12min Notes Myanmar

Complete Business Essentials (Advanced Learning Program)

img

Complete Business Essentials (Advanced Learning Program)

img 12min Notes Myanmar (Admin)

What's in this package?

အကယ်၍ သင်က လက်ရှိလုပ်ငန်းမှာ ~

👉🏻Customer နဲ့ Sales အသစ်တွေ ပိုများလာချင်ရင်

👉🏻ဝင်ငွေနဲ့ အကျိုးအမြတ်တွေ ပိုတိုးလာချင်ရင်

👉🏻ဈေးကွက်ထဲမှာ လုပ်ငန်းတူ ပြိုင်ဖက်တွေထက် သာလွန်ချင်ရင်

👉🏻ပြိုင်ဖက်တွေ ကိုယ့်ကိုလာယှဥ်လို့မရတဲ့ ကိုယ်ပိုင်ဈေးကွက်တစ်ခု ဖန်တီးနိုင်ချင်ရင်

👉🏻လုပ်ငန်းထဲမှာပိတ်မိမနေဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်တဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်ရင်

👉🏻ကိုယ်ပိုင်စီးပွားရေးလုပ်ရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင်အချိန်တွေကို လွတ်လွတ်လပ်လပ် အသုံးချချင်ရင်

👉🏻Customer တွေ ယုံကြည်နှစ်သက်ပြီး ထပ်တလဲလဲ ဝယ်ချင်/ညွှန်းချင်ကြတဲ့ Brand တစ်ခုကို ပိုင်ဆိုင်ချင်ရင်


ဒီစာလေးကိုလည်း သေချာအာရုံစိုက်ပြီး ဖတ်ချင်ပါလိမ့်မယ်။✨


ဘာကြောင့်လဲဆိုတော့ ဒီစာထဲမှာ သင်ဟာ ကောင်းနိုးရာရာ စီးပွားရေးစာအုပ်တွေ အများကြီး လိုက်ရှာဖတ်ဖို့မလို၊ ကောင်းနိုးရာရာ သင်တန်းတွေ အများကြီး လိုက်ရှာတက်ဖို့မလိုဘဲ


✅ နိုင်ငံတကာအဆင့် စီးပွားရေးအသိပညာတွေ အချိန်တိုအတွင်းကြွယ်ဝလာစေဖို့


✅ သင့်လုပ်ငန်းမှာ Customer နဲ့ Sales တွေ အဆများစွာ ပိုတိုးလာစေဖို့


✅ သင့်လုပ်ငန်းနဲ့ အမှတ်တံဆိပ်ကို လူတွေ ပိုသိ/ ပိုယုံကြည်ပြီး ပိုဝယ်လာစေဖို့


✅ စီးပွားရေးကို အခုထက်ပိုပြီး ထိရောက်စွာ စီမံခန့်ခွဲ လုပ်ကိုင်နိုင်စေဖို့


ရိုးရှင်းပြီး အင်မတန်မှ ထိရောက်တဲ့ Advanced Learning Program တစ်ခုအကြောင်း သိရတော့မှာမို့လို့ပါ။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ကျွန်တော့်နာမည် ကိုနေအောင်ပါ။ 12min Notes Myanmar Organization ရဲ့ Co-founder တစ်ဦးဖြစ်သလို သင့်လိုပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။



ကျွန်တော်စီးပွားရေးစလုပ်တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝက်ကဆို လုပ်ငန်းကို လူသိများလာဖို့၊ Customer နဲ့ Sales အသစ်တွေ လစဥ်တိုးလာဖို့၊ လုပ်ငန်းကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့၊ စီးပွားရေး အသိပညာ ဗဟုသုတအသစ်တွေ ရှာဖွေဖို့ တော်တော်လေး ခက်ခဲခဲ့တယ်။


လုပ်ငန်းတိုးတက်ဖို့ ပြည်တွင်းပြည်ပက ကောင်းနိုးရာရာ စီးပွားရေးစာအုပ်တွေ ရှာဝယ်ဖတ်တယ်။ Online Courses တွေနဲ့ သင်တန်းတွေ ရှာတက်ခဲ့ရတယ်။


ဒါပေမယ့် အများစုက အချိန်ကုန်၊ လူပင်ပန်းပြီး ထိရောက်မှု နည်းပါးတာကို တွေ့ခဲ့ရပါတယ်။


အကယ်၍ သင်လည်း ကျွန်တော့်လိုပဲ ကိုယ်ပိုင်စီးပွားရေးမှာ ပိုပြီးအောင်မြင်ချင်တယ်၊ Customer နဲ့ Sales အသစ်တွေ စဥ်ဆက်မပြတ်ရလာချင်တယ်၊ ကိုယ့် Brand ကို လူသိများလာချင်တယ်၊ အချိန်နည်းနည်းနဲ့ စီးပွားရေး အသိပညာ ဗဟုသုတတွေ ပိုပြီးတော့ တိုးတက်လာချင်တယ်ဆိုရင် နည်းလမ်းမျိုးစုံ ရှာဖွေ၊ စမ်းသပ်ခဲ့ပြီးလောက်ပါပြီ။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစလို့ ဒီနည်းလမ်းမျိုးစုံ ရှာဖွေ၊ စမ်းသပ်၊ လုပ်ဆောင်ခဲ့ပါတယ်။


💢 ကောင်းနိုးရာရာ စီးပွားရေးစာအုပ်တွေ ဝယ်ဖတ်ကြည့်တယ်။ ဒါပေမယ့် ဘယ်စာအုပ်က ကိုယ့်လုပ်ငန်းအတွက် သင့်တော်မလဲမသိဘူး။ တချို့စာအုပ်တွေကျ ဖတ်ပြီး ပြန်မသုံးဖြစ်တော့ဘူး။ ဒီလိုနဲ့ အချိန်ကုန်ပြီး ရှေ့မရောက်တော့ဘူး။


💢 စီးပွားရေးသင်တန်း၊ marketing သင်တန်းတွေ လိုက်တက်ကြည့်တယ်။ ဒါပေမယ့် ဘယ်သင်တန်းက ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမလဲ သေချာမသိဘူး။ သင်ပြီးတာတွေ ပြန်အသုံးမချဖြစ်ဘူး။ သင်တန်းတက်ဖို့ ပေးလိုက်ရတဲ့ အချိန်နဲ့ပိုက်ဆံတွေပဲ ကုန်သွားတယ်။ mini MBA တွေနဲ့ နာမည်ကြီး online သင်တန်းတွေကျတော့လည်း ပိုက်ဆံတွေ နင့်နေအောင်ပေးရတယ်။


💢 “အလုပ်ဖြစ်တဲ့ စီးပွားရေးအကြံဉာဏ်တွေ” စုထားတယ်ဆိုတဲ့ သင်တန်းတွေ တက်ပြန်တော့ တစ်ဝက်လောက်က ကိုယ့်ရဲ့လုပ်ငန်းနဲ့ မကိုက်ညီတာတွေဖြစ်။ နောက်တစ်ဝက်လောက်ကလည်း သူများသုံးထားပြီးသားတွေဖြစ်နေတော့ ကိုယ်က ပုံတူလိုက်ကူးသလိုဖြစ်နေရော။ ဒီလိုနဲ့ ပိုက်ဆံကုန် အချိန်ကုန်သွားရော။


💢 နောက်ပြီး စီးပွားရေးအကြောင်း ဝေမျှပေးနေတဲ့ Page တွေ Influencer တွေကို စောင့်ကြည့်နားထောင်ဖြစ်တယ်။ ဒါပေမယ့် အများစုက နိုင်ငံခြားကစာတွေကို ဘာသာပြန်ပြီး ပြန်တင်နေတော့ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့အသုံးချဖို့ အဆင်မပြေဘူး။ အချိန်ကုန်ပြီးတော့ လူပင်ပန်း စိတ်ပင်ပန်းဖြစ်တယ်။


💢 စီးပွားရေးစာအုပ်တွေကို အနှစ်ချုပ်ထားတဲ့ Blinkist, Shortform, getAbstract, InstaRead တို့လို နိုင်ငံခြားက Book Summary တွေ ဝယ်ဖတ်ကြည့်တယ်။ ဒါပေမယ့် ဗဟုသုတပဲရလိုက်တယ်။ ပြည်တွင်းက ဘာသာပြန်အနှစ်ချုပ်တွေကျတော့ နိုင်ငံခြားက Summary ကိုမှ ဘာသာထပ်ပြန်ထားတော့ original စာအုပ်က ပေးချင်တဲ့ Key insights တွေကို သေချာမသိရဘူး။ မြန်မြန်ဖတ်ပြီး ဗဟုသုတတော့ရပါရဲ့။ လက်တွေ့ပြန်သုံးဖို့ သိပ်မလွယ်ကူဘဲ အချိန်ကုန်ခဲ့တယ်။


💢 ဒါတွေအားလုံးလုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ အချိန်ကုန်၊ ပိုက်ဆံကုန်၊ လူပင်ပန်းပြီး ကိုယ့်ရဲ့လုပ်ငန်းအတွက် လိုချင်တဲ့ရလဒ်တွေ မရခဲ့ဘူး။ တော်တော်လေးတော့ စိတ်ပျက်စရာကောင်းတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒါတွေကို သေချာအဖြေရှာကြည့်တော့ အဓိကပြဿနာက သင်တန်းနဲ့ဘာသာပြန်စာအုပ် "အများစု" မှာ အပေါ်ယံ ဗဟုသုတရရုံ “အချက်အလက်” တွေ များလွန်းပြီး လက်တွေ့အသုံးချလောက်အောင် ထိရောက်တဲ့ အတွေးအခေါ်၊ အိုင်ဒီယာနဲ့ နည်းလမ်းကောင်းတွေ နည်းပါးလွန်းနေတာပါပဲ


ဒီအတွက် အဖြေတစ်ခု ရှိကိုရှိရမှာပဲ။


ဘာလို့လဲဆိုတော့ လူတော်တော်များများသာ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ခက်ခဲရုန်းကန်နေကြတာ။ အောင်မြင်တဲ့လူနည်းစုကျတော့ စီးပွားရေးအသိပညာ ဗဟုသုတတွေ ကြွယ်ဝနေပြီး လုပ်သမျှစီးပွားရေးတွေက အဆင်ပြေ၊ အောင်မြင်၊ အကျိုးအမြတ်များနေတာလေ။


