12min Notes Myanmar
Barnum Effect
Barnum Effect
"ဒါ ငါနဲ့ တော်တော်ကိုက်တာပဲ" ဆိုတဲ့ ဗေဒင်တွေ၊ Personality Test တွေက သင့်အကြောင်း ဘယ်လိုအတိအကျ သိနေတာလဲ? (The Barnum Effect)
သင် တစ်ခါတလေ ဗေဒင်ဟောစာတမ်းတွေ ဖတ်ရင်း၊ ဒါမှမဟုတ် Facebook ပေါ်က ပေါ့ပေါ့ပါးပါး Personality Quiz လေးတွေ ဖြေရင်း "ဟယ်၊ ဒါ ငါနဲ့ တော်တော်ကိုက်တာပဲ" "ငါ့အကြောင်းကို အတိအကျ ပြောနေသလိုပဲ" လို့ အံ့သြတကြီး ခံစားမိဖူးလား?
ကိုယ့်ရဲ့ မွေးနေ့၊ မွေးနံ၊ ဒါမှမဟုတ် မေးခွန်း ၄-၅ ခု ဖြေလိုက်ရုံနဲ့ ကိုယ့်ရဲ့ အတွင်းစိတ်ထဲထိ သိနေသလို၊ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ ကိုယ့်ရဲ့ "မထုတ်သုံးရသေးတဲ့ စွမ်းရည်" တွေအကြောင်းကို ထောက်ပြလာတဲ့အခါ လူတော်တော်များများက "ဒါ တကယ်မှန်တယ်" လို့ လက်ခံလိုက်မိတတ်ကြတယ်။
❌ တကယ်တော့ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။
❌ ဒါဟာ သင့်အကြောင်းကို သူတို့ အတိအကျ သိနေတာလည်း မဟုတ်ပါဘူး။
ဒါဟာ Barnum Effect (ဘာနမ်သက်ရောက်မှု) လို့ခေါ်တဲ့ လူတိုင်းနီးပါးမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အထင်အမြင်လွဲမှားမှု (Cognitive Bias) တစ်ခုကြောင့်ပါ။
ဒီနေ့တော့ ဒီ "လှည့်ကွက်" က ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်သူတွေက သင့်ကို လွှမ်းမိုးဖို့ သုံးနေလဲ၊ ဒါကို ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ ဘဝမှာ ဘယ်လို သတိထား ကာကွယ်ရမလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်။
🧐 Barnum Effect ဆိုတာ ဘာလဲ?
ရှင်းရှင်းလေး ပြောရရင်၊ Barnum Effect (တချို့က သူ့ကို စတင်စမ်းသပ်ခဲ့တဲ့ စိတ်ပညာရှင်ကို ဂုဏ်ပြုပြီး Forer Effect လို့လည်း ခေါ်တယ်) ဆိုတာကတော့ −
လူတွေဟာ အလွန်ယေဘုယျကျပြီး ဘယ်သူနဲ့မဆို ကိုက်ညီနိုင်တဲ့ ဖော်ပြချက်တွေကို "ဒါ ငါ့အတွက် သီးသန့် ရေးထားတာ၊ ငါ့အကြောင်းကို အတိအကျ ဖော်ပြနေတာ" ဆိုပြီး ထင်ယောင်ထင်မှား ယုံကြည်မိတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုပါပဲ။
ဒီနာမည်ကို ၁၉ ရာစုက နာမည်ကြီး ဆပ်ကပ်ပွဲတွေ၊ လူထူးဆန်းပွဲတွေ လုပ်ခဲ့တဲ့ ပွဲစီစဉ်သူ P.T. Barnum ကို အစွဲပြုပြီး ပေးထားတာပါ။
သူက "လူတွေက အယုံလွယ်တယ်" ဆိုတဲ့ သဘောမျိုး ပြောခဲ့သူဖြစ်ပြီး၊ သူ့ရဲ့ ပြပွဲတွေက လူတိုင်းကို တစ်ခုမဟုတ်တစ်ခုတော့ သဘောကျစေမယ့် အရာတွေ ထည့်သွင်းထားလို့ပါ။
ဒီ Effect ကို "Barnum Statements" လို့ခေါ်တဲ့ ဝါကျတွေက အဓိက အသက်သွင်းပါတယ်။
