12min Notes Myanmar

Affect Heuristic

img

Affect Heuristic

"ခံစားရတဲ့အတိုင်းပဲ ဆုံးဖြတ်လိုက်တာပဲလေ" ဆိုပြီး ကိုယ့်တဇွတ်ထိုးဉာဉ်ကို ကြိတ်ဂုဏ်ယူနေမိပြီဆိုရင် သင့်ဦးနှောက်က လှည့်စားတဲ့ဒဏ်ကို သင်ကောင်းကောင်းကြီးခံနေရပြီ။ (Affect Heuristic)

ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေ နေ့တိုင်းချနေရပါတယ်။ 

ဒီနေ့ ဘာဝတ်မလဲ၊ ဘာစားမလဲ ဆိုတာကစလို့၊ အလုပ်မှာ Project အသစ်တစ်ခုကို လက်ခံသင့်လား၊ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်လား ဆိုတဲ့ အဆုံးအဖြတ်ကြီးတွေအထိပေါ့။

ကျွန်တော်တို့က ကိုယ့်ကိုယ်ကို Logic (ကျိုးကြောင်းဆင်ခြင်မှု) နဲ့ ဆုံးဖြတ်ချက်ချတယ်လို့ ထင်လေ့ရှိကြတယ်။ 

ဒါပေမဲ့ တကယ်တမ်းမှာကော ဟုတ်ရဲ့လား။

တစ်ခုစဉ်းစားကြည့်ပါ။ 

တစ်နေ့လုံး အလုပ်မှာ အဆင်မပြေလို့ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရောက်လာချိန်၊ သင့်ကလေးက သူ့ရဲ့ ပန်းချီကားသစ်လေးကို လာပြတယ်။ သင်က စိတ်မကြည်တာနဲ့ "အေး... အေး... သွားထားလိုက်" ဆိုပြီး ဂရုမစိုက်သလို လုပ်လိုက်မိတယ်။ 

တကယ်တော့ အဲ့ဒီပန်းချီကားက အရမ်းလှနေနိုင်တယ်။

ဒါပေမဲ့ သင့်ရဲ့ "စိတ်ညစ်နေတဲ့ ခံစားချက်" က ကလေးရဲ့ "ပန်းချီကား" အပေါ်ထားတဲ့ သင့်ရဲ့အမြင်ကို လွှမ်းမိုးသွားတယ်။

ဒါနဲ့ ဆင်တူတဲ့ စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်တစ်ခုက ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာလည်း အများကြီးဖြစ်နေပါတယ်။ 

ဒါကို Affect Heuristic လို့ခေါ်ပါတယ်။

ဒီအကြောင်းကို နားလည်သွားရင် သင်ဟာ အရင်ကထက် အများကြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမှာပါ။


🧠 Affect Heuristic ဆိုတာ ဘာလဲ?

Affect Heuristic ဆိုတာက စိတ်ပညာမှာ အရမ်းအရေးကြီးတဲ့ Cognitive Bias (စိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှု) တစ်ခုပါ။

ရှင်းရှင်းလေးပြောရရင်၊ ဒါဟာ ကျွန်တော်တို့က အချက်အလက် (Facts) တွေ၊ (Data) တွေအပေါ် အခြေမခံဘဲ၊ ကိုယ့်ရဲ့ လက်ရှိ "စိတ်ခံစားမှု" (Emotion/Feelings) အပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်ချက်တွေ အမြန်ချလိုက်တဲ့ စိတ်ရဲ့ ဖြတ်လမ်း (Mental Shortcut) တစ်ခုပါ။

ကိုယ့်စိတ်ထဲမှာ ဒီကိစ္စအပေါ် "ခံစားချက်" ကောင်းနေရင်၊ ပျော်ရွှင်စိတ် ဖြစ်နေရင်... ဒါက "အကျိုးများတယ်၊ အန္တရာယ် နည်းတယ်" လို့ ဦးနှောက်က အလိုလို သတ်မှတ်လိုက်တယ်။