ကျွန်တော် ဒီလိုနဲ့ စီးပွားရေးအတွက် အသုံးတည့်နိုင်မယ့်၊ နိုင်ငံတကာမှာ ရေပန်းစားပြီး ရောင်းအားကောင်းနေတဲ့ စာအုပ်တွေအများကြီးကို လက်လှမ်းမီသလောက် ရှာဝယ်တယ်။ ဖတ်တယ်။ နိုင်ငံခြားက သင်တန်းတွေကိုလည်း သေချာအချိန်ပေးပြီး လေ့လာခဲ့တယ်။

(ဒီပုံက ၇ နှစ်အတွင်း ကျွန်တော်စုဆောင်းဖတ်ရှုခဲ့တဲ့ နိုင်ငံတကာက စီးပွားရေးစာအုပ်ကောင်းတွေပါ)



လေ့လာရင်းနဲ့ စီးပွားရေးလုပ်နေသူတိုင်း ဖတ်သင့်တယ်လို့ ညွှန်းကြတဲ့ ကမ္ဘာကျော် စီးပွားရေးစာအုပ်ကောင်းတွေ၊ နောက်ပြီးတော့ ပြည်တွင်းက သင်တန်းတွေမှာ ကောက်နှုတ်ပြီး ပြန်သင်နေကြတဲ့ နိုင်ငံခြားက Best-Seller Original စီးပွားရေးစာအုပ်ကောင်းတွေကို ရှာဖွေတွေ့ရှိလာတယ်။


ဒီလိုမျိုး ရှာတွေ့လာတဲ့ စာအုပ်တစ်အုပ်ချင်းစီကို သေချာအချိန်ပေးပြီးတော့ လေ့လာတယ်။ အာရုံစိုက်ပြီး ဖတ်တယ်။ သင်ယူတယ်။


ဖတ်တဲ့အခါမှာလည်း ရိုးရိုး ပြီးပြီးရောမဖတ်ဘဲ သေချာ Highlight လုပ်၊ Notes ရေး၊ မျဥ်းတား၊ Mind Map တွေဆွဲပြီး ကျောင်းတုန်းက စာမေးပွဲအတွက် ညက်ညက်ကြေအောင် လေ့လာသလိုမျိုး ဒီစာအုပ် တစ်အုပ်ချင်းကို အသေးစိတ် နားလည်သဘောပေါက်အောင် လေ့လာတယ်။


ဆွဲထုတ်ထားတဲ့ Mind Map တွေ၊ Notes တွေ၊ Highlight လုပ်ထားတာတွေထဲက အရေးကြီးတဲ့အိုင်ဒီယာတွေ၊ လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းတွေကိုလည်း တကယ့်လုပ်ငန်းခွင်မှာ ပြန်ပြီးတော့ လက်တွေ့အသုံးချဖို့ ကြိုးစားခဲ့တယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒီကမ္ဘာကျော်စီးပွားရေးစာအုပ်တွေထဲက အတွေးအခေါ်၊ အိုင်ဒီယာနဲ့ နည်းလမ်းကောင်းတွေကို လက်တွေ့အသုံးချနိုင်တဲ့နောက်ပိုင်း လုပ်ငန်းမှာ သိသာတဲ့ရလဒ်လေးတွေ စတွေ့လာရတယ်။✨


စာအုပ်ထဲက အိုင်ဒီယာ/နည်းလမ်း တစ်ခုစီကို လက်တွေ့အသုံးချလိုက်တိုင်းမှာ လုပ်ငန်းရဲ့ မားကက်တင်းရလဒ်တွေ ပိုထိရောက်လာတယ်၊ Customer နဲ့ Sales တွေ ပိုတက်လာတယ်၊ လုပ်ငန်းကို လူပိုသိလာတယ်၊ လုပ်ငန်းအပေါ် Customer တွေရဲ့ ယုံကြည်မှု ပိုများလာတယ်၊ Brand ကိုလည်းမှတ်မိပြီး ထပ်ကာထပ်ကာ ပြန်လာဝယ်ကြတယ်။


အဲ့ဒီတော့ နောက်ထပ်တစ်အုပ် ထပ်ဖတ်ပြီး အဲ့ဒီထဲက မတူတဲ့ အိုင်ဒီယာ/နည်းလမ်း တစ်ခုကို ထပ်သုံးကြည့်တော့လည်း မားကက်တင်းရလဒ်တွေ ပိုထိရောက်လာတယ်၊ Customer နဲ့ Sales တွေ ပိုတက်လာတယ်၊ လုပ်ငန်းကို လူပိုသိလာတယ်၊ လုပ်ငန်းအပေါ် Customer တွေရဲ့ ယုံကြည်မှု ပိုများလာတယ်၊ Brand ကိုလည်းမှတ်မိပြီး ထပ်ကာထပ်ကာ ပြန်လာဝယ်ကြတယ်။ ✅


လက်တွေ့ဥပမာအနေနဲ့ ၂၀၂၀ တုန်းက စတင်ခဲ့ပြီး တစ်လရောင်းအား ၂၈ သိန်းလောက် ရှိခဲ့တဲ့ လုပ်ငန်းအသစ်လေးက ၂၀၂၃ နှစ်ကုန်မှာ တစ်နှစ်လုံးရောင်းအား သိန်း ၇၆၀၀ လောက် ရှိခဲ့တဲ့အထိ ဒီကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်းတွေထဲက အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်တွေက ကျွန်တော့်အတွက် အရမ်းကိုတန်ဖိုးရှိခဲ့ပါတယ်။

(သုံးတတ်ရင် သုံးတတ်သလောက် အကျိုးများစေတဲ့ စီးပွားရေးအသိပညာတွေပါ)



ဒီစာအုပ်ကောင်းတွေထဲက နည်းလမ်းတချို့ကို ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ အသိမိတ်ဆွေတွေကိုလည်း ဝေမျှပြောပြကြည့်တယ်။ သူတို့ တကယ် အသုံးချကြည့်တော့လည်း သူတို့လုပ်ငန်းမှာ သိသာတဲ့တိုးတက်မှုရလဒ်တွေ တစ်စတစ်စ မြင်တွေ့လာရတယ်။ ✅


ဒီတော့ စီးပွားရေးလုပ်သူတိုင်း လေ့လာသင့်တဲ့ ဒီကမ္ဘာကျော်စာအုပ်တွေထဲက အိုင်ဒီယာနဲ့ နည်းလမ်းကောင်းတွေကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေသူတိုင်း ခူးပြီးခပ်ပြီး အဆင်သင့် ဆွဲယူအသုံးချနိုင်အောင် ကျွန်တော်ဖန်တီးပေးချင်တယ်။ ✨


အကယ်၍ သင်က “ဒီကမ္ဘာကျော်စာအုပ်တွေထဲက အိုင်ဒီယာနဲ့ နည်းလမ်းကောင်းတွေကို ခူးပြီးခပ်ပြီး အဆင်သင့် နားထောင်၊ သင်ယူ၊ အသုံးချနိုင်မယ့်နည်းလမ်း မရှိဘူးလား” လို့ ကျွန်တော့်ကို မေးလာခဲ့ရင်တော့ 12min Notes Myanmar ကအသစ် ဖန်တီးထားတဲ့ Complete Business Essentials ဆိုတဲ့ Advanced Learning Program ကောင်းတစ်ခုကို မိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။✨



Complete Business Essentials (Advanced Learning Program) ထဲမှာ −


Business, Marketing, Storytelling, Leadership, Management, Communication, Customer Service, Entrepreneurship, Strategy − ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး လေ့လာနိုင်မယ့်၊ နိုင်ငံတကာမှာလည်း ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ စီးပွားရေးစာအုပ်ကောင်း ၄၀ ကျော်ကို အသေးစိတ် လေ့လာနိုင်မယ်။ (ဒီစာအုပ်တွေအကုန်လုံးပါမယ်)



✨ ဒီစာအုပ်တစ်အုပ်ချင်းစီထဲက အရေးအကြီးဆုံး အိုင်ဒီယာတွေ၊ နည်းလမ်းတွေကို အဆင်သင့် နားထောင်ပြီးတော့ ရယူအသုံးချနိုင်အောင် Mind Map Video တွေနဲ့ သေချာ ရှင်းပြပေးထားတယ်။


✨ Mind Map Video တစ်ခုကို ၁ နာရီကျော်ကြာတဲ့အတွက် စီးပွားရေးစာအုပ်အထူကြီးတွေကို ၁ နာရီအတွင်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး ပြန်အသုံးချနိုင်မယ်။


✨ ကမ္ဘာကျော်စီးပွားရေး စာအုပ်ကောင်းတွေထဲက အတွေးအခေါ်၊ အိုင်ဒီယာနဲ့ နည်းလမ်းတွေကို အဆင်သင့်ရယူနိုင်လို့ လုပ်ငန်းခွင်မှာ ချက်ချင်းပြန်ပြီးတော့ အသုံးချနိုင်မယ်။


✨ အိုင်ဒီယာ၊ နည်းလမ်းတစ်ခု သေချာအသုံးချလိုက်နိုင်တိုင်း သင်လည်း ကျွန်တော့်လိုပဲ လုပ်ငန်းမှာ မားကက်တင်းရလဒ်တွေ ပိုပြီးထိရောက်လာမယ်၊ Customer နဲ့ Sales တွေ ပိုတက်လာတာကို တွေ့ရမယ်၊ လုပ်ငန်းကို လူပိုသိလာမယ်၊ လုပ်ငန်းအပေါ် Customer တွေရဲ့ ယုံကြည်မှု ပိုများလာမယ်၊ ကိုယ့်ရဲ့ Brand ကိုလည်းမှတ်မိပြီး သူတို့ ထပ်ကာထပ်ကာ ပြန်လာဝယ်ကြတာကို တွေ့ရပါလိမ့်မယ်။


✨ ဒီ Advanced Business Program ထဲမှာ ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၁ အုပ်ချင်းစီကို ၁ နာရီကျော်ကြာ အသေးစိတ်ရှင်းပြပေးထားတဲ့ Extended Mind Map Video အပုဒ် ၄၀ ကျော်တောင်ပါဝင်လို့ ၁ အုပ် ၁ နာရီနဲ့ စာအုပ် ၄၀ အတွက် နာရီ ၄၀ ကျော် ~ ၅၀ နီးပါး ကြာအောင် အားရပါးရ လေ့လာသင်ယူ အသုံးချနိုင်မယ်။


