12min Notes Myanmar
Dunning- Kruger Effect (DKE)
Dunning- Kruger Effect (DKE)
'ငါသိသားပဲ' ဆိုတာရဲ့ ထောင်ချောက် (ယုံကြည်မှုလွန်ကဲခြင်း၏ စိတ်ပညာ Dunning- Kruger Effect)
ဒီနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်မှာ အမြဲလိုလို တွေ့ကြုံနေရတဲ့ စိတ်ပညာဆိုင်ရာ သဘောတရားတစ်ခုကို ဆွေးနွေးသွားမှာပါ။
ခေါင်းစဉ်ကတော့ Dunning-Kruger Effect (DKE) ဖြစ်ပါတယ်။
ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ "ဘာမှ သိပ်မသိဘဲနဲ့ ဆရာကြီးလုပ်နေတဲ့သူတွေ" ကို မြင်ဖူးလား?
ဒါမှမဟုတ်
တကယ်တော်တဲ့သူတွေကကျတော့ "ငါ သိပ်မတော်ပါဘူး" လို့ နှိမ့်ချလွန်းအားကြီးနေတာမျိုးရော ကြုံဖူးလား?
ဒါက လူတွေရဲ့ စရိုက်ဆိုးထက်၊ လူ့ဦးနှောက်ရဲ့ အလုပ်လုပ်ပုံမှာ ဖြစ်တတ်တဲ့ Dunning-Kruger Effect လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှု (Cognitive Bias) တစ်ခုကြောင့်ပါ။
ဒီသဘောတရားကို နားလည်ထားရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး တိုးတက်အောင်လုပ်နိုင်သလို၊ သူများတွေကိုလည်း ပိုနားလည်ပေးနိုင်လာပါလိမ့်မယ်။
ကဲ... ဒါဆိုရင် ဒီသဘောတရားရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာတွေကို လေ့လာကြည့်ရအောင်။
Dunning-Kruger Effect ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် Dunning-Kruger Effect ဆိုတာ အရည်အချင်းမရှိတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တယ်လို့ ထင်နေပြီး၊ တကယ်တော်တဲ့သူတွေကကျတော့ ကိုယ့်ကိုယ်ကိုယ် လျှော့တွက်တတ်တဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။
ဒီသဘောတရားကို ၁၉၉၉ ခုနှစ်မှာ Cornell တက္ကသိုလ်က သုတေသီ David Dunning နဲ့ Justin Kruger တို့က စတင်ဖော်ထုတ်ခဲ့ပါတယ်။
The Overconfidence of the Incompetent:
ဘာသာရပ်တစ်ခု (သို့) ကျွမ်းကျင်မှုတစ်ခုမှာ အသိပညာနည်းတဲ့သူတွေဟာ သူတို့ “မသိနားမလည်ဘူး" ဆိုတာကိုတောင် မသိကြပါဘူး (Unknown Unknowns)။ ဒါကြောင့်ပဲ သူတို့က ကိုယ့်ကိုကိုယ် အရမ်းတွေ သိနေပြီလို့ထင်ပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) က အလွန်မြင့်မားနေတတ်ပါတယ်။ ဥပမာ - ဂစ်တာ ကော့ဒ် (Chord) ၅ ခုလောက် တီးတတ်ကာစ လူငယ်တစ်ယောက်က "ဂစ်တာတီးရတာ လွယ်လေးပဲ" လို့ ထင်နေသလိုမျိုးပေါ့။
The Doubt of the Expert:
