12min Notes Myanmar

Choice Overload

img

Choice Overload

"ဆုံးဖြတ်ချက် မချနိုင်သူတွေအတွက် စိတ်အေးရမယ့်လမ်းညွှန်" (Choice Overload)

Supermarket မှာ ရှန်ပူဝယ်မလို့ Shelf ရှေ့ရောက်သွားတယ်။ Brand အနည်းဆုံး (၁၀) မျိုးလောက်ရှိတယ်။ တစ်မျိုးနဲ့တစ်မျိုးက "ဆံပင်သန်မာဖို့"၊ "ဗောက်ပျောက်ဖို့"၊ "အဖျားနှစ်ခွမဖြစ်ဖို့" ဆိုပြီး အစုံပဲ။ ၅ မိနစ်လောက် ခေါင်းခြောက်ခံပြီး စဥ်းစားရင်း နောက်ဆုံးတော့ "တော်ပြီကွာ၊ နောက်မှပဲဝယ်တော့မယ်" ဆိုပြီး လက်ဗလာနဲ့ ပြန်ထွက်လာခဲ့ဖူးလား။

ဒါမှမဟုတ် Facebook ပေါ်မှာ Online Shop တွေကြည့်ရင်း၊ ဒါမှမဟုတ် Netflix မှာ ရုပ်ရှင်တစ်ကားကြည့်ဖို့ ရွေးရင်း၊ ရွေးစရာတွေက အများကြီး... အများကြီးဖြစ်နေလို့ နောက်ဆုံးမှာ ဘာတစ်ခုမှ မရွေးဖြစ်လိုက်ဘဲ အချိန်တွေကုန်သွားတာမျိုးရော ကြုံဖူးလား။

ကြုံဖူးတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။

ဒီအခြေအနေကို စိတ်ပညာမှာ Choice Overload (ရွေးချယ်စရာများလွန်း၍ ဖြစ်ပေါ်သော ဝန်ပိမှု) ဒါမှမဟုတ် The Paradox of Choice (ရွေးချယ်မှုဝိရောဓိ) လို့ ခေါ်ပါတယ်။

ဒီနေ့မှာ ဒီ Choice Overload က ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝ၊ အလုပ် နဲ့ စီးပွားရေးတွေကို ဘယ်လို သက်ရောက်နေလဲ၊ သူ့ကို ကျော်လွှားဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေက ဘာလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။


Choice Overload ဆိုတာ ဘာလဲ?

ရှင်းရှင်းလေးပြောရရင် ဒါက "ရွေးစရာတွေ များလေ၊ ဆုံးဖြတ်ချက်ချဖို့ ပိုခက်လေ၊ ကိုယ်ရွေးလိုက်တဲ့အရာအပေါ် ကျေနပ်မှု နည်းလေ" ဆိုတဲ့ သဘောတရားပါ။

ကျွန်တော်တို့ လူအများစုက "ရွေးစရာများများရှိတာ" ကို "လွတ်လပ်မှု" (Freedom) နဲ့ "ပိုကောင်းတာ" လို့ ထင်ကြတယ်။ 

ဒါပေမဲ့ စိတ်ပညာသုတေသနတွေက ပြတ်ပြတ်သားသား ပြထားတာက ရွေးစရာတွေက အတိုင်းအတာတစ်ခုထက် 'အရမ်းများသွားရင်' အဲ့ဒီလွတ်လပ်မှုကပဲ ကျွန်တော်တို့ကို ချည်နှောင်စေပြီး ဆုံးဖြတ်ချက်မချနိုင်အောင် တားဆီးလိုက်တယ် ဆိုတာပါပဲ။



💡 နာမည်ကြီး "ယိုစမ်းသပ်မှု" (The Jam Study)

ဒီအကြောင်းကို သက်သေပြခဲ့တဲ့ နာမည်ကြီး စိတ်ပညာစမ်းသပ်မှုတစ်ခု ရှိပါတယ်။

စိတ်ပညာရှင် Sheena Iyengar ဦးဆောင်ခဲ့တဲ့ "The Jam Study" ပါ။

သူတို့က Supermarket တစ်ခုမှာ စမ်းသပ်ကြည့်တာပါ။

ပထမတစ်ရက်မှာ စားပွဲပေါ်မှာ ယို (Jam) အရသာ ၂၄ မျိုး ချထားပြီး လူတွေကို မြည်းစမ်းခိုင်း၊ ဝယ်ခိုင်းတယ်။