✨ ကောင်းနိုးရာရာ ဘာသာပြန်စာအုပ်တွေအများကြီးကို လိုက်ရှာဝယ်ဖတ်စရာ မလိုတော့ဘူး။ ဒီ Advanced Learning Program ထဲမှာပါတဲ့ လက်ရွေးစင် စီးပွားရေးစာအုပ် ၄၀ ကျော်ကို ဇောက်ချလေ့လာရုံပဲ။


✨ ပြီးသွားရင် အင်္ဂလိပ်စာအားနည်းလို့ အရေးကြီး Concept တွေကို နားမလည်မှာ၊ လွတ်သွားမှာ စိတ်ပူစရာမလိုတော့ဘူး။ ဒီစာအုပ်တွေရဲ့ အနှစ်သာရတွေကို ထိထိမိမိနားလည်သဘောပေါက်အောင် Mind Map Diagram တွေနဲ့ မြန်မာလို အသေးစိတ် ရှင်းပြထားတာကို အလွယ်တကူ နားထောင်ရုံပဲ။


✨ သူများတွေ စီးပွားရေးလုပ်ရင်း ၁ နှစ်ကြာလို့မှ ၁၀ အုပ်တောင် မဖတ်ဖြစ်ကြတဲ့ Business, Marketing, Entrepreneurship, Strategy ဆိုင်ရာ ကမ္ဘာကျော် စီးပွားရေးစာအုပ်ကောင်းမြောက်များစွာထဲက အရေးကြီးတဲ့ Concepts တွေကို ၁ အုပ်ကို ၁ နာရီလောက် အချိန်ပေး နားထောင်ရုံနဲ့ နားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်။


✨ အနည်းဆုံး ၁ လ ၃ အုပ်ပဲ နားထောင်နိုင်မယ်ဆိုရင်တောင် ၄ လအတွင်းမှာ သင့်ရဲ့စီးပွားရေး အသိပညာ ဗဟုသုတနဲ့ အတွေးအခေါ်တွေဟာ ဘာမှမလေ့လာသူထက် ၁၀ ဆလောက် ပိုပြီးတော့ တိုးတက်ကြွယ်ဝနေမှာ သေချာတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒီ Program ကို ဘယ်လိုလေ့လာရမလဲဆိုတာ အသေးစိတ် ထပ်ရှင်းပြပေးပါမယ်။


1️⃣ Complete Business Essentials (Advanced Learning Program) ကို ဝယ်ပြီးသွားရင် တစ်ခြားလုပ်ငန်းရှင် ၆၀၀ ကျော် လေ့လာနှင့်ပြီဖြစ်တဲ့ ဒီ Website ထဲက Complete Business Essentials (Advanced Learning Program) ကို Register/Enroll လုပ်ရမယ်။


2️⃣ Program ထဲမှာ Extended Mind Map Video တွေကို သူ့ကဏ္ဍနဲ့သူ ခွဲခြားပေးထားတယ်။ အဲ့ဒီထဲက ကိုယ်စိတ်အဝင်စားဆုံး ကဏ္ဍ (သို့) စာအုပ်ကိုရွေးပြီး ကြည့်ရုံ၊ နားထောင်ရုံပဲ။


3️⃣ ၁ နာရီအတွင်း အဲ့ဒီစာအုပ်ထဲက အဆီအနှစ်တွေဖြစ်တဲ့ အတွေးအခေါ်၊ အိုင်ဒီယာနဲ့ နည်းလမ်းကောင်းတွေကို ချက်ချင်း နားလည်သဘောပေါက်သွားမယ်။


4️⃣ ပြီးရင် ကိုယ့်လုပ်ငန်းခွင်မှာ ချက်ချင်းပြန်အသုံးချပြီး လိုချင်တဲ့ရလဒ်ကောင်းတွေကို ရယူလိုက်ရုံပါပဲ။ (ဒီအောက်က လုပ်ငန်းရှင်အချို့လိုပေါ့)



~ ~ ~


💢 နိုင်ငံတကာက စီးပွားရေးစာအုပ်ကောင်းတွေ ဖတ်ကျင့်မရှိလို့ မဖတ်နိုင်မှာ/ လက်လှမ်းမမီမှာကို စိတ်ပူစရာ လုံးဝ မလိုတော့ဘူး


💢 အင်္ဂလိပ်စာအားနည်းလို့ Original စာအုပ်တွေ ဖတ်ပြီးနားမလည်တာမျိုးလည်း မဖြစ်တော့ဘူး


💢 အင်္ဂလိပ်လိုရေးထားတဲ့ စီးပွားရေးစာအုပ်တစ်အုပ်ကို အစအဆုံးဖတ်ဖို့ အချိန် ၁ ပတ် ၂ ပတ်လောက် ကုန်စရာလည်းမလိုတော့ဘူး


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒါဆို Complete Business Essentials (Advanced Learning Program) က ဈေးကြီးမှာပေါ့??


👉🏻 ဒီထဲမှာလေ့လာရမယ့် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ကို အပြင်မှာ တစ်အုပ်ချင်းဝယ်ဖတ်ရင် အခုဒေါ်လာဈေးနဲ့ဆို ၁ အုပ်ကို အနည်းဆုံး ၈ သောင်းကနေ ၁ သိန်းခွဲလောက်ထိ ပေးရမယ်။ စာအုပ် ၄၀ ဆို သိန်း ၃၀ အသာလေး ကျော်နေပြီ။ ဒါတောင်မှ တစ်အုပ်ချင်း အစအဆုံးပြီးအောင်ဖတ်ဖို့ ပေးရမယ့် အချိန်တွေ မပါသေးဘူး။


👉🏻 ဒီစာအုပ်တွေကို Original မဝယ်ဘူး၊ Reprint Version ဝယ်မယ်ဆိုရင်လည်း ၁ အုပ်ကို ၁ သောင်းကျော်နဲ့ အုပ် ၄၀ ဆို ၄−၅ သိန်း ပေးရဦးမယ်။ နောက်ပြီး ၈၀ ရာခိုင်နှုန်းက မြန်မာဘာသာပြန် မရှိသေးဘူး။


👉🏻 နောက်တစ်ခုက ဒီမူရင်းစာအုပ်ကောင်းတွေထဲက အိုင်ဒီယာတွေ၊ နည်းလမ်းတွေကို ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်၊ စုစည်းပြီး ပြန်သင်တဲ့ ၄−၅ နာရီလောက်အချိန်ပေးရတဲ့ စီးပွားရေးသင်တန်းတွေကလည်း သင်တန်းကြေး ၅ သိန်းကနေ သိန်း ၂၀ လောက်ထိ ကောက်ခံနေကြတယ်။


👉🏻 ဒါပေမယ့် နာရီပေါင်း ၄၀ ကျော် ၅၀ နီးပါး အားပါးတရလေ့လာနိုင်မယ့် ဒီ Complete Business Essentials (Advanced Learning Program) မှာဆိုရင်တော့ အချိန် ၁ နာရီပေးရုံနဲ့ ကမ္ဘာကျော်စီးပွားရေးစာအုပ် ၁ အုပ်ကို ကိုယ်တိုင်လေ့လာရသလိုမျိုး နားလည်သွားမယ်။ အထဲက အနှစ်သာရ၊ အိုင်ဒီယာ၊ နည်းလမ်းများစွာကိုလည်း ခူးပြီးခပ်ပြီး အသင့်ရယူနိုင်မယ်။


👉🏻 မူရင်းအင်္ဂလိပ် စာအုပ်ကောင်းထဲက အသိပညာ ဗဟုသုတတွေကို တိုက်ရိုက်လေ့လာနိုင်တာဖြစ်လို့ နည်းလမ်းတစ်ခုကို အခြေအနေတစ်ခုတည်းမှာ တစ်ခါသုံးလို့ရယုံ အပေါ်ယံပဲနားလည်ပြီး နောက်ပိုင်းတွေမှာ ထိထိရောက်ရောက် အသုံးမချနိုင်တာမျိုး လုံးဝ မဖြစ်တော့ဘူး။


👉🏻 အကောင်းဆုံးက လစဥ်ကြေး/နှစ်စဥ်ကြေး လုံးဝမရှိဘဲ Lifetime Access ရမှာဖြစ်လို့ ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ကျော်ထဲက အနှစ်သာရတွေကို လိုအပ်တိုင်း စိတ်ကြိုက်ရယူအသုံးချနိုင်မှာဖြစ်ပါတယ်။ (အပိုထပ်ကုန်စရာ ဘာမှမရှိတော့ပါ။)


▂▂▂▂▂▂▂▂▂▂▂▂▂▂


💢 အဆိုးဆုံးအခြေအနေကို အရင်စဥ်းစားကြည့်ရအောင်။


ဒီ Program ကို ဝယ်ယူပြီး နာရီ ၄၀ ကျော် အချိန်ကုန်ခံ လေ့လာပြီးတော့မှ ကိုယ့်လုပ်ငန်းအတွက် အိုင်ဒီယာ/နည်းလမ်း တစ်ခုပဲ အသုံးဝင်ခဲ့ပြီး Customer အသစ် တစ်နေ့မှ ၁ ယောက်ပဲ တိုးလာတယ်ဆိုပါစို့။


Customer တစ်ယောက်က သင့်လုပ်ငန်းအတွက် ဘယ်လောက်တန်လဲ။ ဒီအဖြေက လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကွဲပြားပါလိမ့်မယ်။


Customer အသစ်တစ်ယောက်ဆီက ၁၀၀၀၀ ပဲ မြတ်တယ် ဆိုကြပါစို့။


ဒီ Program ကို လေ့လာပြီး ရလာတဲ့အိုင်ဒီယာနဲ့ နည်းလမ်းအသစ်တချို့ကို အသုံးချကြည့်လို့ တစ်နေ့ Customer အသစ် ၁ ယောက်ပဲ တိုးရင်တောင် ၁ နှစ်အကြာမှာ Customer ၃၆၅ ယောက်လောက် တိုးလာပါပြီ။ ၃၆၅ x ၁၀၀၀၀ = ၃၆ သိန်းကျော်ပါ။ (ဒီ Customer အသစ်တွေဆီက တစ်နှစ်လုံးထပ်ရမယ့် repeated sales တွေ ထည့်မတွက်ထားသေးပါဘူး)


~~~


💢 ဒါကို နောက်တစ်ဖက်က ပြန်တွက်ကြည့်ရင် ဒီစာအုပ်တွေကို မလေ့လာခဲ့လို့၊ မလေ့လာဖြစ်လို့ ဒီအိုင်ဒီယာ၊ နည်းလမ်းတွေကို မသိခဲ့ရင်၊ မသုံးဖြစ်ခဲ့ရင် သင့်လုပ်ငန်းက နောင် ၁ နှစ်အကြာမှာ ဒီဝင်ငွေတွေနဲ့ Customer အသစ်တွေကို မရနိုင်တော့ပါဘူး။


💢💢 ပိုဆိုးတာက ဒီအိုင်ဒီယာတွေကို သင့်ပြိုင်ဖက်က လေ့လာပြီး အသုံးချနိုင်ခဲ့ရင် သင်ရမယ့် Customer အသစ်တွေနဲ့ သင့်ရဲ့ ဈေးကွက်ဝေစုတွေကို သူ အလွယ်တကူ ရသွားပါလိမ့်မယ်။


💢💢💢 အဲ့ထက်ပိုဆိုးတာက အကယ်၍ သင့်ပြိုင်ဖက်ကသာ ဒီ Advanced Program ထဲမှာပါတဲ့ ကမ္ဘာကျော်စာအုပ်တွေကို တစ်နေ့ ၁ နာရီအချိန် သေချာပေးပြီး ကြိုးစားပမ်းစားလေ့လာရင်းနဲ့ ၂ လအတွင်း အပြီးလေ့လာနိုင်ခဲ့မယ်ဆိုရင်တော့ သူက သင့်ထက် စီးပွားရေး အသိပညာ ဗဟုသုတ ၁၀ ဆ − အဆ ၂၀ လောက် ကြွယ်ဝသွားပါပြီ။


~~~


👉🏻 စာတစ်အုပ်မှ မဖတ်ဘဲ စီးပွားရေးလုပ်နေသူနဲ့ ကမ္ဘာကျော် ရောင်းအားအကောင်းဆုံး စာအုပ် ၄၀ ကျော်ကို ဖတ်ထားပြီး စီးပွားရေးလုပ်နေသူနဲ့ ရေရှည်မှာ ဘယ်သူသာသွားမယ် ထင်ပါသလဲ❓


ဟုတ်ပါတယ်။


စာအုပ်ကောင်းတွေ များများဖတ်ပြီး အိုင်ဒီယာနဲ့ နည်းလမ်းသစ်တွေ များများရယူ အသုံးချနိုင်လေလေ လုပ်ငန်းမှာ ဝင်ငွေနဲ့ အကျိုးအမြတ်တွေ ဆပွားတိုးလာလေလေပါပဲ။ ✅


ဒါတွေအကုန် ပြန်ချိန်ဆကြည့်မယ်ဆိုရင် ဒီ Complete Business Essentials (Advanced Learning Program) က သင့်လုပ်ငန်းရဲ့အနာဂတ်အတွက် ပေးနိုင်တဲ့တန်ဖိုးက လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး သိန်း ၅၀ အထက် အသာလေး ရှိပါတယ်။ 💎


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒါပေမယ့် 12min Notes Myanmar နဲ့ဆိုရင် ဒီအကျိုးကျေးဇူးတွေအားလုံးကို ...


💎 295,000 တည်းနဲ့ သင် ရယူနိုင်မှာပါ။


ဟုတ်ပါတယ်။

ဒီ Advanced Business Program ကြီးတစ်ခုလုံးအတွက် Lifetime Value က ၂ သိန်း ၉ သောင်း ၅ ထောင် ပါပဲ။


🎁 အဲ့ဒီထက်ပိုကောင်းတာက ဒီ Program ကို ဒီနေ့ဝယ်ယူမယ်ဆိုရင် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း (၄၀) ကျော်ရဲ့ အသိပညာ ဗဟုသုတ အဆီအနှစ်တွေကို ခူးခပ်ယူငင် အသုံးချနိုင်မယ့် Extended Mind Map Video (၄၀) ကျော်သာမကဘဲနဲ့


🎁 ဒီစာအုပ်တွေထဲက အနှစ်သာရတွေကို လွယ်လွယ်ကူကူ ပြန်ဖတ်၊ လေ့လာ၊ အသုံးချနိုင်စေမယ့် အနှစ်ချုပ်မှတ်စုရှည်များဖြစ်တဲ့ In-Depth Executive Summary Notes (PDFs) ကိုပါ Special BONUS အဖြစ် အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။



စာအုပ် ၁ အုပ်ချင်းစီအတွက် Mind Map Video တွေကြည့်ရင်း မှတ်စုပြန်လိုက်ထုတ်မယ်ဆို ၁ အုပ်ကို ၁ နာရီလောက် အချိန်ပေးရပါလိမ့်မယ်။


သင့်အချိန် ၁ နာရီက အနည်းဆုံး ၁၀၀၀၀ လောက် တန်ကြေးရှိရင်တောင် နာရီ ၄၀ ဆို ၄ သိန်းကျော်ပါ။ ဒီ BONUS တစ်ခုထဲနဲ့တင် ဒီလောက်တန်ဖိုးရှိနေပါပြီ။💯


ဒါပေမယ့် Complete Business Essentials (Advanced Learning Program) ကို သင် ဒီနေ့ ဝယ်ယူလေ့လာမယ်ဆိုရင် အဲ့ဒီ ၄ သိန်းကျော် တန်ဖိုးရှိတဲ့ BONUS PDF တွေကို အခမဲ့ ရမှာပါ။ 🎁

▂▂▂▂▂▂▂▂▂▂▂▂▂▂


အခုမှ ကိုယ်ပိုင်လုပ်ငန်း စလုပ်မယ့် လုပ်ငန်းရှင်တချို့အတွက် 295,000 ဆိုတာ မနည်းပါဘူး။


ဒါကြောင့် တချို့ကလည်း စိတ်ပူတတ်ကြတယ်။


တကယ်ဝယ်ပြီး လေ့လာပြီးမှ ပြောထားသလို တကယ်အကျိုးမရှိရင် ဘယ်လိုလုပ်မလဲ၊ ငါ့လုပ်ငန်းနဲ့ မကိုက်ညီရင် ဘယ်လိုလုပ်မလဲ၊ ငါ့အတွက် အဆင်မပြေရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။


ဒီအတွက် လုံးဝ (လုံးဝ) စိတ်ပူဖို့ မလိုပါဘူး။❌


12min Notes Myanmar အဖွဲ့အစည်းက ၂၀၁၉ ကတည်းက တည်ထောင်ထားပြီး မိတ်ဆွေလိုမျိုး သင်ယူလိုစိတ်၊ တိုးတက်လိုစိတ်ပြင်းပြတဲ့ Customer ပေါင်း ၁၈၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးထားပြီးတဲ့ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။💯


ဒါ့အပြင် ဒီ Complete Business Essentials (Advanced Learning Program) ကို စိတ်ဝင်စားပြီး ဝယ်ချင်တဲ့ သင့်အတွက် စိုးရိမ်ပူပန်စရာ လုံးဝမလိုတဲ့ အပြည့်အဝအာမခံ စီစဥ်ပေးထားပါတယ်။💯


👉🏻 ဒီ Program ကို ဝယ်ယူပြီး စိတ်ကြိုက်လေ့လာပါ။ သင်ယူပါ။ အသုံးချကြည့်ပါ။


👉🏻 ၂ ပတ်အတွင်း လုံးဝ စိတ်တိုင်းမကျဘူး၊ အကျိုးမရှိဘူး၊ မတန်ဘူးလို့ထင်ရင် ကျွန်တော်တို့ကို ပြန်လာပြောပေးပါ။ ဝယ်ယူထားတဲ့ တန်ဖိုးအတိုင်း အပြည့်အဝ ငွေပြန်အမ်းပေးပါမယ်။


ကျွန်တော်တို့ရဲ့ Advanced Learning Program ကို ဒီလောက်ပဲ ယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ 💯


ဒါကြောင့် သင့်ဘက်က ဒီ Program ကို Join ပြီး သင့်စီးပွားရေးအတွက် အသိပညာ၊ အိုင်ဒီယာနဲ့ နည်းလမ်းသစ်ပေါင်း မြောက်များစွာကို ရယူအသုံးချဖို့ပဲ လိုအပ်ပါတယ်။ ✅


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒီ Complete Business Essentials (Advanced Learning Program) ကို ဝယ်ယူပြီး အသုံးချလိုတယ်ဆိုရင် ...


  1. ဒီ Website မှာ Register/Login ဝင်ပါ။
  2. Complete Business Essentials (Advanced Learning Program) ကို Enroll လုပ်ပါ။
  3. ညာဘက်အပေါ်မှာရှိတဲ့ Messages ကိုနှိပ်ပြီး Web Messenger ထဲကို သွားပါ။
  4. Search Box မှာ 12min Notes လို့ရိုက်ပြီး Admin Team ကို ငွေလွှဲရမယ့် ဘဏ်အကောင့်တွေ မေးပါ။ (မေးခွန်းများရှိရင်လည်း တစ်ခါတည်း မေးမြန်းနိုင်ပါတယ်။)
  5. ငွေလွှဲပြီးရင် Screenshot ပြန်ပို့ပေးပါ။
  6. ဒါဆိုရင်တော့ Admin Team က ရုံးချိန်အတွင်း ငွေလွှဲစစ်ဆေးလက်ခံပြီးတာနဲ့ Premium Learning Contents တွေကို Access ရပါလိမ့်မယ်။