တကယ့် ပညာရှင်တွေကျတော့ ဒီအရာက ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ သိနေတဲ့အတွက် "ငါ လိုပါသေးတယ်" လို့ တွေးမိတတ်ကြပါတယ်။ ဒါ့အပြင် သူတို့အတွက် လွယ်ကူနေတဲ့အရာမို့လို့ "တခြားလူတွေအတွက်လည်း လွယ်မှာပါလေ" လို့ မှားယွင်းစွာ ယူဆမိတတ်ကြပါတယ်။
Dunning-Kruger ၏ အဆင့် ၄ ဆင့် (The 4 Stages of Competence)
ကျွန်တော်တို့ ကျွမ်းကျင်မှုတစ်ခုခုကို သင်ယူတဲ့အခါ ဖြတ်သန်းရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့် ၄ ဆင့် ရှိပါတယ်။
ဒါကို နားလည်ထားရင် ကိုယ်အခု ဘယ်အဆင့်ရောက်နေလဲဆိုတာ ဆန်းစစ်လို့ရပါတယ်။
၁။ မသိတာကို မသိခြင်း (Unconscious Incompetence)
ဒါက အစပိုင်းအဆင့်ပါ။
ဥပမာ - စပိန်ဘာသာစကားကို စသင်တဲ့သူတစ်ယောက်က "Hola cómo estás? Estoy muy bien gracias" လောက် ပြောတတ်ရုံနဲ့ "ငါ စကားပြောတတ်ပြီ" လို့ ထင်နေတာမျိုးပါ။ သူတို့က ကိုယ် ဘယ်လောက် မသိသေးဘူးလဲဆိုတာကို သတိမထားမိကြပါဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကတော့ အမြင့်ဆုံးအဆင့်ပါပဲ။
၂။ မသိတာကို သိလာခြင်း (Conscious Incompetence)
ဒါက အမှန်တရားနဲ့ စတင်ရင်ဆိုင်ရတဲ့ အဆင့်ပါ။
စပိန်စကားပြောတဲ့ Native Speaker တစ်ယောက်နဲ့ စကားပြောကြည့်မှ ကိုယ်ဘာမှ နားမလည်မှန်း သတိထားမိလာတယ်။ "ဟာ... ငါထင်သလောက် မလွယ်ပါလား" ဆိုပြီး ယုံကြည်မှု ထိုးကျသွားတတ်ပါတယ်။ ဒီနေရာက တိုးတက်ဖို့အတွက် အရေးကြီးဆုံး အဆင့်ပါပဲ။
၃။ သိပြီး ကျွမ်းကျင်စပြုလာခြင်း (Conscious Competence)
လေ့လာပါများလာတော့ တတ်လာပြီ။ ဒါပေမဲ့ စကားပြောတဲ့အခါ သဒ္ဒါမှန်ရဲ့လား၊ အသံထွက်မှန်ရဲ့လားဆိုပြီး သတိထား (Focus) ပြီး ပြောနေရတုန်း အဆင့်ပါ။
ကျွမ်းကျင်လာပေမဲ့ အားစိုက်ထုတ်မှု လိုအပ်နေပါသေးတယ်။
၄။ အလိုအလျောက် ကျွမ်းကျင်ခြင်း (Unconscious Competence)
ဒါကတော့ ဆရာကြီးအဆင့် (Mastery) ပါ။
ကားမောင်းကျွမ်းကျင်တဲ့သူက စတီယာရင်ကို ဘယ်လိုကိုင်ရမယ်၊ ဘရိတ်ဘယ်လိုနင်းရမယ် စဉ်းစားစရာမလိုဘဲ အလိုလို မောင်းနိုင်သလိုမျိုးပေါ့။ ဒီအဆင့်ရောက်ရင် အရာရာက လွယ်ကူနေသလို ခံစားရလို့ တခြားသူတွေ မလုပ်နိုင်တဲ့အခါ နားမလည်နိုင် ဖြစ်တတ်ပါတယ်။
ဘာကြောင့် ဒါကို ဂရုစိုက်သင့်သလဲ? (Why It Matters)
ဒီ Effect က လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။
(၁) လုပ်ငန်းခွင်အန္တရာယ် (Workplace Impact)
