12min Notes Myanmar
Super Reading Masterclass

Super Reading Masterclass
What's in this package?
⚡️၂၁ ရက်အတွင်း သင့်ရဲ့စာဖတ်အမြန်နှုန်းနဲ့ သင်ယူလေ့လာ စုပ်ယူမှတ်သားနိုင်စွမ်းတို့ကို ၂ ဆမှ ၈ ဆထိ အာမခံနဲ့ အရှိန်အဟုန်မြှင့်တင်ပေးမယ့် မြန်မာ့ပထမဆုံး Super Reading Masterclass⚡️
❝ စနစ်တကျစာဖတ်ခြင်း၊ သိပ္ပံနည်းကျသင်ယူလေ့လာခြင်းတို့နဲ့ပတ်သက်ပြီး သင်နောက်ဆုံး သေချာလေ့လာသင်ယူခဲ့ရတာ ဘယ်အချိန်တုန်းကလဲ? ❞
ဖြစ်နိုင်တာတစ်ခုက ဒီမေးခွန်းကို သင့်စိတ်ထဲမှာလည်း ကိုယ့်ဘာသာအသံထွက်ပြီး မေးနေမိပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ စာတစ်ကြောင်းကိုဖတ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ အသံထွက်ပြီး လိုက်ဖတ်တတ်တဲ့အလေ့အကျင့်က မူလတန်းလောက်ကတည်းက စွဲပါလာလို့ပါ။
ပြန်စဥ်းစားကြည့်လိုက်ပါ။
ကျွန်တော်တို့ မူလတန်းလောက်တုန်းက စာဖတ်တဲ့အခါ စကားလုံးတွေကို အသံထွက်မှန်မှန်ကန်ကန် ဖတ်တတ်အောင် ဆရာမက အတန်းထဲမှာ အသံကျယ်ကျယ်ရွတ်ပြီးဖတ်ခိုင်းတယ်။
အသံထွက်မှားတဲ့အခါ ဆရာမက လိုက်ပြင်ပေးတယ်။
ဒီလိုနဲ့ဖတ်လာရင်း အချိန်တစ်ခုရောက်တဲ့အခါ "သားတို့ သမီးတို့ စိတ်ထဲမှာ တိတ်တိတ်လေး အသံထွက်ပြီး ကိုယ့်ဘာသာဆက်ဖတ်နေကြ.." ဆိုတာဖြစ်လာရော။
အဲဒီအချိန်ကတည်းကစပြီး စာဖတ်ရင် ပါးစပ်ကနေအသံထွက်ဖတ်မှ (ဒါမှမဟုတ်) နှုတ်ခမ်းလှုပ်ပြီး ဖတ်မှ (ဒါမှမဟုတ်) စိတ်ထဲကနေ အသံထွက်ရွတ်မှ ဖတ်တဲ့စာတွေကို နားလည်မှာ ဆိုတဲ့ အယူအဆအလွဲအမှားကြီး လူအများစုမှာ တစ်သက်လုံးစွဲပါလာခဲ့ပါတော့တယ်။😰
စိတ်မကောင်းစရာနောက်တစ်ခုက လူအများစုအတွက် စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်းတို့နဲ့ပတ်သက်ပြီး သင်ကြားပေးခြင်းခဲ့ရတာ အဲဒီမူလတန်းအချိန်လောက်ကတည်းက နောက်ဆုံးပါပဲ။😰
ဒါကြောင့်လည်း လူအများစုရဲ့ဦးနှောက်က သူတို့ပါးစပ်က အသံထွက်ရွတ်နိုင်တဲ့အမြန်နှုန်းလေးနဲ့ပဲ အချက်အလက်အသစ်တွေကို ဖတ်၊ မှတ်၊ စုပ်ယူနိုင်စွမ်း ရှိကြတော့တာဖြစ်ပါတယ်။ (ဒါဟာ ကျွန်တော်တို့ရဲ့ဦးနှောက်က စုပ်ယူနိုင်စွမ်းထက် အဆပေါင်းမြောက်များစွာ နှေးကွေးလေးလံနေတာပါ။😰)