"ခံစားချက်" မကောင်းရင်၊ စိတ်ညစ်၊ စိတ်တို၊ ကြောက်စိတ်ဝင်နေရင်... ဒါက "အကျိုးမရှိဘူး၊ အန္တရာယ် များတယ်" လို့ ချက်ချင်း ကောက်ချက်ချလိုက်တယ်။

Logic ကို မသုံးတော့ဘဲ "Gut Feeling" ကိုပဲ မျက်စိမှိတ် ယုံလိုက်တာမျိုးပေါ့။



🎭 ဒီအမှားက ဘယ်နေရာတွေမှာ ဖြစ်တတ်လဲ?

ဥပမာလေးတစ်ခုကို မြန်မာလို နားလည်အောင် ပြန်ပြောပြချင်ပါတယ်။


ဥပမာ (၁) - ကေစီရဲ့ အခွင့်အရေး

ကေစီဆိုတဲ့ မိန်းကလေးတစ်ဦးက သရုပ်ဆောင်တာ အရမ်းဝါသနာပါတယ်။ တစ်နေ့မှာ နာမည်ကြီး ပြဇာတ်အဖွဲ့ကြီးတစ်ခုက သူ့ကို Audition (လူရွေးပွဲ) လာဖြေဖို့ ဖိတ်ခေါ်တယ်။

ဒါက သူ့အတွက် တစ်သက်မှာတစ်ခါပဲရတဲ့ အခွင့်အရေးကြီးပဲ။

ဒါပေမဲ့ ကံဆိုးချင်တော့ အဲ့ဒီဖိတ်ခေါ်စာရတဲ့နေ့မှာပဲ သူက Driving Test (ကားမောင်းလိုင်စင်) ဖြေတာ ကျသွားတယ်။ ဒီတော့ သူက အရမ်းစိတ်တို၊ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကို "ငါက ဘာမှမလုပ်တတ်တဲ့သူ၊ ညံ့လိုက်တာ" ဆိုပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်။

ဘာဆက်ဖြစ်လဲဆိုတော့... 

သူ အဲ့ဒီပြဇာတ်အဖွဲ့ကို "စိတ်မဝင်စားပါဘူး၊ ကျွန်မ မလာတော့ဘူး" လို့ ချက်ချင်း စာပြန်လိုက်တယ်။ "ငါ Audition ဝင်လည်း ထပ်ကျဦးမှာပဲ" ဆိုပြီး တကယ်ပြဇာတ်အဖွဲ့ဆီမသွားခင်မှာ စိတ်ထဲကနေ ကြိုတွေးလိုက်တာ။

ဒါက မှားပါတယ်။

တကယ်တော့ ကားမောင်းတာနဲ့ သရုပ်ဆောင်တာက ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ ကားမောင်းကျလို့ ဖြစ်လာတဲ့ "ငါက ညံ့တယ်" ဆိုတဲ့ အဆိုးမြင်စိတ်ခံစားမှု (Negative Emotion) က သူ့ရဲ့ Audition ဖြေမယ့် ဆုံးဖြတ်ချက်အပေါ်မှာလာပြီး လွှမ်းမိုးသွားတယ်။

Logic အရဆိုရင် ဒါက အခွင့်အရေးကောင်းမို့ သူ သေချာပြင်ဆင်ပြီး သွားဖြေသင့်တယ်။ ဒါပေမဲ့ သူ့ရဲ့ "Feeling" က Logic ကို နိုင်သွားပြီး အခွင့်အရေးကောင်းတစ်ခုကို တကယ်တမ်း မကြိုးစားရသေးခင်မှာပဲ ဆုံးရှုံးလိုက်ရတယ်။

ဒါဟာ Affect Heuristic ရဲ့ ရှင်းလင်းတဲ့ ဥပမာတစ်ခုပါပဲ။


📈 ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်ကို ဘယ်လိုထိခိုက်နေလဲ။

ဒီ Heuristic က ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ဝင်ပါနေပါတယ်။