ဒီဝါကျတွေက အတိအကျ ဟောကိန်းထုတ်သလို ထင်ရပေမယ့်၊ တကယ်တမ်းတော့ လူတိုင်းနီးပါးရဲ့ ဘဝအတွေ့အကြုံနဲ့ ကိုက်ညီနေတတ်ပါတယ်။
🔬ဂန္တဝင်စမ်းသပ်မှု (The Forer Experiment)
ဒီ Effect ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို ၁၉၄၈ ခုနှစ်မှာ စိတ်ပညာရှင် Bertram Forer က လက်တွေ့ စမ်းသပ်ပြခဲ့ဖူးပါတယ်။
ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
Forer က သူ့ရဲ့ စိတ်ပညာကျောင်းသား ၃၉ ယောက်ကို Personality Test တစ်ခု ပေးဖြေခိုင်းပါတယ်။
ပြီးတော့ "ဒီ Test ရဲ့ အဖြေကို ကြည့်ပြီး တစ်ယောက်ချင်းစီအတွက် သီးသန့် Personality ခွဲခြမ်းစိတ်ဖြာချက် (Vignette) ကို ပြန်ပေးမယ်" လို့ ပြောခဲ့တယ်။
နောက်တစ်ပတ်ကြာတော့၊ ကျောင်းသားတိုင်းကို စာအိတ်တစ်အိတ်စီ ပေးလိုက်ပါတယ်။ အထဲမှာတော့ သူတို့ရဲ့ Personality အကြောင်း "အတိအကျ" ခွဲခြမ်းစိတ်ဖြာထားတဲ့ အချက် ၁၃ ချက် ပါပါတယ်။
အဲ့ဒီအချက်တွေထဲမှာ ဘာတွေပါလဲဆိုတော့...
✅ "တခြားသူတွေက သင့်ကို ကြိုက်ဖို့၊ သဘောကျဖို့ သင်က လိုအပ်နေတတ်တယ်။"
✅ "သင်ဟာ သင့်ကိုယ်သင် ဝေဖန်တတ်တဲ့ အကျင့်ရှိတယ်။"
✅ "သင့်မှာ မထုတ်သုံးရသေးတဲ့ စွမ်းရည်တွေ အများကြီးရှိနေတယ်။"
✅ "စည်းကမ်းကြီးပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပုံ ပေါက်ပေမယ့်၊ အတွင်းစိတ်မှာတော့ စိုးရိမ်ပူပန်မှုတွေ၊ မလုံခြုံမှုတွေ ရှိတတ်တယ်။"
✅ "တခါတလေ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေပေမယ့်၊ တခြားအချိန်တွေမှာတော့ တစ်ယောက်တည်း နေတတ်ပြီး သတိကြီးတတ်တယ်။"
Forer က ကျောင်းသားတွေကို ဒီခွဲခြမ်းစိတ်ဖြာချက်က သူတို့နဲ့ ဘယ်လောက် "အတိအကျ" ကိုက်ညီသလဲ ဆိုတာကို 0 (လုံးဝမမှန်) ကနေ 5 (အလွန်တိကျ) အထိ အဆင့်သတ်မှတ်ခိုင်းပါတယ်။
ရလဒ်က ဘာထင်လဲ?
ကျောင်းသားအားလုံးရဲ့ ပျမ်းမျှ အမှတ်က 4.26/5 ထွက်လာပါတယ်။
ဆိုလိုတာက ကျောင်းသားအများစုက ဒီအဖြေတွေဟာ သူတို့အကြောင်းကို "အလွန်တိကျစွာ" ဖော်ပြနိုင်တယ်လို့ ယုံကြည်သွားကြတာပါ။
အဓိက လှည့်ကွက်က −
ကျောင်းသား ၃၉ ယောက်လုံး ရလိုက်တဲ့ ခွဲခြမ်းစိတ်ဖြာချက်ဟာ လုံးဝ တစ်ပုံစံတည်း တူညီနေပါတယ်။
Forer က အဲ့ဒီ အချက် ၁၃ ချက်ကို လမ်းဘေး သတင်းစာဆိုင်တစ်ဆိုင်က ဗေဒင်ဟောစာတမ်း စာအုပ်တစ်အုပ်ထဲကနေ ကူးယူပြီး အားလုံးကို အတူတူ ပေးလိုက်တာပါ။
ဒါဟာ Barnum Effect ရဲ့ အစွမ်းပါပဲ။
လူတိုင်းက "ဒါ ငါ့အတွက် သီးသန့်" လို့ ထင်ခဲ့ကြတယ်။
🧠 ဒီသက်ရောက်မှုက ဘာလို့အစွမ်းထက်နေတာလဲ?