✅ ဒါဆိုရင် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ကျော်ထဲက အသိပညာ၊ ဗဟုသုတ အဆီအနှစ်တွေနဲ့ အိုင်ဒီယာကောင်းမြောက်များစွာကို Video တွေကြည့်ရင်း သင်ယူအသုံးချနိုင်ပါပြီ။


~~~


နောက်ပြီး ကျွန်တော်တို့ 12min Notes Myanmar ရဲ့ "အပြည့်အဝအာမခံချက်" အတိုင်း ၂ ပတ်အတွင်း စိတ်တိုင်းမကျရင် အမေးအမြန်းမရှိ ငွေအပြည့် ပြန်အမ်းပေးမှာဖြစ်ပါတယ်။ 💯


ဒါကြောင့် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ထဲက အသိပညာ ဗဟုသုတ အဆီအနှစ်တွေကို ခူးပြီးခပ်ပြီး အဆင်သင့် လေ့လာ၊ သင်ယူ၊ အသုံးချရင်း သင့်စီးပွားရေးလုပ်ငန်းကို အခုထက်ဆပွား တိုးတက်ဖို့ပြင်ဆင်နေတယ်ဆိုရင် အခုပဲ ဒီ Link ကိုနှိပ်ပြီး Complete Business Essentials (Advanced Learning Program) ကို ရယူလိုက်ပါ။



ဒီ Program ကို ဝယ်ယူလေ့လာနေပြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ကျော်ရဲ့ Feedback အချို့ကိုလည်း ဆက်ပြီးဖော်ပြပေးလိုက်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


💢 အတိုချုပ် 💢


💎 Complete Business Essentials (Advanced Learning Program)


ကမ္ဘာကျော် Business, Marketing, Entrepreneurship, Management ဆိုင်ရာ စာအုပ်ကောင်း ၄၀ ကျော်ထဲက အတွေးအခေါ်၊ နည်းဗျူဟာနဲ့ အကြံဉာဏ်ကောင်းမြောက်များစွာကို ရယူအသုံးချရင်း သင့်ရဲ့ စီးပွားရေး အသိပညာ၊ ဗဟုသုတနဲ့ အတွေးအခေါ်တွေကို အခုထက် ပိုမိုကြွယ်ဝထက်မြက်လာစေမယ့် ✨Complete Business Essentials (Advanced Learning Program) ✨


နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံး စီးပွားရေးစာအုပ်ကောင်း ၁ အုပ်ချင်းစီကို ၁ နာရီကျော်ကြာ အသေးစိတ်ရှင်းပြပေးထားတဲ့ Extended Mind Map Video အပုဒ် ၄၀ ကျော်ပါဝင်လို့ ၁ အုပ် ၁ နာရီနဲ့ စာအုပ် ၄၀ အတွက် နာရီ ၄၀ ကျော် ~ ၅၀ နီးပါး ကြာအောင် အားရပါးရ လေ့လာသင်ယူနိုင်မယ်။ ✅



👉🏻 Program Lifetime Value: 295,000


ဒီနေ့ဝယ်သူတွေက −

🎁 ၄ သိန်းကျော် တန်ဖိုးရှိတဲ့ In-Depth Executive Summary Notes (PDFs) တွေပါ BONUS လက်ဆောင်ရမှာပါ။


ဝယ်ယူရန် −

  1. ဒီ Website မှာ Register/Login ဝင်ပါ။
  2. Complete Business Essentials (Advanced Learning Program) ကို Enroll လုပ်ပါ။
  3. ညာဘက်အပေါ်မှာရှိတဲ့ Messages ကိုနှိပ်ပြီး Web Messenger ထဲကို သွားပါ။
  4. Search Box မှာ 12min Notes လို့ရိုက်ပြီး Admin Team ကို ငွေလွှဲရမယ့် ဘဏ်အကောင့်တွေ မေးပါ။ (မေးခွန်းများရှိရင်လည်း တစ်ခါတည်း မေးမြန်းနိုင်ပါတယ်။)
  5. ငွေလွှဲပြီးရင် Screenshot ပြန်ပို့ပေးပါ။
  6. ဒါဆိုရင်တော့ Admin Team က ရုံးချိန်အတွင်း ငွေလွှဲစစ်ဆေးလက်ခံပြီးတာနဲ့ Premium Learning Contents တွေကို Access ရပါလိမ့်မယ်။


✅ ဒါဆိုရင် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ကျော်ထဲက အသိပညာ၊ ဗဟုသုတ အဆီအနှစ်တွေနဲ့ အိုင်ဒီယာကောင်းမြောက်များစွာကို Video တွေကြည့်ရင်း သင်ယူအသုံးချနိုင်ပါပြီ။

Requirements to study this package

အမေးများသောမေးခွန်းများ (Frequently Asked Questions)


၁။ ဒီ Program က ဘယ်သူတွေအတွက်လဲ?

 

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၆၄၀ ကျော် Join ထားပြီးဖြစ်တဲ့ Complete Business Essentials (Advanced Learning Program) ဟာ ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း (၄၀) ကျော်ထဲက အနှစ်သာရတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အချိန်တိုအတွင်း ထိရောက်စွာရယူအသုံးချနိုင်စေဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။


အကယ်၍ မိတ်ဆွေက −

 

  • ပညာနဲ့ ဗဟုသုတကို တန်ဖိုးထားပြီး စဥ်ဆက်မပြတ်သင်ယူလေ့လာခြင်း (Lifelong Learning) အတွက် ထက်သန်ပြင်းပြတဲ့ စိတ်ဓါတ်ရှိသူတစ်ယောက် ဖြစ်တယ်ဆိုရင် 
  • စီးပွားရေးဆိုင်ရာ အတွေးအခေါ်၊ အကြံဉာဏ်၊ နည်းလမ်းအသစ်တွေ ရယူချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်ဆိုရင်
  • ကျယ်ပြန့်တဲ့အတွေးအခေါ်တွေကို လေ့လာပြီး ထက်မြက်တဲ့ရွေးချယ်မှုတွေ၊ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ချင်တဲ့ ခေါင်းဆောင်တစ်ဦး၊ Manager တစ်ဦး၊ Professional တစ်ဦးဖြစ်တယ်ဆိုရင်
  • နာမည်ကြီးပြီး ရောင်းအားအကောင်းဆုံးစာရင်းဝင်ထားတဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်ကောင်း (၄၀) ကျော်ထဲက အသိပညာ ဗဟုသုတ အနှစ်သာရတွေကို အချိန်တိုအတွင်း မြန်မာဘာသာနဲ့ လေ့လာအသုံးချချင်တယ်ဆိုရင်
  • စိန်ခေါ်မှုတွေ များပြားလွန်းလှတဲ့ ဒီနေ့ခေတ်စီးပွားရေးလုပ်ငန်းခွင်မှာ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ အိုင်ဒီယာအသစ်တွေ ရယူချင်သူဖြစ်တယ်ဆိုရင်
  • နေ့ကထက် ဒီနေ့မှာ အသိပညာ ဗဟုသုတ ပိုမိုကြွယ်ဝလာရမယ်လို့ မိမိကိုယ်ကို ခံယူထားသူတစ်ယောက် ဖြစ်တယ်ဆိုရင်

ဒီ Program က မိတ်ဆွေအတွက် အထူးသင့်တော်ပါတယ်။

 

 

 

၂။ 12min Notes Myanmar ဆိုတာ ဘာလဲ?

 

12min Notes Myanamr အဖွဲ့အစည်းကို ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်က “နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံး၊ နာမည်အကျော်ကြားဆုံး စာအုပ်တွေ၊ သင်ခန်းစာတွေထဲက အသိပညာဗဟုသုတ အနှစ်သာရကောင်းများစွာကို မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Working Professional တွေ၊ Lifelong Learners တွေအားလုံး အချိန်တိုတိုအတွင်း ထိထိမိမိ လေ့လာသင်ယူ အသုံးချနိုင်စေဖို့" ဖြစ်ပါတယ်။

 

ဒီရည်မှန်းချက်ပြည့်မြောက်အောင် အစဥ်တစိုက်ကြိုးစားနေပြီး လက်ရှိအချိန်မှာ စိတ်ကျေနပ်မှုရရှိထားတဲ့ 5-Star Review ပေါင်း ထောင်ကျော်၊ Loyal Customer ပေါင်း 18,000 ကျော် ရရှိထားပါတယ်။ ဒီအတွက်ကြောင့် သင့်အနေနဲ့လည်း 12min Notes Myanmar ကို အပြည့်အဝ ယုံကြည်နိုင်ပါတယ်။

 

 

 

၃။ ဒီ Program ကို သူငယ်ချင်း၊ မိတ်ဆွေ၊ Team Member တွေနဲ့အတူ လေ့လာရင် ဘာတွေပိုကောင်းမလဲ?

 

ကိုယ့်ရဲ့အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လေ့လာမယ်ဆိုရင် အချင်းချင်းအပြန်အလှန် ဆွေးနွေးနိုင်၊ Feedback ပေးနိုင်တဲ့အတွက် ထိရောက်မှုပိုရှိစေပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Team Member တွေ၊ ဝန်ထမ်းတွေနဲ့အတူ လေ့လာမယ်ဆိုရင် လုပ်ငန်းတစ်ခုလုံးအတွက်ပါ အကျိုးကျေးဇူးမြောက်များစွာ ရရှိစေပါလိမ့်မယ်။

 

ဒါကြောင့် မိတ်ဆွေက လူဦးရေများများအတွက် တစ်ခါတည်းဝယ်ယူချင်တယ်ဆိုရင် လူဦးရေ ၅ ဦးနှင့်အထက် Team များအတွက် Team Discount များရှိတာကြောင့် 12min Notes Myanmar ရဲ့ Facebook Messenger (သို့မဟုတ်) Website Messenger (သို့မဟုတ်) Email မှတဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။

 

 

 

၄။ ဒီ Program ကိုလေ့လာဖို့ အချိန်ဘယ်လောက်ပေးရမလဲ?

 