၁။ ဈေးဝယ်ထွက်တဲ့အခါ (Consumer Decisions)

ကျွန်တော်တို့ တော်တော်များများ ပစ္စည်းတစ်ခုကို ဝယ်ဖို့ဆုံးဖြတ်တာက သူ့ရဲ့ Quality၊ စျေးနှုန်း၊ အသုံးဝင်မှု (Logic) တွေထက်၊ အဲ့ဒီပစ္စည်း ဒါမှမဟုတ် ကြော်ငြာကို မြင်လိုက်ရလို့ "ခံစားရတဲ့ Feeling" ပေါ် မူတည်တတ်ပါတယ်။

  • "ဒီ Brand ကို ကိုင်ရတာ 'Feeling' ကောင်းတယ်"

  • "ဒီကြော်ငြာလေးက ကိုယ့်ငယ်ဘဝကို သတိရစေတယ်" (Nostalgia)

  • "ဒီ Facebook Live မှာ ရောင်းနေတဲ့သူက ကြည့်လို့ကောင်းတယ်၊ ဝယ်ချင်စရာကောင်းအောင် ပြောတတ်တယ်" (Positive Emotion)

ဒါတွေကြောင့် တကယ်မလိုအပ်ဘဲ ဝယ်မိတာ၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ပစ္စည်းတစ်ခုကို "ကြည့်ရတာ 'Feeling' မကောင်းဘူး" ဆိုပြီး မဝယ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။


၂။ အလုပ်မှာနဲ့ စီးပွားရေးမှာ (Business & Leadership)

ဒါက လုပ်ငန်းရှင်တွေ၊ Manager တွေအတွက် ပိုအရေးကြီးတယ်။

ဝန်ထမ်းခန့်တဲ့အခါ − ကိုယ်နဲ့ Interview လာဖြေတဲ့သူက အရည်အချင်း (Skills) အရမ်းမရှိပေမဲ့၊ ကိုယ်နဲ့ စကားပြောရင်း "ခံစားချက်" ကောင်းနေတာ၊ ကိုယ့်ရပ်ကွက်ထဲက ဖြစ်နေတာ (Positive Affect) ကြောင့် သူ့ကို ခန့်လိုက်မိတာမျိုး။

စီမံကိန်း (Project) အသစ်စတဲ့အခါ − Data တွေ၊ စျေးကွက်အခြေအနေ (Logic) တွေက "မလုပ်သင့်ဘူး" လို့ ပြနေပေမဲ့၊ ကိုယ်က ဒီ Project အပေါ် အရမ်းစိတ်လှုပ်ရှားပြီး "Feeling" ကောင်းနေတာနဲ့ "ဒါ 'ပေါက်ကိုပေါက်' မှာ" ဆိုပြီး ငွေတွေပုံအောလိုက်တာမျိုး။

အခွင့်အလမ်းတွေကို ပယ်ချမိတာ − ကိုယ့်ဝန်ထမ်းတစ်ယောက်က Idea အသစ်တစ်ခုလာပြတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က ကိုယ်က အိမ်မှာ စိတ်ညစ်စရာရှိလို့ 'Feeling' မကောင်းဘူး။ ဒီတော့ အဲ့ဒီ Idea ကို သေချာမစဥ်းစားတော့ဘဲ "မဖြစ်နိုင်ပါဘူးကွာ" ဆိုပြီး ပယ်ချလိုက်တာမျိုး။ (အပေါ်က ကေစီရဲ့အဖြစ်လိုပေါ့)


၃။ Risk (အန္တရာယ်) ကို ခန့်မှန်းတဲ့အခါ

ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုက Risk (အန္တရာယ်) နဲ့ Benefit (အကျိုးကျေးဇူး) ကို တွက်ဆပုံကို ပြောင်းပြန်လှန်ပစ်ပါတယ်။

Feeling ကောင်းရင် Risk ကို အထင်သေးပြီး၊ Benefit ကို အထင်ကြီးတယ်။ (ဥပမာ - စိတ်အရမ်းပျော်နေလို့ Stock Market ထဲ "စွန့်စား" ပြီး ပိုက်ဆံအများကြီး ထည့်လိုက်တာမျိုး)