အဲဒီအလေ့အကျင့်ဆိုးတစ်ခုကြောင့်ပဲ ကျွန်တော်တို့ရဲ့ စာဖတ်အမြန်နှုန်းနဲ့ သင်ယူလေ့လာနှုန်းတွေကို မသိစိတ်ထဲမှာ တားဆီးကန့်သတ်ခြင်းခံလိုက်ရပါတယ်။❌
(ကျွန်တော်တို့ရဲ့ စာဖတ်အမြန်နှုန်း၊ သင်ယူလေ့လာမှုနှုန်းတွေကို ပိတ်ပင်တားဆီး ကန့်သတ်နေတဲ့ နောက်ထပ်အလေ့အကျင့်ဆိုး ၃ ခုကိုလည်း ဒီ Super Reading Masterclass ထဲမှာ တစ်ခါတည်းအမြစ်ဖြတ် ချေဖျက်နိုင်ဦးမှာပါ။)
- - - - - - - - - - - - - - -
✨ဒီ Super Reading Masterclass က −
✅ နိုင်ငံတကာမှာ ထိရောက်စွာအသုံးပြုနေကြတဲ့ စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်း နည်းစနစ်တွေသာမက
✅ ဦးနှောက်၊ မှတ်ဉာဏ်၊ အာရုံကြောနဲ့ မျက်လုံးတို့ရဲ့ အလုပ်လုပ်ပုံတွေအပေါ်မှာ သိပ္ပံနည်းကျ အခြေခံထားတာဖြစ်လို့
✅ လူအများစုမှာ ရှိတတ်တဲ့ အလေ့အကျင့်ဆိုးတွေကို စနစ်တကျချေဖျက်ပေးနိုင်မှာဖြစ်သလို
✅ သင့်ရဲ့ စာဖတ်အမြန်နှုန်း၊ သင်ယူလေ့လာနိုင်စွမ်းတို့ကို အခုထက်အဆပေါင်းများစွာ အရှိန်အဟုန်မြင့်တက်လာအောင် ထိရောက်စွာ ကူညီပေးနိုင်မှာပါ။💯
✨သင့်ရဲ့ စာဖတ်အမြန်နှုန်း၊ သင်ယူလေ့လာနိုင်စွမ်းတို့ကို အဆပေါင်းများစွာ အရှိန်အဟုန်မြင့်တက်လာပြီဆိုရင်တော့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု၊ စဥ်းစားတွေးတောနိုင်စွမ်းနဲ့ အသိဉာဏ်ပညာ ရှင်းလင်းထက်မြက်မှုတွေလည်း အနောက်ကနေ အရှိန်အဟုန်နဲ့ကပ်ပါလာမှာ မလွဲမသွေပါပဲ။🔥
✨ဒါကြောင့် နိုင်ငံတကာမှာ ထိရောက်စွာအသုံးပြုနေကြတဲ့ သိပ္ပံနည်းကျ စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်း နည်းစနစ်တွေအပေါ်မှာ ခိုင်ခိုင်မာမာအခြေခံထားတဲ့ (မြန်မာ့ပထမဆုံး) Super Reading Masterclass ကို လေ့လာပြီး သင့်ရဲ့ စာဖတ်အမြန်နှုန်း၊ သင်ယူလေ့လာနှုန်းတွေကို ၂၀၂၅ ကစပြီး ၂ ဆ မှ ၈ ဆ ထိ အရှိန်အဟုန်မြှင့်တင်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်။🔥🔥
▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒီ Super Reading Masterclass (2025 Edition) က ဘာတွေထူးခြားလဲ?