In-Depth Mindmap Book Summary Video တစ်ခုချင်းစီကို အနည်းဆုံး မိနစ် ၄၀ ကနေ အများဆုံး မိနစ် ၁၀၀ လောက်အထိ ကြာမြင့်ပါတယ်။ ပျမ်းမျှ မိနစ် ၇၀ နဲ့တွက်ကြည့်လိုက်မယ်ဆိုရင် စာအုပ်ပေါင်း ၄၀ ကျော်အတွင်း နာရီပေါင်း ၅၀ နီးပါးလောက် လေ့လာနိုင်မှာပါ။

 

တစ်ပတ်ကို အချိန် ၃ နာရီလောက်ပဲ ပေးရင်တောင်မှ ၄ လကြာတဲ့အခါ နာမည်ကြီးစီးပွားရေးစာအုပ်ကောင်း (၄၀) ကျော်ထဲက အသိပညာ ဗဟုသုတ အနှစ်သာရတွေအားလုံး ရယူပြီးသား ဖြစ်သွားမှာပါ။

 

(သာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က အင်မတန်အလုပ်များလို့ တစ်လနေမှ စာအုပ်တစ်အုပ်ပဲ ဖတ်ဖြစ်တဲ့အချိန်မှာ “သင်" အပါအဝင် ဒီ Program ကို Join ပြီးလေ့လာနေတဲ့ လုပ်ငန်းရှင်ရာပေါင်းများစွာကတော့ ၄ လအတွင်းမှာ အကောင်းဆုံးစာအုပ် ၄၀ ကျော် ဖတ်ပြီးသား ဖြစ်သွားမှာပါ။)

 

 

 

၅။ ဒီ Program က Live သင်ပေးတာလား?

 

Complete Business Essentials (Advanced Learning Program) မှာပါဝင်တဲ့ စာအုပ်ကောင်း တစ်အုပ်ချင်းစီထဲက အသိပညာ ဗဟုသုတတွေကို အချိတ်အဆက်မိမိ ရယူနိုင်စေဖို့အတွက် နှစ်စဥ်ကြေး ၅ သိန်းကျော်ပေးရတဲ့ Mindmap Software ကို အသုံးပြုပြီး Mindmap Summary Video တစ်ခုချင်းစီကို စနစ်တကျ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်တဲ့အကြောင်းအရာတွေရဲ့ နက်နဲမှု၊ ပြည့်စုံမှုတွေကို မထိခိုက်၊ မလျော့ကျစေဖို့ Topic တွေကို နာရီပေါင်းများစွာကြာအောင် စနစ်တကျ ထုတ်နုတ် ပြင်ဆင် ဖန်တီးယူပြီးမှ Mindmap Video တွေနဲ့ Executive Summary (eBooks) တွေ ရရှိလာတာပါ။

 

ဒါကြောင့် ဒီ Program က Zoom, Google Meet တို့နဲ့ Live သင်ယူရမယ့်သင်တန်းမျိုး မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း စိတ်တိုင်းကျ ချိန်ညှိ၊ လေ့လာ၊ သင်ယူနိုင်မယ့် Advanced Learning Program တစ်ခုသာ ဖြစ်ပါတယ်။

 

 

 

 

၆။ စီးပွားရေးနဲ့ပတ်သက်တဲ့ အခမဲ့သင်တန်းတွေ၊ ဈေးသက်သာတဲ့ ဘာသာပြန်အနှစ်ချုပ်တွေလည်းရှိနေတော့ ဒီ Program ကို ဘာကြောင့် ပိုက်ဆံပေးပြီး ဝယ်ယူလေ့လာသင့်တာလဲ?

 

ဒီ Program က သာမန်စီးပွားရေးသင်တန်းတွေနဲ့ လုံးဝမတူပါဘူး။ အခမဲ့စီးပွားရေးသင်တန်းတချို့က စာအုပ်တွေထဲက အိုင်ဒီယာတွေ၊ အယူအဆတွေကို ဟိုတစ်စဒီတစ်စ ဆွဲထုတ်ပြီး အကျဥ်းချုံးရှင်းပြသင်ကြားပေးတာဖြစ်ပါတယ်။ အခြားဘာသာပြန်အနှစ်ချုပ်ဝန်ဆောင်မှုတွေကလည်း နိုင်ငံခြားက Summary တွေကိုမှ မြန်မာလို ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ 

 

ဒီတော့ ဗဟုသုတအနည်းငယ်ရရုံလောက် လေ့လာချင်တယ်ဆိုရင်တော့ အခမဲ့သင်တန်းတွေနဲ့ ဈေးသက်သာတဲ့ ဘာသာပြန်အနှစ်ချုပ်တွေကို ဝယ်ယူရုံနဲ့ လုံလောက်နိုင်ပါတယ်။

 

ဒါပေမယ့် မိတ်ဆွေက သူများတွေထက် အသိပညာ ဗဟုသုတ ပိုမိုကြွယ်ဝချင်တယ်၊ အတွေးအခေါ်တွေ ပိုမိုထက်မြက်လာချင်တယ်ဆိုရင်တော့ အခမဲ့သင်တန်းတွေ၊ ဈေးသက်သာတဲ့ ဘာသာပြန်အနှစ်ချုပ်တွေ ဝယ်ဖတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ မူရင်းအင်္ဂလိပ်စာအုပ်ကောင်းတွေမှာ ဘယ်လိုအတွေးအခေါ်တွေ၊ ဘယ်လိုအကြောင်းအရာတွေ ပါဝင်နေလဲဆိုတာကို အတွင်းကျကျ လေ့လာဖို့ လိုအပ်လာပါတယ်။ မူရင်းစာရေးဆရာတွေရဲ့ အတွေးအခေါ်၊ အာဘော်တွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့ လိုအပ်လာပါတယ်။

 

ဒါကြောင့်လည်း ဒီ Complete Business Essentials (Advanced Learning Program) ကို လေ့လာပြီးသွားတဲ့သူတွေက အခြားအခမဲ့သင်တန်းတွေ၊ အပေါ်ယံဘာသာပြန်အနှစ်ချုပ်တွေထက် အကြောင်းအရာပိုင်းလေးနက်မှုနဲ့ တန်ဖိုးရှိမှုတွေ သိသိသာသာကွာခြားနေတယ်ဆိုတာကို လက်ခံသွားကြတာပါ။

 

ဒီ Program နဲ့ဆိုရင် မူရင်းအင်္ဂလိပ်စာအုပ်ထဲက အတွေးအခေါ် အနှစ်သာရတွေကို မိမိကိုယ်တိုင်အစအဆုံး ဖတ်ရှုလိုက်ရသလိုမျိုး အပြည့်အဝနားလည်သွားပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရရှိနိုင်ပါတယ်။ အခြား Book Summary တွေ၊ စာဖတ်ပြတဲ့ Edutainment Vlog တွေကတော့ အပေါ်ယံများတဲ့အတွက် ဒီလိုယုံကြည်မှုမျိုး မရစေနိုင်တာ သေချာပါတယ်။

 

ဒီလိုပြောတဲ့အတွက် အခြား Book Summary တွေ၊ စာဖတ်ပြတဲ့ Edutainment Vlog တွေက အသုံးမဝင်ဘူးလို့ လုံးဝမဆိုလိုပါဘူး။ မိတ်ဆွေက ဗဟုသုတအနည်းငယ်ရရုံလောက် လေ့လာချင်တယ်၊ အပေါ်ယံသိရုံနဲ့ လုံလောက်တယ်ဆိုရင်တော့ အဲဒီအရာတွေနဲ့ အဆင်ပြေနိုင်ပါတယ်။

 

ဒါပေမယ့် မိတ်ဆွေက Professional တစ်ယောက်၊ Business Owner/Entrepreneur တစ်ယောက်ဖြစ်ပြီး အသိပညာ ဗဟုသုတကို တန်ဖိုးထားသူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ မိတ်ဆွေလိုမျိုး လုပ်ငန်းရှင်ပေါင်း ၆၄၀ ကျော် လေ့လာနေကြပြီးဖြစ်တဲ့ ဒီ Complete Business Essentials (Advanced Learning Program) ကို မဖြစ်မနေ Join ထားသင့်ပါတယ်။

 

 

 

 

၇။ အရင်က စီးပွားရေးဆိုင်ရာ အင်္ဂလိပ်စာအုပ်တွေ တစ်ခါမှမဖတ်ဖူးရင်ရော လေ့လာလို့ရနိုင်ပါ့မလား?

 

တစ်ခါမှမဖတ်ဖူးရင်တောင် စိတ်ပူဖို့မလိုပါဘူး။ ဒီထဲမှာပါဝင်တဲ့ စီးပွားရေးစာအုပ်တစ်အုပ်ချင်းစီရဲ့ အနှစ်သာရတွေကို ကိုယ်တိုင်အစအဆုံးဖတ်ရသကဲ့သို့ ရရှိအောင် Mindmap summary တွေနဲ့  မြန်မာလို သေချာဖန်တီးပေးထားလို့ လူတိုင်းလေ့လာသင်ယူလို့ ရပါတယ်။

 

တကယ်တော့ ဘယ်ဘာသာရပ်ကိုမဆို သင်ယူလေ့လာတဲ့အခါမှာ “Beginner’s Mind” စိတ်ထားနဲ့ ဖွင့်ပြီး သင်ယူခြင်းက အကောင်းဆုံးပါပဲ။ ဒီတော့ ဒီ Program က စီးပွားရေးလုပ်ကိုင်နေကျလူများအတွက်လည်း အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်အသစ်တွေ ရရှိလာအောင် ကူညီပေးနိုင်သလို စီးပွားရေးစာအုပ်တွေ တစ်ခါမှမဖတ်ဖူး၊ လုပ်ငန်းတစ်ခါမှမလုပ်ဖူးတဲ့ လူများအတွက်လည်း အတွေးအခေါ်၊ အိုင်ဒီယာကောင်းတွေ အများကြီးရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

 

 

 

၈။ ဒီ Program ကိုဝယ်ယူပြီးသွားရင် တစ်သက်လုံးအတွက် အာမခံလား?

 

“တစ်သက်လုံး" ဆိုတဲ့စကားက အင်မတန်မှ အဓိပ္ပါယ်ကျယ်ပြန့်နက်နဲလို့ ကျွန်တော်တို့ အပြည့်အဝ ကတိမပေးနိုင်ပါဘူး။ တစ်သက်လုံးဆိုတာ ကျွန်တော်တို့တစ်သက်လား၊ မိတ်ဆွေရဲ့တစ်သက်လား၊ အနှစ် ၅၀ − ၁၀၀ လား။ အနာဂတ်မှာ ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူမှ သေချာမသိနိုင်ပါဘူး။ 

 

သေချာတာကတော့ ဒီ Program ကို 12min Notes Myanmar အဖွဲ့အစည်းတည်ရှိနေသ၍ လေ့လာလို့ရနေမှာပါ။ 12min Notes Myanmar အဖွဲ့အစည်းက ၂၀၁၉ ခုနှစ်ကတည်းက ရှိနေပြီး နောက်ထပ်နှစ်ပေါင်းများစွာလည်း ရှိနေဦးမှာပါ။ ဒီတော့ "တစ်သက်လုံး" ဆိုတာကို ကတိမပေးရဲပေမယ့် တစ်ခြား Subscription-based သင်တန်းတွေလို လစဥ်ကြေး၊ နှစ်စဥ်ကြေး ထပ်ကာထပ်ကာ မပေးရဖို့တော့ အာမခံပါတယ်။

 

ဒီ Program ကိုဝယ်ယူပြီးရင် ကိုယ့်စိတ်ကြိုက်လေ့လာပါ။ ထပ်ကာထပ်ကာ ပြန်ကြည့်ပါ။ သင်ယူပါ။ လက်တွေ့အသုံးချပါ။ အကျိုးရှိ၊ အသုံးဝင်တယ်ဆိုရင် အသိမိတ်ဆွေတွေကိုပါ ညွှန်းပေးဖို့လည်း တောင်းဆိုချင်ပါတယ်။

 

 

 