နောက်တစ်ရက်မှာတော့ အရသာ ၆ မျိုး ပဲ ချထားတယ်။


ရလဒ်

စိတ်ဝင်စားစရာက ၂၄ မျိုး ချထားတဲ့နေ့မှာ လူတွေအများကြီး ဝိုင်းအုံပြီး ကြည့်ကြ၊ မြည်းကြပေမဲ့၊ တကယ်တမ်း ဝယ်သွားတဲ့သူက အဲ့ဒီလူတွေထဲက ၃% ပဲရှိခဲ့တယ်။

၆ မျိုးပဲ ချထားတဲ့နေ့မှာတော့ ဝိုင်းကြည့်တဲ့သူ နည်းပေမဲ့၊ မြည်းစမ်းပြီး ဝယ်သွားတဲ့သူက ၃၀% အထိ ရှိခဲ့တယ်။

ဒါ ဘာကိုပြလဲ?

ရွေးစရာတွေ အရမ်းများသွားတဲ့အခါ (၂၄ မျိုး)၊ လူတွေက ဘာရွေးရမှန်းမသိ ဝန်ပိသွားပြီး နောက်ဆုံးမှာ "မဝယ်တော့ဘူး" ဆိုတဲ့ ဆုံးဖြတ်ချက်ကိုပဲ ချလိုက်ကြတယ်။ 

ရွေးစရာနည်းတဲ့အခါ (၆ မျိုး) မှာတော့ ဆုံးဖြတ်ချက်ချရတာ လွယ်ကူပြီး ဝယ်ဖြစ်သွားကြတယ်။



ဒါက ဘာကြောင့်ဖြစ်ရတာလဲ?

ကျွန်တော်တို့ ဦးနှောက်က ဘာလို့ ဒီလိုတုံ့ပြန်ရတာလဲ။ အဓိက အကြောင်းရင်း သုံးခုရှိပါတယ်။


၁။ Decision Fatigue (ဆုံးဖြတ်ချက်ချရလို့ ပင်ပန်းနွမ်းနယ်ခြင်း)

ကျွန်တော်တို့ဦးနှောက်က Muscle (ကြွက်သား) တစ်ခုလိုပါပဲ။ သုံးရင် အားကုန်ပါတယ်။ 

တစ်နေ့တာလုံး ဆုံးဖြတ်ချက်တွေ (မနက်စာ ဘာစားမယ်၊ ဘာဝတ်သွားမယ်၊ Email ဘယ်လိုပြန်မယ်) အများကြီးချပြီးရင် ဦးနှောက်က 'အားကုန်' သွားတယ်။

Choice Overload က ဒီအားကုန်တာကို ပိုမြန်စေတယ်။ 

ရွေးစရာ ၂၄ မျိုးကို တစ်ခုချင်း လိုက်စဥ်းစားရတာက ဦးနှောက်ရဲ့ စွမ်းအင် (Cognitive Resource) ကို အများကြီး သုံးလိုက်ရတယ်။ ဒါကြောင့်မို့ ညနေပိုင်းရောက်ရင် ဘာမှ မစဥ်းစားချင်တော့တာ၊ "Default" (ရှိနေကျ) အရာတွေကိုပဲ ရွေးလိုက်တော့တာ (ဥပမာ - ထမင်းကြော်ပဲ မှာလိုက်တာ) မျိုး ဖြစ်လာပါတယ်။


၂။ Post-Choice Regret (ရွေးပြီးမှ နောင်တရခြင်း)

ရွေးစရာတွေများလေ "ငါရွေးလိုက်တာက အကောင်းဆုံး ဟုတ်ပါ့မလား"၊ "ဟို Brand က ပိုကောင်းမလား"၊ "ငါ ပိုက်ဆံအလကား သုံးမိပြီလား" ဆိုတဲ့ အတွေးတွေ ဝင်လာလေပဲ။

ရွေးစရာ ၃ မျိုးထဲက ရွေးရတာထက်၊ ရွေးစရာ ၃၀ ထဲက ရွေးလိုက်ရတဲ့အခါ ကိုယ်မရွေးခဲ့တဲ့ ၂၉ မျိုးရဲ့ ကောင်းကွက်တွေကို စဥ်းစားမိပြီး ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု နည်းသွားပါတယ်။ 