ဘာလို့ ကျွန်တော်တို့ ဦးနှောက်က ဒီလောက် ယေဘုယျကျတဲ့ စကားလုံးတွေကို "အတိအကျ" လို့ လက်ခံမိသွားရတာလဲ။ အကြောင်းရင်း ၄ ခု ရှိပါတယ်။
၁။ အကောင်းမြင်ဘက်ကို ယိမ်းခြင်း (Positivity Bias)
Forer ရဲ့ စမ်းသပ်မှုထဲက စာကြောင်းတွေကို သတိထားကြည့်ပါ။
အများစုက အကောင်းမြင်ဆန်ပါတယ်။
"သင့်မှာ မထုတ်သုံးရသေးတဲ့ စွမ်းရည်တွေ ရှိတယ်"၊ "သင့်မှာ အားနည်းချက်တွေ ရှိပေမယ့်၊ ပြန်ထိန်းညှိနိုင်တယ်" ဆိုတာမျိုးတွေပါ။ လူတွေဟာ ကိုယ့်အကြောင်း ကောင်းတာ ကြားချင်ကြတယ်။ ဒါကြောင့် ချီးကျူးစကား၊ အကောင်းမြင်ဆန်တဲ့ စကားတွေကို ပိုပြီး လွယ်လွယ်ကူကူ လက်ခံတတ်ကြပါတယ်။
၂။ အလွန်ယေဘုယျကျခြင်း (Vagueness)
"တစ်ခါတစ်လေ သင်ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်၊ တခြားအချိန်တွေမှာတော့ တစ်ယောက်တည်း နေတတ်တယ်" ဆိုတဲ့ စကားကို ကြည့်ပါ။ ဒါ လူတိုင်းနဲ့ ကိုက်ညီပါတယ်။
လူတိုင်းက အချိန်ပြည့် ပေါင်းသင်းဆက်ဆံရေး ကောင်းမနေသလို၊ အချိန်ပြည့်လည်း တစ်ယောက်တည်း နေမနေပါဘူး။ ဒီလို "ဘယ်လိုပြောပြော မှန်နေတဲ့" (Vague) စကားလုံးတွေက သင့်ကို ထောင်ချောက်ဆင်လိုက်တာပါ။
၃။ အတည်ပြုလိုစိတ် (Confirmation Bias)
ဒါကလည်း အရေးကြီးတဲ့ Cognitive Bias တစ်ခုပါ။
လူတွေဟာ ကိုယ်ယုံကြည်ပြီးသား အရာတွေကို ထောက်ခံတဲ့ အချက်အလက်တွေကိုပဲ ရွေးချယ်ပြီး ရှာဖွေတတ်ကြပါတယ်။ သင်က သင့်ကိုယ်သင် "နက်နဲတယ်၊ ရှုပ်ထွေးတယ်" လို့ ထင်ထားရင်၊ "တစ်ခါတစ်လေ ဒီလို၊ တစ်ခါတစ်လေ ဟိုလို" ဆိုတဲ့ ဟောစာတမ်းက သင့်ရဲ့ ယုံကြည်ချက်ကို လာပြီး "အတည်ပြု" ပေးလိုက်တာနဲ့ တူသွားပြီး "ဒါ တကယ်မှန်တာပဲ" လို့ ထင်သွားစေပါတယ်။
၄။ အာဏာပိုင်ကို ယုံကြည်မှု (Belief in Authority)
ဒီစကားတွေကို ဘယ်သူက ပြောတာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။
လမ်းဘေးက လူတစ်ယောက်က ပြောတာထက်၊ "နာမည်ကြီး ဗေဒင်ဆရာ"၊ "စိတ်ပညာရှင်"၊ "AI Algorithm" ဒါမှမဟုတ် "နာမည်ကြီး Personality Test" တစ်ခုက ထွက်လာတဲ့ အဖြေဆိုရင်၊ သင်က ပိုပြီး ယုံကြည်ဖို့ အလားအလာ များသွားပါတယ်။
⚠️ လက်တွေ့ဘဝမှာ Barnum Effect ကို ဘယ်နေရာတွေမှာ သတိထားရမလဲ?