Feeling မကောင်းရင် Risk ကို အထင်ကြီးပြီး၊ Benefit ကို အထင်သေးတယ်။ (ဥပမာ - ကြောက်စိတ်ဝင်နေလို့ ဘယ်လိုမှ မရှုံးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုတောင် "မလုပ်ရဲ" တာမျိုး)



🤔 ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

ဒါကို နားလည်ဖို့ နိုဘယ်လ်ဆုရှင် ပညာရှင် ဒယ်နီယယ်လ် ကာနမန် (Daniel Kahneman) ပြောတဲ့ System 1 နဲ့ System 2 ကို သိဖို့လိုပါတယ်။

System 1 (အလိုအလျောက် စနစ်): ဒါက မြန်တယ်။ ပင်ပန်းမှုမရှိဘူး။ "Gut Feeling" တွေ၊ စိတ်ခံစားမှုတွေ၊ အလိုလိုသိစိတ်တွေနဲ့ အလုပ်လုပ်တယ်။

System 2 (ကြိုးစားအားထုတ် စနစ်): ဒါက နှေးတယ်။ စဉ်းစားရတယ်။ Logic တွေ၊ Data တွေ၊ တွက်ချက်မှုတွေနဲ့ အလုပ်လုပ်တယ်။

Affect Heuristic ဆိုတာ System 1 က အလုပ်ကို ဝင်လုသွားတာပါ။ 

တကယ်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို System 2 နဲ့ သေချာစဉ်းစားရမှာပါ။ 

ဒါပေမဲ့ ဦးနှောက်က အမြဲတမ်း ပင်ပန်းသက်သာတဲ့ ဖြတ်လမ်းကို ကြိုက်တယ်။ ဒီတော့ "အာ... စဉ်းစားရတာ ရှုပ်တယ်။ 'Feeling' ကောင်းတာပဲ ရွေးလိုက်မယ်" ဆိုပြီး System 1 နဲ့ ဖြတ်လမ်းသုံးလိုက်တာပါ။



💡 ဒီထောင်ချောက်ကနေ ဘယ်လိုရှောင်မလဲ

ဒါက "Gut Feeling" ကို လုံးဝမသုံးရဘူးလို့ ပြောတာမဟုတ်ပါဘူး။ 

Gut Feeling က အတွေ့အကြုံများလာတဲ့အခါ တိကျနိုင်ပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင်မှာ ကိုယ့် 'Feeling' က Logic ကို လွှမ်းမိုးနေသလားဆိုတာ သတိထားဖို့လိုပါတယ်။


၁။ "ငါ အခု ဘာခံစားနေရလဲ" လို့မေးပါ။ (Check Your Mood) 

အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင်၊ ကိုယ့်ရဲ့ လက်ရှိ စိတ်အခြေအနေကို အရင်စစ်ပါ။ "ငါ အခု စိတ်တိုနေတာလား။ စိတ်ဖိစီးနေတာလား။ ဒါမှမဟုတ် အရမ်းပျော်နေတာလား။" လို့ ကိုယ့်ကိုယ်ကိုမေးပါ။ (ပျော်လွန်းနေရင်လည်း 'Yes' လို့ အလွယ်တကူ ပြောမိတတ်လို့ပါ)။


၂။ အချိန်ဆွဲပါ။ (Sleep on It) 

အထူးသဖြင့် စိတ်ခံစားမှု ပြင်းထန်နေရင် (စိတ်တို၊ စိတ်ညစ်၊ ပျော်လွန်း) ချက်ချင်း ဆုံးဖြတ်ချက်မချပါနဲ့။ "မနက်ဖြန်မှ ဒီကိစ္စကို ပြန်စဉ်းစားမယ်" ဆိုပြီး အချိန်ယူပါ။ အဲ့ဒီအခါ Emotion နည်းနည်းကျသွားပြီး Logic ပိုကောင်းကောင်း ဝင်လာပါလိမ့်မယ်။


