12min Notes Myanmar
Bundling Bias
Bundling Bias
❝ Package ဝယ်ရင် ပိုတန်တယ် ❞ ဆိုတာ တကယ်ပဲလား? ဒါမှမဟုတ် ပိုက်ဆံပိုကုန်အောင် အညာခံလိုက်ရတာလား? (Bundling Bias) "Gym ကို (၆) လစာ တစ်ခါတည်းပေးလိုက်ရင် ပိုတန်တယ်" "Movie Ticket (၅) စောင်တွဲဝယ်ရင် (၁) စောင်စာ လျှော့ပေးမယ်" "Software တွေ အစုံလိုက် (Suite) ဝယ်ရင် ပိုသက်သာတယ်" ဒီလို "Bundle" ဒါမှမဟုတ် "Package" promotion တွေ တွေ့ရင် ကျွန်တော်တို့ စိတ်ထဲမှာ "အရမ်းတန်တာပဲ" လို့ တွေးပြီး ဝယ်လိုက်မိတတ်ကြတယ်။ ဒါက စီးပွားရေးသမားတွေ သုံးတဲ့ လျှော့ဈေးပေးပြီး ရောင်းအားမြှင့်တဲ့ နည်းလမ်းတစ်ခုပဲလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ရော... အဲ့ဒီ Gym ကို (၆) လလုံးလုံး မှန်မှန်သွားဖြစ်ရဲ့လား။ Movie Ticket (၅) စောင်လုံး အချိန်မီ သုံးဖြစ်လိုက်ရဲ့လား။ ဝယ်လိုက်တဲ့ Software တွေထဲက တချို့ကို ဖွင့်တောင်မကြည့်ဖြစ်တာမျိုး မရှိဘူးလား။ အဲ့ဒါဟာ သင်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါကို စီးပွားရေးစိတ်ပညာ (Behavioral Economics) မှာ Bundling Bias လို့ခေါ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပိုက်ဆံအိတ်ကို ဘယ်လိုထိခိုက်နေလဲ၊ လုပ်ငန်းတွေက ဒါကို ဘယ်လိုအသုံးချနေလဲ၊ ကိုယ်တိုင်ကရော ဒီထောင်ချောက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ လေ့လာကြည့်ရအောင်။ 🤔 Bundling Bias ဆိုတာ ဘာလဲ? Bundling Bias ဆိုတာကတော့ "Package" (Bundle) အနေနဲ့ ဝယ်လိုက်တဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို တစ်ခုချင်းစီ သီးသန့်ဝယ်တာနဲ့ယှဉ်ရင် အကုန်အစင် အပြည့်အဝ သုံးမဖြစ်တော့တဲ့ ကျွန်တော်တို့ရဲ့ စိတ်သဘောထား (Tendency) ကို ခေါ်တာပါ။ ရှင်းရှင်းလေးပါ၊ ဥပမာတစ်ခုကြည့်ရအောင်။ ရုပ်ရှင်လက်မှတ် တစ်စောင်ကို ၁၀,၀၀၀ ကျပ် ဆိုပါစို့။ ရုပ်ရှင်ရုံက "လစဉ် Package" ဆိုပြီး (၅) စောင်ကို ၄၅,၀၀၀ ကျပ် နဲ့ ရောင်းတယ်။ (တစ်စောင်ချင်းဝယ်တာထက် ၅,၀၀၀ သက်သာတယ်) "အရမ်းတန်တယ်" ဆိုပြီး သင်က ဒီ Package ကို ဝယ်လိုက်တယ်။ ဒါပေမဲ့ Bundling Bias က ဘာပြောလဲဆိုတော့... အဲ့ဒီလို Package နဲ့ ဝယ်လိုက်တဲ့အခါ (၅) စောင်လုံး အပြည့်အဝ သွားကြည့်ဖြစ်ဖို့ အခွင့်အလမ်းက တစ်စောင်ချင်းဝယ်တာထက် ပိုနည်းသွားတယ်" တဲ့။ တကယ်လို့ သင်က (၄) စောင်ပဲ ကြည့်ဖြစ်လိုက်တယ်ဆိုရင်ရော? သင် ၄၅,၀၀၀ ပေးထားရတယ်။ တစ်စောင်ချင်းဝယ်ရင် (၄) စောင်ကို ၄၀,၀၀၀ ပဲ ကျမှာ။ ဆိုလိုတာက သင်က ၅,၀၀၀ "သက်သာ" လိုက်တာ မဟုတ်ဘဲ၊ ၅,၀၀၀ "ပို" ကုန်သွားတာပါ။ ဒါကို လုပ်ငန်းတွေက ကောင်းကောင်းသိပါတယ်။ ⛷️ နာမည်ကြီးတဲ့ "Ski Trip" စမ်းသပ်မှု ဒီအကြောင်းကို Professor Dilip Soman နဲ့ John Gourville တို့က ၂၀၀၁ ခုနှစ်မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့တယ်။ သူတို့က ကျောင်းသားတွေကို (၄) ရက်တာ Ski စီးတဲ့ ခရီးစဉ်တစ်ခုကို စိတ်ကူးယဉ်ခိုင်းတယ်။ အုပ်စု (က) ကို "၄ ရက်စာ Ski Pass တစ်ခု" (Bundled) ကို $160 နဲ့ ဝယ်ထားတယ်လို့ ပြောတယ်။ အုပ်စု (ခ) ကို "တစ်ရက်စာ လက်မှတ် ၄ စောင်" (Unbundled) ကို တစ်စောင် $40 (စုစုပေါင်း $160) နဲ့ ဝယ်ထားတယ်လို့ ပြောတယ်။ ဈေးနှုန်းကတော့ အတူတူပါပဲ။ အဲ့ဒီမှာ နောက်ဆုံး (၄) ရက်မြောက်နေ့မှာ ရာသီဥတုက မကောင်းဘူး၊ နည်းနည်းအေးစက်နေတယ်။ သူငယ်ချင်းက "မစီးတော့ဘဲ အိမ်စောစောပြန်ကြရအောင်" လို့ အကြံပေးတယ်။ မေးခွန်းက "သင် နောက်ဆုံးတစ်ရက်ကို ဆက်ပြီး Ski စီးဖြစ်မလား?" ရလဒ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ "တစ်ရက်ချင်း လက်မှတ် ၄ စောင်" (Unbundled) ဝယ်ထားတဲ့ အုပ်စု (ခ) က နောက်ဆုံးတစ်ရက်ကို (နှမြောတဲ့စိတ်နဲ့) သွားစီးဖို့ အခွင့်အလမ်း ပိုများနေတာကို တွေ့ရတယ်။ "၄ ရက်စာ Pass" တစ်ခုတည်း ဝယ်ထားတဲ့ အုပ်စု (က) ကတော့ "မစီးတော့ဘူး၊ ထားလိုက်တော့" ဆိုပြီး ကျော်ပစ်ဖို့ ပိုလွယ်နေတယ်။ ဘာကြောင့် ဒီလိုကွာသွားရတာလဲ? 🧠 ဒီ Bias က ဘာကြောင့်ဖြစ်ရတာလဲ။ အဓိက အကြောင်းရင်း နှစ်ခုရှိပါတယ်။ ၁။ 'နှမြောစိတ်' ပျောက်သွားလို့ (Decoupling from Sunk-Cost Fallacy) ကျွန်တော်တို့မှာ Sunk-Cost Fallacy ဆိုတဲ့ စိတ်အခံတစ်ခုရှိတယ်။ "ပိုက်ဆံပေးထားပြီးရင် နှမြောတဲ့စိတ်နဲ့ မဖြစ်ဖြစ်အောင် လုပ်တဲ့စိတ်" ပါ။ (ဥပမာ − ပွဲလက်မှတ်ဝယ်ထားပြီးမှ သွားချင်စိတ်မရှိတော့ပေမယ့် "ပိုက်ဆံပေးထားပြီးသားမို့" ဆိုပြီး အတင်းသွားတာမျိုး)။ ဒါပေမဲ့ 'Package' နဲ့ ဝယ်လိုက်တဲ့အခါ တစ်ခုချင်းစီရဲ့ တန်ဖိုးက ဦးနှောက်ထဲမှာ ဝါးသွားပါတယ် (Decoupling)။ 'တစ်ရက်ချင်း လက်မှတ် (၄) စောင်' ဝယ်ထားတဲ့သူက နောက်ဆုံးနေ့မှာ "$40 တန် လက်မှတ်ကြီး" လို့ သီးသန့်မြင်တယ်။ ဒါကြောင့် နှမြောပြီး သွားစီးဖြစ်တယ်။ '၄ ရက်စာ Pass' ဝယ်ထားတဲ့သူကတော့ "$160 ပေးထားတာ၊ ၃ ရက် စီးပြီးပြီဆိုတော့ တော်တော်တန်နေပြီ" လို့ ဦးနှောက်က တွက်လိုက်တယ်။ နောက်ဆုံးတစ်ရက်စာရဲ့ "$40" တန်ဖိုးကို သီးသန့်မမြင်တော့ဘူး။ ဒါကြောင့် မစီးဘဲ ထားပစ်လိုက်ဖို့ လွယ်သွားတယ်။ ၂။ အနာဂတ်ကို အထင်မှားလို့ (Projection Bias) ဒါကလည်း အရမ်းအရေးကြီးတယ်။ Projection Bias ဆိုတာ "ဝယ်တဲ့အချိန်က စိတ် (Current Preference) နဲ့ တကယ်သုံးရမယ့်အချိန်က စိတ် (Future Preference) က တစ်ထပ်တည်းကျနေမယ်" လို့ မှားယွင်းစွာ ယူဆတာပါ။ Gym (၆) လစာ ဝယ်တုန်းကတော့ "ငါ ဒီတစ်ခါတော့ တကယ်ကစားတော့မယ်" ဆိုတဲ့ စိတ်က အရမ်းပြင်းထန်နေတယ်။ ဒါပေမဲ့ (၃) လလောက်ကြာတော့ "မနက်ဖြန်မှ သွားတော့မယ်ကွာ" ဆိုတဲ့ ပစ္စုပ္ပန်က ပျင်းစိတ်က အနိုင်ယူသွားရော။ ဝယ်တုန်းက စိတ်အားထက်သန်မှုက ရေရှည်မှာ ကျန်နေမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ မေ့နေတတ်ကြတယ်။ 💡 ဒီထောင်ချောက်ကို ဘယ်လိုရှောင်မလဲ? ဒီ Bias ကို သိသွားပြီဆိုတော့ ကိုယ့်ပိုက်ဆံကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ၁။ 'တစ်ခုချင်း' တန်ဖိုးကို ပြန်တွက်ပါ (Recouple the cost) Package တစ်ခုမဝယ်ခင်၊ "ဒါကို ငါ တကယ်ရော အကုန်သုံးဖြစ်မှာလား?" လို့ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ ပြီးရင် "တစ်ခေါက်စာ" (Per-item cost) ကို တွက်ပါ။ ဥပမာ − Movie (၅) စောင်ကို ၄၅၀၀၀ ဆိုရင် တစ်စောင်ကို ၉၀၀၀ ကျပ် ကျတယ်။ သင်က (၄) စောင်ပဲ ကြည့်ဖြစ်မယ်ထင်ရင် (၄) စောင်စာ ၄၀၀၀၀ ပဲ ပေးဝယ်တာက ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ "တန်လို့" ဝယ်တာထက် "တကယ်သုံးမှာမို့" ဝယ်တာမျိုး ဖြစ်အောင် ကြိုးစားပါ။ ၂။ ကိုယ့်ရဲ့ 'Projection Bias' ကို သတိထားပါ။ ဝယ်တုန်းက စိတ်အားထက်သန်မှုက ရေရှည်မှာ ဒီအတိုင်း ဆက်ရှိနေမှာ မဟုတ်ဘူးဆိုတာ လက်ခံထားပါ။ အနာဂတ်က "ပျင်းတဲ့" ကိုယ့်ကိုယ်ကိုယ် အတွက်ပါ ထည့်စဉ်းစားပါ။ ၃။ လုပ်ငန်းရှင်တွေအတွက် Tip. တကယ်လို့ သင်က Customer တွေကို ပစ္စည်းအစုံရောင်းချင်တယ်၊ ဒါပေမဲ့ သူတို့ကို အဲ့ဒီပစ္စည်းတွေ အပြည့်အဝ သုံးစေချင်တယ်ဆိုရင် (ဥပမာ Health Check-up Package၊ ဒါမှမဟုတ် Online Course အစုံ)၊ ပိုက်ဆံကို Bundle နဲ့ ယူရင်တောင်၊ လက်မှတ် (Voucher) ဒါမှမဟုတ် အသုံးပြုခွင့်ကို 'တစ်ခုချင်း' စီ ခွဲပေးပါ။ ဥပမာ − "Package" လို့ မပြောဘဲ "မျက်စိစစ်ဆေးခြင်း (၁) စောင်"၊ "သွေးစစ်ခြင်း (၁) စောင်" လို့ လက်မှတ်တွေ ခွဲပေးလိုက်တာက Customer ရဲ့ Sunk-Cost Fallacy (နှမြောစိတ်) ကို ပြန်နှိုးဆွပေးသလို ဖြစ်ပြီး ဝန်ဆောင်မှုကို လာသုံးဖြစ်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ အဓိက မှတ်သားစရာ (Key Takeaway) Bundling Bias ဆိုတာ 'Package' နဲ့ ဝယ်လိုက်တဲ့ ပစ္စည်း/ဝန်ဆောင်မှုတွေကို တန်ဖိုးအပြည့်အဝ သုံးမဖြစ်တော့တဲ့ ကျွန်တော်တို့ရဲ့ စိတ်သဘောထားပါ။ ဖြစ်ရတဲ့အကြောင်းရင်းက 'တစ်ခုချင်း' ရဲ့ တန်ဖိုး (Cost) ကို ဦးနှောက်က မမြင်တော့ဘဲ (Decoupling)၊ 'နှမြောစိတ်' (Sunk-Cost Fallacy) ပျောက်သွားလို့ပါ။ ဒါ့အပြင် ဝယ်တုန်းက စိတ် (Projection Bias) နဲ့ တကယ်သုံးမယ့်အချိန်က စိတ် မတူတော့တာကြောင့်လည်း ပါပါတယ်။ ဒါကိုရှောင်ဖို့ဆိုရင် မဝယ်ခင် 'တစ်ခေါက်စာ တန်ဖိုး' ကို အတိအကျ ပြန်တွက်ပြီး 'တကယ်သုံးဖြစ်မလား' ဆိုတာကို လက်တွေ့ကျကျ ဆန်းစစ်ပါ။ 'တန်လို့' ဝယ်တာထက် 'သုံးမှာမို့' ဝယ်တာက သင့်ပိုက်ဆံကို ပိုစုမိစေပါလိမ့်မယ်။ ©12minNotesMyanmar-Est.2019 ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 🚨 လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။ ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸 ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀 ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။ Thinking Traps (Super Guide eBook) ကို ရယူအသုံးချလိုပါက − Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅ (သို့မဟုတ်) Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ “Advanced-level” Invitation: တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက် ပိုအဆင့်မြင့်တဲ့ Elite Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။ အဲ့ဒါကတော့… Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။ ✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊ ၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် − Facebook: https://www.facebook.com/12minNotes/posts/1149466227349406 Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။ ၂။ Video ရှင်းပြချက် ကြည့်ရန် − Facebook: https://www.facebook.com/100068581195075/posts/1150184313944264/ YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw ၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် − Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅ (သို့မဟုတ်) Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇
Author : 12min Notes Myanmar