လေ့လာမှုတစ်ခုအရ - Software ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း ၄၂% က သူတို့ကိုယ်သူတို့ ထိပ်တန်းကျွမ်းကျင် ၅% စာရင်းဝင် (Top 5% Performer) တွေလို့ ယူဆကြပါတယ်။ သင်္ချာသဘောအရ ဒါမဖြစ်နိုင်ပါဘူး။
ရလဒ်အနေနဲ့ မတော်ဘဲ တော်တယ်ထင်နေတဲ့သူတွေက Feedback (အကြံပြုချက်) တွေကို လက်မခံကြပါဘူး။ သင်ယူလေ့လာဖို့ ငြင်းဆန်ကြပါတယ်။
(၂) Imposter Syndrome (မိမိကိုယ်ကို အထင်သေးခြင်း)
တကယ်တော်တဲ့သူတွေကျတော့ "ငါ ဒီလောက်လုပ်နိုင်တာ သူများတွေလည်း လုပ်နိုင်မှာပါ၊ ငါက သိပ်မထူးခြားပါဘူး" လို့ ထင်ပြီး ရာထူးတိုးဖို့၊ အခွင့်အရေးယူဖို့ တွန့်ဆုတ်နေတတ်ပါတယ်။
(၃) ဆုံးဖြတ်ချက် အမှားများ (Poor Decision Making)
ရင်းနှီးမြှုပ်နှံမှုလောကမှာဆိုရင် အပျော်တမ်းသမားတွေက အမြတ်နည်းနည်းရတာနဲ့ "ငါတော့ ဆရာကြီးဖြစ်ပြီ" ထင်ပြီး ပိုကြီးမားတဲ့ စွန့်စားမှုတွေလုပ်ကာ ဆုံးရှုံးတတ်ကြပါတယ်။ (Day Traders တွေရဲ့ ၅% လောက်ပဲ ရေရှည်မှာ အမြတ်ရတာပါ)။
သတိထားရန် - ယာဉ်မတော်တဆမှုတွေမှာ လိုင်စင်ရပြီး ၆ လအောက် လူသစ်တွေက မတော်တဆဖြစ်နိုင်ခြေ ၈ ဆ ပိုများပါတယ်။ မကျွမ်းကျင်တာတစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် "ငါ ကားမောင်းတတ်ပြီ" လို့ ယုံကြည်မှုလွန်ကဲပြီး ဆင်ခြင်တုံတရား နည်းပါးသွားလို့ပါ။
⚠️ ဒါက ငတုံးတွေအကြောင်း ပြောနေတာ မဟုတ်ဘူးနော်!
ဒါက အရမ်းအရေးကြီးတဲ့ အချက်ပါ။
DKE ဆိုတာ "IQ နည်းတဲ့သူ" "လူတုံး" "လူညံ့" တွေက ယုံကြည်မှု ပိုရှိတယ်လို့ ပြောတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
ဒါက အကြောင်းအရာနယ်ပယ်တစ်ခုချင်း (Domain-Specific) နဲ့ပဲ ဆိုင်ပါတယ်။
ရှင်းရှင်းလင်းလင်း ဥပမာတစ်ခုပေးပါမယ်။
မြန်မာနိုင်ငံမှာ အတော်ဆုံး နှလုံးခွဲစိတ် ဆရာဝန်ကြီး (Top Surgeon) တစ်ယောက်ဟာ ဆေးပညာမှာတော့ Expert အစစ်ပါ။
အခု... သူက "Facebook Ads" ကို ကိုယ်တိုင် Run ချင်လာတယ် ဆိုပါတော့။
YouTube မှာ Tutorial သုံးလေးခု ကြည့်ပြီး "ဪ... ဒီလို Boost လုပ်ရတာကိုး၊ လွယ်ပါတယ်" ဆိုပြီး ကိုယ့်ဘာသာကိုယ် "Digital Marketer" အဖြစ် အထင်ကြီးနေနိုင်ပါတယ်။
သူဟာ ဆေးပညာမှာ Expert ဖြစ်ပေမဲ့၊ Digital Marketing မှာ Dunning-Kruger Effect ဖြစ်နေတာပါ။
ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တွေ ရှိသလို၊ ကိုယ်လုံးဝ မသိနားမလည်တဲ့ နယ်ပယ်တွေမှာ DKE ဖြစ်နိုင်ခြေ အမြဲရှိနေပါတယ်။
Dunning-Kruger Effect ကို ဘယ်လို ရှောင်ရှားမလဲ?