၃။ 'Feeling' နဲ့ 'Fact' ကို ခွဲထုတ်ပါ။ 

"ငါ 'ခံစားချက်' ကောင်းနေတာ ဘာကြောင့်လဲ။ ဒီ 'Feeling' က ငါဆုံးဖြတ်မယ့်ကိစ္စနဲ့ တကယ် သက်ဆိုင်ရဲ့လား။" (ကေစီမှားခဲ့သလို မဖြစ်ရလေအောင် ကားမောင်းကျတဲ့ (Feeling) နဲ့ Audition (Fact) က သက်သက်စီဆိုတာကို ခွဲသိရပါမယ်)။


၄။ Data ကို ရှာပါ။ (Seek Objective Info) 

ကိုယ့် 'Feeling' ကို ဘေးခဏချထားပြီး၊ "အချက်အလက် (Fact/Data) တွေက တကယ်တမ်း ဘာပြောနေတာလဲ" ဆိုတာကို တမင်သက်သက် ရှာဖွေပါ။ ကိန်းဂဏန်းတွေ၊ တခြားသူတွေရဲ့ သုံးသပ်ချက်တွေကို လေ့လာပါ။


၅။ တခြားသူရဲ့ အမြင်ကို မေးပါ။ (Get Diverse Perspectives) 

ကိုယ့်လို Emotion ဝင်မနေတဲ့၊ ဒီကိစ္စနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပြင်လူတစ်ယောက်ကို "မင်းဆိုရင် ဒါကို ဘယ်လိုမြင်လဲ" လို့ အမြင်တောင်းကြည့်ပါ။ သူတို့က Logic ကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။



🔑 အဓိက မှတ်သားစရာ (Key Takeaway)

Affect Heuristic ဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်က အချက်အလက် (Logic) ထက် စိတ်ခံစားမှု (Feeling) ကို ဦးစားပေးပြီး ဆုံးဖြတ်ချက်ချတဲ့ ဖြတ်လမ်းတစ်ခုပါ။

"Feeling" ကောင်းရင် အန္တရာယ်မရှိဘူး၊ အကျိုးများတယ်လို့ ထင်ပြီး၊ "Feeling" မကောင်းရင် အန္တရာယ်များတယ်၊ အကျိုးမရှိဘူးလို့ မျက်စိမှိတ် တွက်ဆလိုက်ပါတယ်။

ဒါက ဆုံးဖြတ်ချက်တွေကို မြန်စေပေမယ့်၊ Logic နဲ့ ကင်းကွာသွားတဲ့အခါ အခွင့်အရေးကောင်းတွေ လက်လွှတ်တာ၊ ဆုံးဖြတ်ချက်အမှားကြီးတွေ ချမိတာမျိုး ဖြစ်စေနိုင်ပါတယ်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင် "ငါ အခု Logic နဲ့ စဉ်းစားနေတာလား၊ Emotion နဲ့ ဆုံးဖြတ်နေတာလား" ဆိုတာ ကိုယ့်ကိုယ်ကို အမြဲမေးဖို့ သတိပေးလိုက်ချင်ပါတယ်။


©12minNotesMyanmar-Est.2019

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 


🚨 လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။

ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸

ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀

ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။


Thinking Traps (Super Guide eBook) ကို ရယူအသုံးချလိုပါက −

Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅

(သို့မဟုတ်) 

Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅


~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 


“Advanced-level” Invitation:

တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက် ပိုအဆင့်မြင့်တဲ့ Elite Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။

အဲ့ဒါကတော့…

Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။

✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇


၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် −

Facebook: https://www.facebook.com/12minNotes/posts/1149466227349406

Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။


၂။ Video ရှင်းပြချက် ကြည့်ရန် −

Facebook: https://www.facebook.com/100068581195075/posts/1150184313944264/

YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw


၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် −

Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅

(သို့မဟုတ်) 

Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅


Author : 12min Notes Myanmar