🔥 နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ Scientific Learning, Speed Reading, Learning Psychology ဆိုင်ရာ စာအုပ်စာတမ်းကောင်းများစွာ၊ သင်တန်းများစွာအပေါ်မှာ အခြေခံထားပြီး မြန်မာလို စနစ်တကျ သင်ယူ လေ့လာ အသုံးချနိုင်အောင် 12min Notes Myanmar (Est. 2019) မှ ပုံဖော်တည်ဆောက်ပေးထားတဲ့ ရက်ပေါင်း ၂၁ ရက်ကြာမြင့်မယ့် Advanced Reading & Learning ဆိုင်ရာ Masterclass တစ်ခုပါ။💯
🔥 ဒီ Super Reading Masterclass ထဲမှာ ဦးနှောက်လှုံ့ဆော်မှုဆိုင်ရာနည်းလမ်းကောင်း (neurostimulation techniques) တွေလည်း ပါဝင်ပြီး သင့်ရဲ့စာဖတ်အမြန်နှုန်း၊ မှတ်မိ/မှတ်သားနိုင်စွမ်း၊ အချက်အလက်အသစ်တွေကို နားလည်သဘောပေါက် စုပ်ယူနိုင်စွမ်းတွေကို အဆပေါင်းများစွာ မြင့်တက်လာစေမှာဖြစ်ပါတယ်။💯
🔥 ဒီနည်းလမ်းကောင်းတွေကြောင့် စာဖတ်တဲ့အခါနဲ့ သင်ယူလေ့လာတဲ့အခါမှာ သင့်ရဲ့ ဦးနှောက် ဘယ်ခြမ်းနဲ့ ညာခြမ်းတို့ စည်းချက်ကျကျအလုပ်လုပ်နိုင်လာပြီး သင့်ဦးနှောက်က အချက်အလက်အသစ်တွေကို ချိတ်ဆက်စုပ်ယူဖို့ အဆင်သင့်ဖြစ်လာမယ်၊ သိချင်စိတ် ပိုပြင်းပြလာအောင် လှုံ့ဆော်နိုင်လာမယ်၊ ရလာတဲ့အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းနိုင်စွမ်း မြင့်တက်လာပါလိမ့်မယ်။💯
🔥 ဒီအခါ သင့်ရဲ့ဦးနှောက်က သင်ဖတ်စရာ/မှတ်စရာရှိတဲ့ အချက်အလက်သစ်တွေကို အရင်ပုံမှန်စာဖတ်နေတာနဲ့ မတူတော့ဘဲ supercomputer တစ်ခုလိုအမြန်နှုန်းနဲ့ အချက်အလက်တွေ သင်ယူ၊ လေ့လာ၊ မှတ်သား၊ သိမ်းဆည်း၊ စုပ်ယူ၊ အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။💯
တစ်နည်းအားဖြင့်ပြောရရင် အချိန်တိုအတွင်းမှာ သင်ဟာ −
🔥 စာဖတ်နှုန်း ပိုမိုမြန်ဆန်သွက်လက်လာမယ်။
🔥 သင်ယူလေ့လာစုပ်ယူနိုင်စွမ်း ပိုမိုထက်မြက်လာမယ်။
🔥 ဖတ်ထားသမျှကို နားလည်သဘောပေါက်နိုင်စွမ်း မြင့်တက်လာမယ်။
🔥 နားလည်သဘောပေါက်သမျှကို မှတ်မိပြီး လိုအပ်တဲ့အခါတိုင်း ပြန်ယူအသုံးချနိုင်လာပါလိမ့်မယ်။
ဒီအကျိုးရလဒ်တွေအားလုံးကို အပြည့်အဝ ခံစားရရှိဖို့အတွက် Super Reading Masterclass မှာပါဝင်တဲ့ Lesson Video (၂၁) တစ်ခုကို နေ့စဥ်မှန်မှန်လေ့လာပြီး Action Plan လေးတွေ လုပ်သွားရုံပါပဲ။✨
📌သင်ခန်းစာ (၂၁) ခု ပါဝင်လို့ တစ်ရက်ကို တစ်ခုပဲ လေ့လာသွားနိုင်ဦးတော့...