ဒါကို "Post-Choice Regret" လို့ခေါ်တယ်။


၃။ Maximizers vs. Satisficers (အကောင်းဆုံးကို လိုချင်သူနဲ့ အဆင်ပြေရင် ကျေနပ်သူ)

စိတ်ပညာရှင် Barry Schwartz (သူ့ရဲ့ နာမည်ကြီးစာအုပ် "The Paradox of Choice" မှာ) က လူတွေကို ဆုံးဖြတ်ချက်ချတဲ့ပုံစံ နှစ်မျိုး ခွဲပြထားပါတယ်။


Maximizers (အကောင်းဆုံးကိုမှ ရှာသူ)

ဒီလူတွေက အမြဲတမ်း 'အကောင်းဆုံး' (The Best) ကိုမှ လိုချင်တာပါ။ ရွေးစရာအားလုံးကို အသေးစိတ်လိုက်စစ်တယ်၊ နှိုင်းယှဥ်တယ်။ သူတို့က Choice Overload ကို အဆိုးဆုံးခံစားရပြီး ရွေးချယ်ပြီးရင်လည်း နောင်တ အရဆုံးလူတွေပါ။


Satisficers (အဆင်ပြေတာနဲ့ ကျေနပ်သူ)

ဒီလူတွေက 'အဆင်ပြေတယ်' (Good Enough) ဆိုတဲ့ အဆင့်ကိုပဲ ရှာတာပါ။ သူတို့လိုအပ်ချက် (Criteria) နဲ့ ကိုက်ညီတဲ့ ပထမဆုံးအရာကို တွေ့တာနဲ့ ရွေးချယ်လိုက်တယ်။ သူတို့က ဆုံးဖြတ်ချက် ပိုမြန်တယ်၊ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ပိုပျော်ရွှင် ကျေနပ်ကြတယ်။



ဒီ Choice Overload ကို ဘယ်လိုကျော်လွှားမလဲ?

ဟုတ်ပြီ။ ဒါဆို ဒီပြဿနာကို လက်တွေ့ဘဝမှာ ဘယ်လိုဖြေရှင်းမလဲ။

ကိုယ်တိုင်ဆုံးဖြတ်ချက်ချရတဲ့အခါရော၊ ကိုယ်က လုပ်ငန်းရှင်ဖြစ်နေလို့ Customer ကို ရောင်းရတဲ့အခါမှာပါ သုံးလို့ရတဲ့ နည်းလမ်းတွေပါ။


၁။ "Satisficer" တစ်ယောက်လို ကျင့်သုံးပါ။

"အကောင်းဆုံး" ကို လိုက်မရှာပါနဲ့။ "အဆင်ပြေဆုံး" (Good Enough) ကိုပဲ ရှာပါ။

ဆုံးဖြတ်ချက်မချခင် "ငါတကယ် ဘာလိုချင်တာလဲ" (My Criteria) ဆိုတာကို အရင်သတ်မှတ်ပါ။ 

ဥပမာ - "ဘတ်ဂျက် ၅ သိန်းအောက်၊ Camera ကောင်းတဲ့ဖုန်း"။ အဲ့ဒီ Criteria နဲ့ကိုက်တဲ့ ပထမဆုံး တွေ့တဲ့အရာကို ရွေးလိုက်ပါ။ ကျန်တဲ့ Model တွေကို ဆက်မကြည့်ပါနဲ့တော့။


၂။ ရွေးချယ်စရာတွေကို တမင်ကန့်သတ်ပါ။ (Limit Your Options)

သုတေသနတွေအရ လူတွေက ရွေးစရာ ၃ ခု ကနေ ၅ ခု ကြားမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

ကိုယ့်နေ့စဥ်ဘဝအတွက် − Online မှာ ပစ္စည်းရှာရင်လည်း ပထမဆုံးတွေ့တဲ့ Result ၃ ခုကိုပဲ နှိုင်းယှဥ်ပါ။ ရန်ကုန်မှာ Restaurant သွားဖို့ရွေးရင်လည်း သူငယ်ချင်းကို ၃ ဆိုင်လောက်ပဲ Option ပေးပါ။