၉။ ဝယ်ပြီးမှ စိတ်တိုင်းမကျ၊ အကျိုးမရှိရင် ဘယ်လိုလုပ်မလဲ?

 

ဒီ Program က မိတ်ဆွေအတွက် ပေးရတဲ့တန်ဖိုးထက် အဆပေါင်းများစွာပိုသာတဲ့တန်ဖိုးတွေ ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကျွန်တော်တို့ ပေါ့ပေါ့လေးပြောတာမဟုတ်ပါဘူး။ Program ကို ဝယ်ယူလေ့လာထားပြီးတဲ့ Customer ပေါင်း ၆၄၀ ကျော်ဆီကနေ Review ကောင်းများစွာလည်း လက်ခံထားရပါသေးတယ်။

 

ဒါပေမယ့် ဒီ Program ကို လေ့လာပြီး မိမိရဲ့စီးပွားရေးလုပ်ငန်းခွင်မှာ လက်တွေ့အသုံးချခြင်း/မချခြင်းအပေါ်မှာတော့ မူတည်ပါသေးတယ်။ ဒီ Program တစ်ခုလုံးကို ရုပ်ရှင်ဇာတ်လမ်းတစ်ခုလို ကြည့်ရုံကြည့်ပြီး လက်တွေ့အသုံးမချရင်တော့ ထိုက်သင့်သလောက် အသုံးဝင်မှာမဟုတ်ပါဘူး။

 

ဒါကြောင့် မိတ်ဆွေအတွက် ၂ ပတ်တိတိ စမ်းသပ်ချိန်ပေးထားပါတယ်။ ၂ ပတ်တိတိ လေ့လာကြည့်ပြီးလို့မှ ဒီ Program က မိတ်ဆွေအတွက် လုံးဝအသုံးမဝင်ဘူး၊ လုံးဝအကျိုးမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ လုံးဝ စိတ်မကောင်းပါဘူး။ အဲဒီအတွက် ၂ ပတ်အတွင်း ကျွန်တော်တို့ကို ပြန်လာပြီး အကြောင်းကြားပေးပါ။ ဝယ်ယူထားတဲ့တန်ဖိုးအားလုံးကို "အပြည့်အဝ" ပြန်အမ်းပေးပါမယ်။ ဒီလောက်တောင်မှ ကျွန်တော်တို့ရဲ့ Program အပေါ် ကျွန်တော်တို့ ယုံကြည်မှု အပြည့်အဝရှိပါတယ်။



ဝယ်ယူရန် −

  1. ဒီ Website မှာ Register/Login ဝင်ပါ။
  2. Complete Business Essentials (Advanced Learning Program) ကို Enroll လုပ်ပါ။
  3. ညာဘက်အပေါ်မှာရှိတဲ့ Messages ကိုနှိပ်ပြီး Web Messenger ထဲကို သွားပါ။
  4. Search Box မှာ 12min Notes လို့ရိုက်ပြီး Admin Team ကို ငွေလွှဲရမယ့် ဘဏ်အကောင့်တွေ မေးပါ။ (မေးခွန်းများရှိရင်လည်း တစ်ခါတည်း မေးမြန်းနိုင်ပါတယ်။)
  5. ငွေလွှဲပြီးရင် Screenshot ပြန်ပို့ပေးပါ။
  6. ဒါဆိုရင်တော့ Admin Team က ရုံးချိန်အတွင်း ငွေလွှဲစစ်ဆေးလက်ခံပြီးတာနဲ့ Premium Learning Contents တွေကို Access ရပါလိမ့်မယ်။


✅ ဒါဆိုရင် ကမ္ဘာကျော်စီးပွားရေးစာအုပ်ကောင်း ၄၀ ကျော်ထဲက အသိပညာ၊ ဗဟုသုတ အဆီအနှစ်တွေနဲ့ အိုင်ဒီယာကောင်းမြောက်များစွာကို Video တွေကြည့်ရင်း သင်ယူအသုံးချနိုင်ပါပြီ။ အခုပဲ ရယူလိုက်ပါ။

Fees - 295000 MMK

Please Login First!

What will you learn in this course?

Complete Business Essentials (Advanced Learning Program) မှ

Extended Mind Map Summary Video တစ်ခုရဲ့အပြည့်အစုံကို အောက်မှာ အခမဲ့ လေ့လာပါ။

Start With Why - Simon Sinek (In-Depth Mind Map Book Summary)

Start With Why - Simon Sinek (In-Depth Mind Map Book Summary)

How To Learn (12min Notes Website Tutorial)

Complete Business Essentials (Advanced Learning Program)

မှ လေ့လာနိုင်မယ့် ကမ္ဘာကျော် Best-Seller စီးပွားရေးစာအုပ်ကောင်းများ

img
Blue Ocean Strategy

ပြိုင်ဖက်မရှိတဲ့ (ပြိုင်ဆိုင်မှုတွေကို ဂရုစိုက်စရာမလိုတဲ့) ကိုယ်ပိုင်ဈေးကွက်တစ်ခုကို ဖန်တီးပြီး စနစ်တကျ နေရာယူ လွှမ်းမိုးနည်း။

img
Building a StoryBrand

Customer တွေ တကယ် စိတ်ဝင်စားပြီး ထပ်ကာထပ်ကာ ဝယ်ယူချင်လာမယ့် ကြော်ငြာကောင်းများ ဖန်တီးနည်း။

img
The Personal MBA

MBA သင်တန်းက အသိပညာနှင့် နည်းလမ်းများစွာကို ဖတ်ရှုလေ့လာရင်း လက်တွေ့အသုံးချနိုင်စေမယ့် စာအုပ်။

img
Start With Why

ကမ္ဘာကျော်ကုမ္ပဏီနှင့် အဖွဲ့အစည်းတွေ အသုံးချနေတဲ့ The Golden Circle နည်းလမ်းကို လေ့လာပြီး မိမိရဲ့လုပ်ငန်းမှာပါ ထိရောက်စွာ အသုံးချနည်း။

img
Entrepreneur Roller Coaster

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနိမ့်အမြင့်၊ အတက်အကျ အခြေအနေတိုင်းမှာ အသုံးချနိုင်မယ့် ထိရောက်တဲ့ စီးပွားရေးနည်းဗျူဟာများ။

img
Delivering Happiness

စီးပွားရေး သင်ရိုးများစွာမှာ စံနမူနာအဖြစ် ဖော်ပြခံရတဲ့ Zappos ကုမ္ပဏီထံမှ Customer Service အကောင်းဆုံး လုပ်ငန်းတစ်ခုတည်ထောင်နည်း။

img
How I Built This

လက်ရှိအောင်မြင်ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်ထံမှ အောင်မြင်မှု အကြံကောင်းများစွာကို သင်ယူလေ့လာပြီး လက်တွေ့ အသုံးချနိုင်စေမယ့်စာအုပ်။

img
The E-Myth Revisited

ကိုယ်ပိုင်လုပ်ငန်း စတင်သူအများစု မှားလုပ်မိတဲ့ အမှားအယွင်းများကို ရှောင်ကြဥ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်စေမယ့် Entrepreneurship ဆိုင်ရာ စာအုပ်ကောင်း။

img
Clockwork

ကိုယ်တိုင် ဝင်မပါဘဲသူ့အလိုလို လည်ပတ်နေမယ့် စီးပွားရေး လုပ်ငန်းတစ်ခုကို စနစ်တကျ တည်ထောင်နိုင်စေမယ့် စာအုပ်။

img
The Hard Thing About Hard Things

ဒေါ်လာ ၁.၆ ဘီလီယံတန် လုပ်ငန်းကို တည်ထောင်ခဲ့သူရဲ့ အတွေ့အကြုံများနဲ့ စီးပွားရေး သင်ခန်းစာတွေကို ရယူအသုံးချနိုင်စေမယ့် စာအုပ်။

img
Anything You Want

အနုပညာရှင်ကနေ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့သူ (စာရေးသူ) ရဲ့ ၁၀ နှစ်တာ စီးပွားရေး သင်ခန်းစာတွေကို အချိန်တိုအတွင်းသိရမယ့် စာအုပ်ကောင်း။

img
The Lean Startup

ကုန်ကျစရိတ်နည်းနည်းနဲ့ အချိန်တိုအတွင်း ဈေးကွက်ကိုထိုးဖောက်နိုင်စေမယ့် နည်းဗျူဟာများကို သင်ယူလေ့လာ၊ အသုံးချနိုင်စေမယ့် စာအုပ်။

img
Company of One

အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ လုပ်ငန်းအရွယ်အစား ကြီးလာဖို့ထက် အကျိုးအမြတ် ပိုများလာဖို့ လုပ်ဆောင်ရမယ့် စိတ်ဓာတ်၊ ခံယူချက်၊ နည်းဗျူဟာနှင့် အကြံပြုချက်များစွာ။

img
Emotion by Design

ကမ္ဘာကျော်အားကစားပစ္စည်း Brand ကြီးတစ်ခုဖြစ်တဲ့ NIKE ရဲ့ Former Global Chief Marketing Officer ကိုယ်တိုင် ၂၀၂၂ ခုနှစ်မှာ ရေးသားထားတဲ့ NIKE ရဲ့အတွင်းကျတဲ့ Marketing, Creativity & Branding ဆိုင်ရာ သင်ခန်းစာများစွာ။

img
The Bezos Blueprint

သင့်ရဲ့ Communication Skills တွေ တိုးတက်မြင့်မားလာစေဖို့အတွက် Amazon လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တဲ့ Jeff Bezos ဆီကနေ တမူထူးခြားစွာ လေ့လာသင်ယူနိုင်မယ့် လက်တွေ့သင်ခန်းစာကောင်းများ။

img
The Gold Standard

ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာရဲ့ ဧည့်ခံပွဲများစွာကို စီစဥ်ပေးနေတဲ့ Event Planning လုပ်ငန်းကြီးကို တည်ထောင်ခဲ့သူ Colin Cowie ရဲ့ "အများထက်သာလွန်တဲ့ Customer Service ဆိုင်ရာ နည်းဗျူဟာများ" နှင့် စီးပွားရေး အတွေးအခေါ်ကောင်းများစွာ။

img
The 5 Most Important Questions

စီးပွားရေးလုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်စီမံခန့်ခွဲနေသူတိုင်း မိမိကိုယ်ကိုမေးပြီး အဖြေရှာထားသင့်တဲ့ အရေးအကြီးဆုံး မေးခွန်းကြီး (၅) ခုအကြောင်း။

img
Pour Your Heart Into It

ကမ္ဘာကျော် Coffee လုပ်ငန်းစုကြီးဖြစ်တဲ့ Starbucks ကို တည်ထောင်ခဲ့သူ Howard Schultz ထံမှ နှစ် ၃၀ ကြာ စီးပွားရေးသင်ခန်းစာများနှင့် အတွေးအခေါ်ကောင်းများစွာကို လေ့လာနိုင်မယ့်စာအုပ်။