၂၁ ရက်အကြာမှာ သင်ဟာ စာဖတ်အမြန်နှုန်း အနည်းဆုံး ၂ ဆကနေ ၆ ဆ− ၈ ဆ ကျော်ထိ (ကိုယ့်ရဲ့ base-rate ပေါ်မူတည်ပြီး) မြန်ဆန်မြင့်တက်လာမယ်။ ✅
စာဖတ်အမြန်နှုန်းသက်သက်မဟုတ်ဘဲ ဖတ်ထားသမျှထဲက အရေးကြီးတဲ့အချက်အလက်တွေကိုပါ နားလည် သဘောပေါက် မှတ်မိနိုင်စွမ်း ပိုမိုစူးရှထက်မြက်လာပါလိမ့်မယ်။✅
✨ အကောင်းဆုံးအချက်က စူးရှထက်မြက် တိုးတက်ပြောင်းလဲသွားမယ့် ကိုယ့်ရဲ့စာဖတ်အမြန်နှုန်း၊ သင်ယူလေ့လာနိုင်စွမ်း၊ မှတ်သားအသုံးချနိုင်စွမ်းနဲ့ ဦးနှောက်စွမ်းရည်တွေကို ကိုယ်ကိုယ်တိုင် အဆပေါင်းမြောက်များစွာ စိတ်ကျေနပ်မှုရရှိလာပါလိမ့်မယ်။✅
- - - - - - - - - - - - - - -
✨ဒီ Super Reading Masterclass ထဲမှာပါဝင်တဲ့ Lesson Video နှစ်ခုကို နမူနာအဖြစ် အခမဲ့ စိတ်ကြိုက်လေ့လာနိုင်ဖို့နဲ့ Masterclass ရဲ့တန်ဖိုးကို သိရဖို့အတွက် ဒီ Link ကိုနှိပ်ပြီး Messenger မှာ အသေးစိတ်လေ့လာပေးပါ👇🏻
https://m.me/12minNotes?ref=SuperReadingMasterclass
▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒီ Super Reading Masterclass အပြီးမှာ ဘာအကျိုးကျေးဇူးတွေ ခံစားရမလဲ?
✨၂၁ ရက်ကြာမြင့်မယ့် ဒီ Super Reading Masterclass အပြီးမှာ ဒီအရာတွေအားလုံးကို သင်သိရှိအသုံးချနိုင်သွားဖို့ ရာနှုန်းပြည့်အာမခံပါတယ်။💯👇🏻
~ ~ ~
🔥 ဘယ် Skill ကိုမဆို မြန်မြန်ဆန်ဆန် သင်ယူလေ့လာနိုင်စေမယ့် F.A.S.T Learning Framework
🔥 သင့်ရဲ့လက်ရှိစာဖတ်အမြန်နှုန်း Base-Rate ကို တိုင်းတာခြင်း (Your Reading Assessment)။
🔥 သင့်ရဲ့စာဖတ်နှုန်းနဲ့ သင်ယူလေ့လာနှုန်းကို ပိတ်ပင်တားဆီးနေတဲ့ အဓိကအတားအဆီး (၃) ခုနဲ့ ဒါတွေကို ထိရောက်စွာ ရင်ဆိုင်ကျော်ဖြတ်နည်းများ။
🔥 သင့်ရဲ့စာဖတ်အမြန်နှုန်းကို အနည်းဆုံး ၂၅ ရာခိုင်နှုန်း ချက်ချင်းတိုးတက်လာစေမယ့် Visual Pacing Technique နဲ့ ဒါကိုဘယ်လိုထိရောက်စွာအသုံးချမလဲ။
🔥 Visual Pacing Technique ရဲ့ထိရောက်မှုနောက်ကွယ်က သိပ္ပံနည်းကျလေ့လာမှုနှင့် အကြောင်းအရင်းများ။
🔥 သင့်ရဲ့စာဖတ်အမြန်နှုန်းကို နောက်ထပ် ၂၅−၅၀ ရာခိုင်နှုန်းထိ လျှင်လျှင်မြန်မြန် တိုးတက်လာစေမယ့် Indentation Reading Technique ကို ဘယ်လိုအသုံးချမလဲ။
🔥 စာဖတ်နေစဥ် သင့်ရဲ့ Left-Brain နဲ့ Right-Brain တို့ရဲ့ပေါင်းကူးဆက်သွယ်နိုင်စွမ်းကို ပိုမိုမြင့်မားလာစေမယ့် Brain-Integration Exercise များ။
🔥 တစ်နေ့ကို အချိန်မိနစ်အနည်းငယ်ပေးရုံနဲ့ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေ တစ်ပတ်တစ်အုပ်ပြီးအောင် သက်တောင့်သက်သာ ဘယ်လိုဖတ်မလဲ။ (How to Read a Book a Week Framework)