လုပ်ငန်းရှင်တွေအတွက် − ကိုယ့်ရဲ့ Facebook Page/Shop မှာ Product တွေ အများကြီးတင်မထားဘဲ၊ "Best Seller ၃ မျိုး"၊ "လူကြိုက်အများဆုံး Package" ဆိုပြီး ခွဲထုတ်ပေးပါ။ Customer ကို ရွေးရလွယ်အောင် ကူညီပေးတာက ဝယ်ဖြစ်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။


၃။ ရွေးချယ်ပြီးရင် "Final Sale" လို့ သတ်မှတ်ပါ။

ဒါက Barry Schwartz ရဲ့ အကောင်းဆုံး အကြံပြုချက်ပါ။ 

ကိုယ်တစ်ခုခုကို ရွေးလိုက်ပြီဆိုတာနဲ့ (ဥပမာ - ဖုန်းဝယ်ပြီးပြီ၊ အလုပ်လျှောက်လွှာတင်ပြီးပြီ) အဲ့ဒီ ဆုံးဖြတ်ချက်ကို ပြန်မကြည့်ပါနဲ့တော့။ "Final Sale" ပါ၊ ပြန်လဲလို့မရဘူးလို့ ကိုယ့်စိတ်ကိုယ် သတ်မှတ်လိုက်ပါ။

ဒါက "Post-Choice Reglet" (ရွေးပြီးမှ နောင်တရတာ) ကို အပြတ်ဖြတ်ပေးတယ်။ 

ကိုယ်ရွေးလိုက်တဲ့အရာရဲ့ ကောင်းကွက်တွေကိုပဲ အာရုံစိုက်နိုင်သွားစေတယ်။


၄။ ကျေးဇူးတင်တတ်တဲ့အကျင့်ကို မွေးပါ။ (Practice Gratitude)

ဒါက နည်းနည်းထူးဆန်းတယ်ထင်ရပေမဲ့ အရမ်းအလုပ်ဖြစ်ပါတယ်။ 

Choice Overload က "ကိုယ်မရလိုက်တဲ့" အရာတွေ၊ "ပိုကောင်းနိုင်တဲ့" အရာတွေကိုပဲ အာရုံရောက်စေတယ်။ 

Gratitude (ကျေးဇူးသိတတ်ခြင်း) က ကိုယ့်မှာ "ရှိနေတဲ့" အရာတွေ၊ ကိုယ်ရွေးချယ်ခဲ့တဲ့အရာရဲ့ ကောင်းကွက်တွေကိုပဲ ပြန်အာရုံစိုက်စေတယ်။

နေ့တိုင်း ကိုယ်ကျေနပ်မိတဲ့အရာ ၃ ခုကို ချရေးတာမျိုး (Gratitude Journal) က ကိုယ့်ရဲ့ကျေနပ်မှုကို အဆများစွာ တိုးစေပါတယ်။



အဓိက မှတ်သားစရာ (Key Takeaway)

Choice Overload ဆိုတာ ရွေးစရာများလေ ဆုံးဖြတ်ချက်မချနိုင်လေ၊ မပျော်လေ ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်တစ်ခုပါ။

ဒါကိုကျော်လွှားဖို့ "အကောင်းဆုံး" (Maximizer) ကိုရှာတာထက် "အဆင်ပြေဆုံး" (Satisficer) ကိုရွေးပါ။ 

ကိုယ့် Criteria ကိုရှင်းအောင်လုပ်ပါ၊ ရွေးစရာ ၃ ခုလောက်ပဲ ကန့်သတ်ပြီး နောက်ဆုံးမှာ ကိုယ်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို လုံးဝပြန်လှည့်မကြည့်ပါနဲ့တော့။ 

ဒီနည်းလမ်းက သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ စိတ်စွမ်းအင်တွေကို အများကြီး သက်သာစေပါလိမ့်မယ်။


©12minNotesMyanmar-Est.2019


~ ~ ~ ~ ~ ~ ~ ~ ~ ~ 

“Advanced-level” Invitation:

တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက် ပိုအဆင့်မြင့်တဲ့ Elite Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။

အဲ့ဒါကတော့…

Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။

✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇


၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် −

Facebook: https://www.facebook.com/12minNotes/posts/1149466227349406

Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။


၂။ Video ရှင်းပြချက် ကြည့်ရန် −

Facebook: https://www.facebook.com/100068581195075/posts/1150184313944264/

YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw


၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် −

Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅

(သို့မဟုတ်) 

Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅









Author : 12min Notes Myanmar