင်း အဲ့ဒီ Style ကို လိုက်ဝတ်ကြတယ်။

အားကစားမှာလည်း "Bandwagon Fan" ဆိုတာရှိတယ်။ ကိုယ့်အသင်း အခြေအနေမကောင်းတုန်းက အားမပေးဘဲ၊ အောင်မြင်လာမှ၊ လူကြိုက်များလာမှ "ငါလည်း ဒီအသင်း Fan ပဲ" ဆိုပြီး လိုက်အားပေးတဲ့သူမျိုးပေါ့။




📌 ဒီ "လူအများနောက်လိုက်တဲ့" အကျင့်ကို ဘယ်လို သတိထားမလဲ?


Bandwagon Effect ကို လုံးဝ ရှောင်လို့မရပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ သားကောင် မဖြစ်အောင်၊ ဆုံးဖြတ်ချက်မှားတွေ မချမိအောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်လို့ ရပါတယ်။


၁။ ဆုံးဖြတ်ချက်ကို "အချိန်ဆွဲ" ပါ (Slow Down)

တစ်ခုခုကို ဝယ်တော့မလို့၊ Share တော့မလို့၊ ဒါမှမဟုတ် ယုံတော့မလို့ ဖြစ်လာရင် ခဏလေးရပ်ပါ။ 

ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခု ပြန်မေးပါ။

📌 "ငါ ဒါကို တကယ် ကြိုက်လို့/ယုံလို့လား၊ ဒါမှမဟုတ် လူတွေလုပ်နေလို့ လိုက်လုပ်ချင်တာလား" လို့ မေးပါ။

အဲ့ဒီ ခဏရပ်လိုက်တဲ့ အချိန်လေးက သင့်ကို အများကြီး ကယ်တင်နိုင်ပါတယ်။


၂။ "ဆန့်ကျင်ဘက်" အမြင်ကို တမင် ရှာဖွေပါ (Explore Alternatives)

📌 လူတိုင်းက "A" ကောင်းတယ် ပြောနေရင် "B" ကရော ဘယ်လိုလဲ ဆိုပြီး တမင် ရှာကြည့်ပါ။

လူကြိုက်နည်းတဲ့ အမြင်၊ အချက်အလက်တွေကို တမင် ရှာဖတ်ပါ။

ဒါက သင့်ရဲ့ Critical Thinking (ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်း) ကို မြှင့်တင်ပေးတယ်။


၃။ အချက်အလက် စစ်ဆေးပါ (Fact-Check)

📌"လူတိုင်း ပြောနေတိုင်း" မယုံပါနဲ့။

အထူးသဖြင့် Social Media မှာ "လူအများ Share နေတိုင်း" မ Share ပါနဲ့။

ဒါဟာ သတင်းမှန် (Fact) လား၊ ထင်မြင်ချက် (Opinion) လား၊ ဒါမှမဟုတ် သတင်းမှား (Misinformation) လား ဆိုတာ ကိုယ်တိုင် စစ်ဆေးတဲ့ အကျင့်လုပ်ပါ။


၄။ (အဖွဲ့အစည်းများအတွက်) Psychological Safety ကို တည်ဆောက်ပါ။

ကိုယ့်အဖွဲ့ထဲမှာ၊ အလုပ်ထဲမှာ ကိုယ်နဲ့ "သဘောထား မတူတဲ့သူ" ကို လွတ်လပ်စွာ ပြောခွင့်ပေးပါ။ "မင်းတစ်ယောက်တည်း ထူးပြီး" ဆိုတဲ့ အပြစ်တင်တတ်တဲ့ယဉ်ကျေးမှုကို ဖျောက်ပြီး၊ ဆန့်ကျင်ဘက်အမြင်တွေကို တန်ဖိုးထားပါ။

ဒါမှ Groupthink (အဖွဲ့လိုက် တစ်ပုံစံတည်း တွေးခြင်း) ကို ရှောင်နိုင်မှာပါ။




📌 Key Takeaways

Bandwagon Effect ဆိုတာ လူအများနောက် လိုက်ချင်တဲ့ ကျွန်တော်တို့ရဲ့ သဘာဝစိတ်ဆန္ဒ (Desire to belong & to be right) ကြောင့် ဖြစ်လာတာပါ။

ဒါက အန္တရာယ်မရှိစေတဲ့၊ ပျော်စရာ Trend တွေမှာ ပါဝင်တာမျိုး (ဥပမာ - Ice Bucket Challenge လို ကောင်းတဲ့ကိစ္စတွေ) ရှိသလို၊

ကိုယ့်ရဲ့ ပိုက်ဆံ၊ ယုံကြည်ချက်၊ အသက်မွေးဝမ်းကြောင်းကိုပါ ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်မှားတွေ (ဥပမာ - Financial Bubble) ချမိတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

💢 အဓိက သတိထားရမှာက "လူကြိုက်များတာ" (Popular) နဲ့ "မှန်ကန်တာ" (Right) ဟာ အမြဲတမ်း မတူဘူး ဆိုတာပါပဲ။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အများရဲ့ သဘောထားကို ထည့်စဉ်းစားနိုင်ပေမယ့် နောက်ဆုံးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် Critical Thinking (ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်း) ကိုသာ ဦးစားပေးဖို့ အရေးကြီးပါတယ်။


©12minNotesMyanmar-Est.2019


~ ~ ~ ~ ~ ~ ~ ~ ~ ~ 


🚨လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။

ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸


ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀

ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။


"Thinking Traps" (Super Guide eBook) ကို ရယူအသုံးချလိုပါက −

Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅

(သို့မဟုတ်) 

Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅


~ ~ ~ ~ ~ ~ ~ ~ ~ ~ 


Exclusive Invitation:


တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက်ပိုမြင့်တဲ့ Next Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။ အဲ့ဒါကတော့…

Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။


✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇


၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် −

Facebook: https://www.facebook.com/12minNotes/posts/1149466227349406

Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။


၂။ Video ရှင်းပြချက် ကြည့်ရန် −

Facebook: https://www.facebook.com/100068581195075/posts/1150184313944264/

YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw


၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် −

Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅

(သို့မဟုတ်) 

Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅

Author : 12min Notes Myanmar