🔥 သင့်ရဲ့စာဖတ်နှုန်းစွမ်းကို ကန့်သတ်ထားတဲ့ Subvocalization အကြောင်းနဲ့ ဒါကိုအလွယ်ဆုံးကျော်လွှားနိုင်စေမယ့် ထိရောက်တဲ့နည်းလမ်းကောင်းများ။
🔥 စာဖတ်နေစဥ် စိတ်ကူးယဥ်မြင်ယောင်နိုင်စွမ်း (imagination, visualization) တို့ကို အားကောင်းလာစေဖို့ သင့်ရဲ့ Right-Brain ကို ထိရောက်စွာလှုံ့ဆော်နိုင်စေမယ့် Simple Brain Hack Method
🔥 သင့်ရဲ့စာဖတ်နှုန်းကို အချိန်တိုအတွင်း ၄ ဆ ပိုမိုမြန်ဆန်လာအောင် လေ့ကျင့်ပေးနိုင်မယ့် Speed Reading Drills
🔥 စာမျက်နှာပေါ်က အချက်အလက်တွေကို (ပန်းချီကားတစ်ချပ်ကြည့်သလို) မြန်မြန်ဆန်ဆန် စုပ်ယူပြီးဖတ်ရှုနိုင်စေမယ့် Peripheral Vision အကြောင်းနဲ့ သင့်ရဲ့ Vision Span ကို တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် Activation Exercise များ။
🔥 စာဖတ်အမြန်နှုန်းတိုးလာရုံသာမကဘဲ ဖတ်သမျှနားလည်သဘောပေါက်နိုင်စွမ်းနဲ့ မှတ်သားစုပ်ယူနိုင်စွမ်းတို့ကိုပါ တိုးမြင့်လာစေမယ့် Comprehension-Boosting Techniques
🔥 စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်း၊ အလေ့အကျင့်ကောင်းများ တည်ဆောက်ခြင်းဆိုင်ရာ လွဲမှားနေသော အယူအဆများအကြောင်းနဲ့ ဒါတွေကို ဘယ်လိုတည့်မတ်ပြင်ဆင်ရမလဲ။
🔥 စနစ်တကျမလေ့လာမသင်ယူနိုင်ရင် အချက်အလက်သစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို သင့်ဦးနှောက်က ၂ ရက်အတွင်း မေ့လျော့သွားတယ်ဆိုတဲ့ Forgetting Curve Theory နဲ့ ဒါကိုကျော်ဖြတ်နိုင်စေမယ့် Spaced-Repetition Concept
🔥 သင့်အလုပ်အတွက် အရေးကြီးတဲ့ အချက်အလက်အသစ်တွေ စုပ်ယူမှတ်သား နားလည်အသုံးချနိုင်စွမ်းကို အဆပေါင်းများစွာတိုးမြင့်စေမယ့် Advanced Note-Taking and Note-Making Techniques
🔥 ကိုယ့်အတွက်အကျိုးရှိစေမယ့် အမူအကျင့်ကောင်းတွေ ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်စေမယ့် 5 Levels of Behavioral Transformation Concept အကြောင်း။
🔥 အချိန်တွေအကြာကြီးဆက်တိုက် စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်းရဲ့ ဆိုးကျိုးများအကြောင်းနဲ့ ဒီဆိုးကျိုးတွေကို ကာကွယ်တားဆီးပေးနိုင်မယ့် Effective Brain Breaks နည်းလမ်းများ။
🔥 သင့်ရဲ့နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး စာဖတ်တဲ့ကြာချိန်ကို ထိရောက်စွာလျှော့ချပေးနိုင်မယ့် The Art of Effective Skimming