ဒီ Effect က ဗေဒင်ဟောစာတမ်းတွေထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။
သင့်ရဲ့ နေ့စဉ်ဘဝ၊ အလုပ်၊ စီးပွားရေးတွေထဲမှာပါ ရှိနေပါတယ်။
၁။ ဗေဒင်၊ လက္ခဏာ နှင့် "Cold Reading"
ဒါကတော့ ဂန္တဝင် ဥပမာပါ။ ဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ၊ တားရော့ကတ် ဖတ်သူတွေဟာ "Cold Reading" ဆိုတဲ့ နည်းပညာကို သုံးလေ့ရှိပါတယ်။
သူတို့က သင့်ကို ကြည့်ပြီး (သင့်ရဲ့ ဝတ်စားဆင်ယင်မှု၊ စကားပြောဟန်၊ ခန္ဓာကိုယ် အမူအရာ) ယေဘုယျကျတဲ့ Barnum Statement တွေနဲ့ အရင် စကားစပါတယ်။
ဥပမာ: "သင် အခုတလော ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်ပူနေရတာမျိုး ရှိတယ်" (လူတိုင်းနီးပါး စိတ်ပူတတ်ပါတယ်)။
သင်က "ဟုတ်တယ်" ဆိုတဲ့ ပုံစံမျိုး ခေါင်းညိတ်လိုက်တာနဲ့၊ သူတို့က အဲ့ဒီလမ်းကြောင်းပေါ် ဆက်လိုက်ပြီး ပိုတိကျသလိုလို ဟန်ဆောင်ကာ ဆက်ဟောပါတော့တယ်။
၂။ Marketing နှင့် ကြော်ငြာ
စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ Marketer တွေ သတိထားရမယ့် အချက်ပါ။ Customer တွေကို "သင့်အတွက် သီးသန့်" (Personalized) ဆိုတဲ့ ခံစားချက်မျိုး ပေးဖို့ Barnum Effect ကို သုံးကြပါတယ်။
ဥပမာ ကြော်ငြာ - "သင်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူး။ သင်က ခေါင်းဆောင်တစ်ယောက်။ ဒါကြောင့် သင့်ရဲ့ ထူးခြားတဲ့ Personality နဲ့ လိုက်ဖက်တဲ့ ဒီ Product ကို သုံးသင့်တယ်!"
ဒီစကားက Customer တိုင်းကို ပြောနေတာပါ။ ဒါပေမဲ့ ဖတ်လိုက်ရသူတိုင်းက "ဒါ ငါ့ကို ပြောနေတာ" လို့ ခံစားရပြီး အဲ့ဒီ Brand နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးထား ဆက်စပ်လိုက်မိစေပါတယ်။
Netflix ရဲ့ "For You" ဒါမှမဟုတ် Spotify ရဲ့ "Discover Weekly" တွေကလည်း ဒီသဘောတရားကို အခြေခံထားတာပါ။ သင့်အတွက် "သီးသန့်" လို့ ထင်ရပေမယ့်၊ တကယ်တော့ သင့်လို လူအုပ်စု ထောင်ပေါင်းများစွာကို ပြပေးနေတဲ့ အရာတွေပါ။
၃။ Social Media ပေါ်က Self-Diagnosis
ဒါက ဒီဘက်ခေတ်မှာ အရမ်း သတိထားရမယ့် အချက်ပါ။
TikTok တွေ၊ Facebook Reel တွေမှာ "ADHD ရဲ့ လက္ခဏာ ၅ ချက်"၊ "Autism ဖြစ်နေသူတွေရဲ့ အမူအကျင့် ၃ မျိုး"၊ "Depression (စိတ်ကျရောဂါ) ရှိသူတွေမှာ တွေ့ရတတ်တဲ့ အချက်များ" ဆိုတာမျိုးတွေ တွေ့ဖူးကြမှာပါ။
အဲ့ဒီမှာ ဖော်ပြထားတဲ့ လက္ခဏာတွေက "အာရုံစိုက်ရခက်တယ်"၊ "လူတွေနဲ့ တွေ့ရတာ သက်တောင့်သက်သာမဖြစ်ဘူး"၊ "အရာရာကို စိတ်ကုန်လွယ်တယ်" ဆိုတာမျိုးတွေပါ။
ဒါတွေက Barnum Statement တွေပါပဲ။
လူတိုင်းနီးပါး တစ်ခါတလေ ခံစားရတတ်တဲ့ အရာတွေပါ။
ဒါကို ကြည့်ပြီး လူငယ်တွေက "ဒါ ငါနဲ့ ကိုက်နေတယ်ဟ။ ငါ ADHD ဖြစ်နေပြီ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါသတ်မှတ် (Self-diagnose) တာတွေ လုပ်လာကြတယ်။