img
The Four

ကမ္ဘာကျော်ကုမ္ပဏီ (၄) ခုဖြစ်တဲ့ Apple, Facebook, Amazon, Google တို့ရဲ့ လူသိနည်းတဲ့ လျှို့ဝှက်ချက်များ၊ စီးပွားရေး နည်းဗျူဟာများနှင့် အဆိုပါကုမ္ပဏီများရဲ့ ကမ္ဘာကြီးအပေါ် လွှမ်းမိုးသက်ရောက်မှုများ။

img
The 4 Disciplines of Execution

လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ်၊ နေ့စဥ်ဘဝမှာပဲဖြစ်ဖြစ် မိမိကြိုတင်စီစဥ် ရည်မှန်းချက်ထားတဲ့ Goals တွေကို လက်တွေ့ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်နိုင်မယ့်၊ ခိုင်မာတဲ့နည်းစနစ် (၄) ဆင့်အကြောင်း။

img
The HP Way

Fortune500 ကုမ္ပဏီကြီးများ စာရင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ အမေရိကန် နည်းပညာလုပ်ငန်းစုကြီး Hewlett-Packard (HP) ရဲ့ တည်ထောင်သူများကိုယ်တိုင် ရေးသားထားတဲ့ စီးပွားရေးဆိုင်ရာ စာအုပ်ကောင်း။

img
Good Strategy Bad Strategy

ဘာကြောင့် စီးပွားရေးဆိုင်ရာ နည်းဗျူဟာအများစု အလုပ်မဖြစ်ကြသလဲနှင့် ထိရောက်ကောင်းမွန်တဲ့ စီးပွားရေး နည်းဗျူဟာများကို ဘယ်လိုချမှတ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာနိုင်မယ့် (Business & Military Strategist - Professor Richard Rumelt ရေးသားတဲ့) Strategy စာအုပ်ကောင်း။

img
Hit Refresh

Microsoft ရဲ့ တတိယမြောက် CEO ဖြစ်တဲ့ Satya Nadella ရဲ့ စီးပွားရေး အတွေးအခေါ်၊ ခံယူချက်၊ သင်ခန်းစာများနှင့် Microsoft လုပ်ငန်း၏ ရှေ့လျှောက် နည်းဗျူဟာများ။

img
Payoff

လူသားတွေ စိတ်ဓါတ်တက်ကြွလာအောင် နောက်ကွယ်က လှုံ့ဆော်ပေးနေတဲ့အကြောင်းအရာများစွာကို စိတ်ပညာဆိုင်ရာ လက်တွေ့လေ့လာမှုပေါင်းများစွာမှတဆင့် လေ့လာသင်ယူနိုင်စေမယ့် စာအုပ်ကောင်း။

img
Go Giver

လူတိုင်းနီးပါး ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး ကြိုးစားနေကြတဲ့ (အတ္တအခြေပြု) စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကူညီပေးဆပ်ခြင်းနည်းလမ်းနှင့် အောင်မြင်မှုများ ရယူနိုင်စေမယ့် နည်းလမ်းများစွာကို ဖော်ပြထားတဲ့ Business Fiction စာအုပ်ကောင်း။

img
Death by Meeting

ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများအတွက် ထိရောက်ပြီး အင်မတန်အကျိုးများစေမယ့် အစည်းအဝေးပုံစံ (၄) မျိုးနှင့် အစည်းအဝေးများကို ထိရောက်မှုရှိအောင် ဖန်တီးပြင်ဆင်နည်း။

img
Rework

အန္တရာယ်များတဲ့ စွန့်စားမှုတွေ၊ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စရာမလိုဘဲ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို မိမိစိတ်ကြိုက်၊ မျှော်မှန်းထားတဲ့ အောင်မြင်မှုပမာဏအထိရောက်ရှိအောင် တည်ထောင်လုပ်ကိုင်နည်း။

img
Remote

ရုံးမတက်ရဘဲ အိမ်ကနေအလုပ်လုပ်နေရတဲ့ Work-from-Home လုပ်ငန်းများ၊ Remote-Work Culture ကို ပြောင်းလဲကျင့်သုံးချင်သူများအတွက် ပိုမိုထိရောက်စေမယ့် လက်တွေ့နည်းလမ်းနှင့် အကြံပြုချက်များစွာကို ဖတ်ရှု အသုံးချနိုင်မယ့်စာအုပ်။

img
The 5 Languages of Appreciation

ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေမှာ ငွေကုန်ကြေးကျ လုံးဝမရှိစေဘဲ ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်နှင့် အဖွဲ့သားများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်၊ အလုပ်အပေါ် စိတ်အားထက်သန်မှု၊ စိတ်ဓါတ်တက်ကြွမှု၊ စိတ်ကျေနပ်မှုတို့ကို တိုးတက်မြှင့်တင်စေနိုင်မယ့် နည်းလမ်းများစွာကို လေ့လာနိုင်စေမယ့်စာအုပ်။

img
The Startup Play Book

လက်ရှိအောင်မြင်နေတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးများဖြစ်ကြတဲ့ LinkedIn, SPANX, ZipCar, Honest Tea, TESLA တို့ကို တည်ထောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် (Founding Entrepreneurs) များထံမှ ထိရောက်တဲ့ စီးပွားရေး အကြံဉာဏ်များနှင့် အတွေးအခေါ်များစွာကို သင်ယူလေ့လာနိုင်မယ့်စာအုပ်။

img
Business Model Generation

စီးပွားရေးလုပ်ငန်းတစ်ခုကို အဖက်ဖက်က စနစ်ကျနအောင် ပုံဖော်တည်ဆောက်နိုင်စေမယ့် ကမ္ဘာကျော် (မသိမဖြစ်) Business Model Canvas ကို ဖန်တီးခဲ့တဲ့ Strategy စာအုပ်ကောင်း။

img
How To Win at The Sport of Business

ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို ကမ္ဘာကျော် Entrepreneurship Game Show: SHARK TANK ရဲ့ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်တဲ့ Mark Cuban ရဲ့ စီးပွားရေးခံယူချက်နှင့် လုပ်ဆောင်ပုံ သင်ခန်းစာများစွာ။

img
The $100 Startup

မိမိနှစ်သက်တဲ့ အလုပ်တစ်ခုကို အရင်းအနှီး နည်းနည်းနဲ့ ဆုံးရှုံးမှုမရှိစေဘဲ အောင်မြင်စွာ စတင်လုပ်ကိုင်နည်း။

img
Tools of Titans

ကမ္ဘာကျော် စီးပွားရေးသမား၊ အနုပညာရှင်၊ အားကစားသမား ၁၀၀ ကျော်ထံမှ အလေ့အကျင့်၊ နည်းလမ်း၊ အတွေးအခေါ်များစွာကို သင်ယူလေ့လာနိုင်မယ့်စာအုပ်။

img
The 4-Hour Workweek

အလုပ်ချိန်ကို ၂ ဆ လျှော့ချပြီး အလုပ်တွေကို ၂ ဆ ပိုပြီးမြောက်စေမယ့် နည်းလမ်းနှင့် အတွေးအခေါ် သဘောတရားများစွာပါဝင်တဲ့ ကမ္ဘာကျော်စာအုပ်ကောင်းတစ်အုပ်။

img
Zero to One

ကမ္ဘာကျော်ငွေပေးချေရေးဝန်ဆောင်မှု PayPal ကို Elon Musk နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သူ၊ ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင် Peter Thiel ထံမှ စီးပွားရေးသင်ခန်းစာနှင့် အတွေးအခေါ်ကောင်းများစွာကို သင်ယူနိုင်မယ့်စာအုပ်။

img
Never Eat Alone

စီးပွားရေးအတွက် အကျိုးရှိစေမယ့် အဆက်အသွယ်ကောင်း (Business Networks) တွေကို အကောင်းဆုံး ရှာဖွေ၊ ပျိုးထောင်၊ တည်ဆောက်နည်း။

img
100 Side Hustles

$100 လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစနိုင်ခဲ့သူတွေအကြောင်း ဖတ်ရှုရင်း မိမိကိုယ်တိုင်ပါ အသေးစား လုပ်ငန်းတစ်ခု အောင်မြင်စွာ စတင်တည်ထောင်နည်း။

img
Originals

သူများနဲ့မတူ တမူထူးခြားစွာ တွေးခေါ်စဥ်းစားတတ်သူတွေ စီးပွားရေးလုပ်ကိုင်တဲ့အခါ ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲစေသလဲ။ သင်ကိုယ်တိုင်ရော သူများနဲ့မတူ တမူထူးခြားတဲ့ အတွေးအခေါ်ပိုင်ရှင် "Original" တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။

img
Screw it, let's do it

သူတစ်ပါး၏ အထောက်အပံ့မပါဘဲ ကမ္ဘာကျော် Virgin လုပ်ငန်းစုကြီးကို တည်ထောင်နိုင်ခဲ့တဲ့ ဗြိတိန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် (ဘီလီယံနာ) Sir Richard Branson ၏ ဘဝနှင့် စီးပွားရေးဆိုင်ရာ သင်ခန်းစာများစွာ။

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : contact@12minnotes.com

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright © 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.