ကျွန်တော်တို့ကိုယ်တိုင် "Level 1" အဆင့် ဖြစ်မနေအောင် ဘယ်လိုကာကွယ်မလဲ။
တစ်ဦးချင်းစီအတွက် (For Individuals)
Feedback တောင်းပါ။ "ငါ့အလုပ်က ဘယ်လိုနေလဲ" ဆိုတာကို ရိုးရိုးသားသား ပြောပြရဲတဲ့၊ ထောက်ပြရဲတဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံဉာဏ်တောင်းပါ။
အမြဲလေ့လာနေပါ။ ခင်ဗျားတစ်ခုခုကို "အရမ်းလွယ်တယ်၊ ငါအကုန်သိတယ်" လို့ ထင်နေရင် သတိထားပါ။ ပညာရပ်တစ်ခုကို လေ့လာလေလေ၊ ကိုယ်မသိတာတွေ ပိုများလာလေလေပါပဲ၊ ဒီအမှန်တရားကို အမြဲ သတိတရရှိပါ။
နှိုင်းယှဉ်ပါ။ ကိုယ့်ထက်တော်တဲ့သူတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ကြည့်ပါ။ ဒါက စိတ်ဓာတ်ကျဖို့ မဟုတ်ဘဲ၊ ကိုယ်ရောက်နေတဲ့ နေရာမှန်ကို သိဖို့ ဖြစ်ပါတယ်။
အဖွဲ့အစည်းများအတွက် (For Organizations)
Continuous Learning Culture: ဝန်ထမ်းတွေကို အမြဲ Training ပေးပါ။ အသစ်အသစ်တွေ သင်ယူနေရရင် ကိုယ်မသိသေးတာတွေ ရှိပါလားဆိုပြီး နှိမ့်ချတတ်လာပါလိမ့်မယ်။
Data-Driven Metrics: ဝန်ထမ်းတွေကို အကဲဖြတ်တဲ့အခါ "ထင်မြင်ချက်" ထက် "ဒေတာ/ရလဒ်" အတိအကျနဲ့ ပြပါ။ ဒါမှ သူတို့ရဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို သူတို့ မြင်သာမှာပါ။
အဓိက မှတ်သားစရာ (Key Takeaway)
Dunning-Kruger Effect ဆိုတာ လူညံ့တွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး၊ လူတော်တွေက ကိုယ့်ကိုယ်ကိုယ် အထင်သေးတတ်တဲ့ သဘာဝတစ်ခုပါ။
တကယ်လို့ သင်က ကိစ္စတစ်ခုကို လုပ်ရတာ "အရမ်းလွယ်တယ်၊ ငါ အကုန်သိတယ်" လို့ ခံစားနေရရင် သတိထားလိုက်ပါ။
သင်ဟာ Unconscious Incompetence (မသိတာကို မသိတဲ့အဆင့်) မှာ ရောက်နေနိုင်ပါတယ်။
ဒါ့ကြောင့် အမြဲတမ်း နှိမ့်ချပါ၊ အမြဲတမ်း သင်ယူပါ၊ သူများရဲ့ အကြံဉာဏ်ကို နားထောင်ပါ။
"စစ်မှန်တဲ့ ပညာဆိုတာ ကိုယ်ဘာမှ မသိသေးဘူးဆိုတာကို သိရှိနားလည်ခြင်းပါပဲ။" — Socrates
©12minNotesMyanmar-Est.2019
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
🚨 လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။
ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸
ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀
ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။
Thinking Traps (Super Guide eBook) ကို ရယူအသုံးချလိုပါက −
Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
(သို့မဟုတ်)
Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
“Advanced-level” Invitation:
တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက် ပိုအဆင့်မြင့်တဲ့ Elite Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။
အဲ့ဒါကတော့…
Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။
✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇
၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် −
Facebook: https://www.facebook.com/12minNotes/posts/1149466227349406
Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။
၂။ Video ရှင်းပြချက် ကြည့်ရန် −
Facebook: https://www.facebook.com/100068581195075/posts/1150184313944264/
YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw
၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် −
Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅
(သို့မဟုတ်)
Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅
Author : 12min Notes Myanmar