ဒါက တကယ့် ကျွမ်းကျင် ဆရာဝန်တွေဆီက အကူအညီ လိုအပ်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။
၄။ အလုပ်ခွင်က Feedback
Manager တွေ၊ ခေါင်းဆောင်တွေအတွက်ပါ။ သင်က သင့် Team ကို ယေဘုယျ Feedback ပေးတဲ့အခါ Barnum Effect က အကောင်းရော အဆိုးရော ဖြစ်နိုင်ပါတယ်။
Positive: "ဒီ Project မှာ လူတိုင်း အရမ်းကြိုးစားကြတယ်။ အားလုံး တော်တယ်!" လို့ ယေဘုယျ ချီးကျူးလိုက်ရင်၊ ဝန်ထမ်းတိုင်းက "ဒါ ငါ့ကို ပြောနေတာ" လို့ ခံစားရပြီး ပိုအလုပ်ကြိုးစားချင်စိတ် ဖြစ်လာနိုင်ပါတယ်။
Negative: "ကျွန်တော်တို့ Team က အသေးစိတ် အချက်အလက် (Details) တွေမှာ ပိုဂရုစိုက်ဖို့ လိုနေတယ်" လို့ ယေဘုယျ ပြောလိုက်ရင်၊ လူတိုင်းက "ဒါ ငါ့ကို ပြောတာ မဟုတ်ဘူး၊ ဘေးက တစ်ယောက်ကို ပြောနေတာ" လို့ တွေးပြီး ဘယ်သူမှ တာဝန်ယူ ပြင်ဆင်တော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် ဝေဖန်ထောက်ပြစရာ ရှိရင် ယေဘုယျ မပြောဘဲ၊ တစ်ဦးချင်း သီးသန့် ပြောတာက အမြဲတမ်း ပိုထိရောက်ပါတယ်။
💡 ဒီသက်ရောက်မှုကနေ ဘယ်လိုရုန်းထွက်မလဲ?
Barnum Effect က လူ့သဘာဝမို့ လုံးဝ ရှောင်လို့တော့ မရပါဘူး။ ဒါပေမဲ့ သတိထားပြီး သူ့ရဲ့ သားကောင် မဖြစ်အောင်တော့ နေလို့ရပါတယ်။
၁။ သတိထားပြီး သံသယဝင်ပါ (Be Aware & Skeptical)
ပထမဆုံး အရေးကြီးဆုံးအချက်က Barnum Effect ဆိုတာ ရှိတယ်ဆိုတာကို သိထားဖို့ပါပဲ။ နောက်တစ်ခါ ဗေဒင်ဟောစာတမ်းတစ်ခုက "အတိအကျ မှန်နေတယ်" လို့ ခံစားရရင်၊ "ခဏလေး၊ ဒါ Barnum Effect များလား" လို့ ကိုယ့်ကိုယ်ကိုယ် အရင် မေးပါ။ ✅
၂။ ယေဘုယျ စကားလုံးတွေကို သတိပြုပါ (Recognize Vague Statements)
"တစ်ခါတစ်လေ..." (At times...)၊ "တစ်ခါတစ်ရံ..." (Sometimes...)၊ "... တတ်သည်" (You tend to...)၊ "... လေ့ရှိသည်" ဆိုတဲ့ စကားလုံးတွေ ပါလာရင် ချက်ချင်း သတိထားလိုက်ပါ။ ဒါတွေက ဘယ်သူနဲ့မဆို ကိုက်ညီအောင် ရေးထားတဲ့ စကားလုံးတွေပါ။ ✅
၃။ အချက်အလက်ကို စစ်ဆေးပါ (Verify Information)
အထူးသဖြင့် ကျန်းမာရေး၊ ငွေကြေး၊ ဒါမှမဟုတ် အရေးကြီးတဲ့ ဘဝ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လာရင်၊ ယေဘုယျ ဟောစာတမ်းတွေ၊ Social Media ပေါ်က အကြံပေးချက်တွေကို မယုံပါနဲ့။ တကယ့် ကျွမ်းကျင်ပညာရှင် (ဆရာဝန်၊ ဘဏ္ဍာရေး အတိုင်ပင်ခံ) တွေနဲ့ တိုင်ပင်ပါ။ ✅
၄။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ပါ (Define Yourself)
သင့်ရဲ့ Personality ကို သတ်မှတ်ဖို့ Facebook ပေါ်က Quiz တွေ၊ ဗေဒင်ဆရာတွေဆီက စကားလုံးတွေကို မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို ကိုယ်တိုင် သုံးသပ်ပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် တည်ဆောက်ပါ။ ✅
အဓိက မှတ်သားစရာ
Barnum Effect ဆိုတာက ကျွန်တော်တို့ ဦးနှောက်ရဲ့ "အယုံလွယ်တဲ့" အားနည်းချက်တစ်ခုပါ။