🔥 စာဖတ်နှေးသူတိုင်းရဲ့ရန်သူဖြစ်တဲ့ မျက်လုံးရပ်တန့်မှု (Eye Fixations) + စာဖတ်နေစဥ် ဦးနှောက်ရဲ့ရပ်တန့်မှု (Saccadic Blindness) တို့အကြောင်းနဲ့ ဒါတွေကို စနစ်တကျ၊ သိပ္ပံနည်းကျ ကျော်လွှားနိုင်စေမယ့် နည်းလမ်းကောင်းများ။
🔥 သင့်ရဲ့မျက်လုံးနဲ့ ဦးနှောက်တို့ အပြန်အလှန်ပေါင်းစပ်အလုပ်လုပ်ပုံကို ပိုမိုထက်မြက်စူးရှလာစေမယ့် Super Eye Exercises & Training Tools
🔥 ခက်ခဲနက်နဲတဲ့ ဘာသာရပ်ဆိုင်ရာ/ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းကြီးတွေကို လွယ်လွယ်ကူကူ၊ သက်တောင့်သက်သာ ဖတ်ရှုနိုင်ပြီး ဖတ်သမျှလည်းမှတ်မိကာ ပြန်လည်အသုံးချနိုင်စေမယ့် 3-Step Technical Reading Framework နဲ့ SQ3R Active Reading Concepts များ။
🔥 နေ့စဥ်စာဖတ်ခြင်း၊ နေ့စဥ်သင်ယူလေ့လာခြင်း တို့ကဲ့သို့ သင့်ဘဝအတွက် အင်မတန် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများစွာကို စိတ်တိုင်းကျပုံဖော်ဖန်တီးယူနိုင်စေမယ့် (အကျိုးမရှိတဲ့ အလေ့အကျင့်ဆိုးတွေကိုလည်း အလွယ်တကူ ဖယ်ရှားရှင်းလင်းနိုင်စေမယ့်) Habit Designing & Fogg Behavioral Model အကြောင်း။
- - - - - - - - - - - - - - -
✨ဒီ Super Reading Masterclass ထဲမှာပါဝင်တဲ့ Lesson Video နှစ်ခုကို နမူနာအဖြစ် အခမဲ့ စိတ်ကြိုက်လေ့လာနိုင်ဖို့နဲ့ Masterclass ရဲ့တန်ဖိုးကို သိရဖို့အတွက် ဒီ Link ကိုနှိပ်ပြီး Messenger မှာ အသေးစိတ်လေ့လာပေးပါ👇🏻
https://m.me/12minNotes?ref=SuperReadingMasterclass
▂▂▂▂▂▂▂▂▂▂▂▂▂▂
💎အစောဆုံးလေ့လာပြီးသူများရဲ့ Feedbacks💎
❝ ကျောင်းတက်ကတည်းက ဒီအကြောင်းအရာတွေသင်ခဲ့ရရင် သိပ်ကောင်းမှာပဲလို့ နောင်တရလိုက်မိပါတယ်။ သင်ယူလေ့လာမှု အမြဲလုပ်နေရသူတိုင်း မသိမဖြစ် သိကို သိထားသင့်တဲ့အရာတွေပါ။ Highly recommended! ❞
- - - - - - - - - -
❝ စစချင်းမှာတော့ စာအမြန်ဖတ်သင်တန်းလို့ပဲ ထင်လိုက်မိတယ်။ ဒါပေမယ့် တကယ်လေ့လာတော့မှ ထင်ထားတာနဲ့ လုံးဝကွဲထွက်နေပြီး စာအမြန်ဖတ်ရုံတစ်ခုတည်းမဟုတ်ဘဲ နားလည်သဘောပေါက်နိုင်စွမ်း ပိုမြင့်အောင်လုပ်နည်းတွေ၊ မေးခွန်းထုတ်နည်းတွေ၊ ထိထိရောက်ရောက်မှတ်သားနိုင်မယ့် notes-taking skills တွေသာမက လုပ်ငန်းခွင်မှာ သင်ယူလေ့လာမှု အမြဲလုပ်နေရသူတိုင်းအတွက် တန်ဖိုးရှိတဲ့နည်းလမ်းကောင်းတွေအများကြီးသိခဲ့ရပါတယ်။ Thank you so much!❞
- - - - - - - - - -