ယေဘုယျကျပြီး ဘယ်သူနဲ့မဆို ကိုက်ညီနိုင်တဲ့ စကားလုံးတွေကို "ငါ့အတွက် သီးသန့်" လို့ အဓိပ္ပာယ်ဖွင့်ပြီး လက်ခံယုံကြည်လိုက်တာပါပဲ။
ဒါဟာ ဗေဒင်ဆရာတွေ၊ Marketer တွေ၊ Social Media Content Creator တွေ အသုံးပြုနေတဲ့ အစွမ်းထက် လက်နက်တစ်ခုပါ။
သူတို့က သင့်အကြောင်းကို တကယ် သိနေတာ မဟုတ်ပါဘူး။ သူတို့က လူတွေရဲ့ စိတ်ပညာ ကို သိနေတာပါ။
ဒီအချက်ကို သိထားခြင်းအားဖြင့်၊ သင်ဟာ ပိုပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ (Critical Thinker)၊ ပိုပြီး ဆုံးဖြတ်ချက် မှန်ကန်တဲ့ ခေါင်းဆောင်ကောင်း၊ လုပ်ငန်းရှင်ကောင်း တစ်ယောက် ဖြစ်လာပါလိမ့်မယ်။✅
©12minNotesMyanmar-Est.2019
~ ~ ~ ~ ~ ~ ~ ~ ~ ~
🚨လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။
ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸
ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀
ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။
"Thinking Traps" (Super Guide eBook) ကို ရယူအသုံးချလိုပါက −
Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
(သို့မဟုတ်)
Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
~ ~ ~ ~ ~ ~ ~ ~ ~ ~
Exclusive Invitation:
တကယ်လို့ စာဖတ်သူမိတ်ဆွေက အခုထက်ပိုမြင့်တဲ့ Next Level ကို သွားချင်တယ်ဆိုရင် ထိပ်တန်း 1% သောပုဂ္ဂိုလ်တွေ လေ့လာအသုံးချနေတဲ့ Secret Program ကြီး ရှိပါတယ်။ အဲ့ဒါကတော့…
Applied Business Psychology, Behavioral Science, Neuromarketing ဆိုင်ရာ အဆင့်မြင့် ပညာရပ်တွေကို ကိုယ့်ရဲ့ Professional နယ်ပယ်အတွက် အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ရယူအသုံးချနိုင်စေမယ့် "မြန်မာ့ပထမဆုံး” Profits Max Program ကြီးပါပဲ။
✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်၊
✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိပြီး၊
✅ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးချနေကြတဲ့ Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို ဒီ Link တွေမှာ လေ့လာရယူလိုက်ပါ။👇
၁။ စာဖြင့် အသေးစိတ် ဖတ်ရှုရန် −
Facebook: https://www.facebook.com/12minNotes/posts/1149466227349406
Website: https://12minnotes.com/courses မှာ Profits Max Program ကိုရှာပါ။
၂။ Video ရှင်းပြချက် ကြည့်ရန် −
Facebook: https://www.facebook.com/100068581195075/posts/1150184313944264/
YouTube: https://www.youtube.com/watch?v=QKaVeNDO1Rw
၃။ တစ်ခါတည်းဝယ်ယူအသုံးချရန် −
Messenger: https://m.me/12minNotes မှာ PMP လို့ စာပို့လိုက်ပါ။ ✅
(သို့မဟုတ်)
Telegram: https://t.me/My12minNotesBot မှာ PMP လို့ စာပို့လိုက်ပါ။ ✅Author : 12min Notes Myanmar