❝ Thank you for your efforts. I bought the masterclass and it was fantastic! We can now easily focus and absorb the crucial part of the books in a short amount of time. You can really get lots of knowledge and applicable tips from this. ❞
- - - - - - - - - -
❝ တစ်ခွန်းတည်း feedback ပေးရမယ်ဆိုရင် “It’s a must-learn masterclass for everyone after age 20!” ပါပဲ။ တကယ််််််််််ကောင်းတဲ့အနှစ်သာရတွေကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် ပေးနိုင်ခဲ့ပါတယ်။ ❞
- - - - - - - - - -
❝ Super Reading Masterclass ကို Highly Recommend ပါ။ အရင်က စာအုပ် တစ်အုပ်တစ်အုပ်ကို ပြီးအောင်ဖတ်ဖို့ တော်တော်ခက်ပါတယ်။ ဖတ်ပြီးရင်လည်း ခေါင်းထဲ စွဲကျန်မနေဘူး။ ဖတ်လည်း မထူးဘူးဆိုပြီး စာတွေ မဖတ်ဖြစ်တော့ဘူး။ ခုဆိုရင် ဘာစာလာလာ မကြောက်တော့ဘူး။ စာဖတ်မြန်လာတယ်။ ဖတ်တဲ့စာတိုင်းကိုလည်း မှတ်မိတယ်။ တစ်နေ့ကို 12min Notes Myanmar က eBook (၂) အုပ်လောက် ဖတ်ဖြစ်တယ်။ Productivity အရမ်းကောင်းလာတယ်။ ကျေးဇူးပါ 12min Notes Team ။ နောက်လည်း Executive Summary eBook Series တွေကို ဆက်လက် အားပေးနေပါမယ်။ ❞
- - - - - - - - - -
❝ တကယ်အကျိုးရှိတဲ့ Class တစ်ခုပါ။ သင်ခန်းစာ ဗီဒီယို ၈ အထိပဲ ပြီးထားသေးပေမယ့် သင်ခန်းစာထဲက အချက်တွေအတိုင်း တိတိကျကျ လိုက်လုပ်တော့ တိုးတက်မှုကို သိသိသာသာ ခံစားရပါတယ်။ စာဖတ်ခြင်းတစ်ခုတည်းသာမက အခြားသင်ယူခြင်းတွေမှာပါ အများကြီး အကျိုးရှိစေပါတယ်။ Fully recommend ပါ။ ❞
- - - - - - - - - -
❝ လုံးဝကောင်းတဲ့ Class တစ်ခုပါဗျ။ စာပုံမှန်ဖတ်နေကျကနေ level တစ်ခု ဘယ်လိုတက်ရမလဲ စဉ်းစားနေတာကနေ တက်ကြည့်တော့ တစ်ပတ်အတွင်း စာဖတ်အမြန်နှုန်း WPM 500 ကနေ 750 အထိကို Lesson 14 အတွင်းရောက်လို့ အရမ်းထိရောက်တယ်လို့ ခံစားရပါတယ်။ ❞
- - - - - - - - - -
❝ Super Reading Masterclass က တကယ်ကို ကောင်းတဲ့ အတန်းတစ်ခုပါ။ ပေးရတာထက် အများကြီး ပြန်ရတယ်လို့ ခံစားရပါတယ်။ အစပိုင်း Lesson တွေမှာ သံသယတွေရှိခဲ့ပေမယ့် တဖြည်းဖြည်း practice လုပ်ရင်း ဒီအထဲက နည်းလမ်းတွေဟာ တကယ်ကို အကျိုးပြုတာ တွေ့လာရပါတယ်။ ငယ်ငယ်ကတည်းက ဒီနည်းလမ်းတွေ သိပြီး အသုံးချခဲ့ရင်ဆိုပြီးလည်း ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ရတဲ့အထိ တကယ်ကောင်းတဲ့ အတန်းလေးပါ။ ကျေးဇူးလည်းတင်ပါတယ်။ ❞
- - - - - - - - - -
❝ လက်ရှိ MBA တက်နေတော့ စာဖတ်မြန်ချင်တဲ့အတွက် Super Reading Masterclass ကို join ဖြစ်ပါတယ်။ Lack of Education, Focus, Regression လို စာဖတ်တဲ့အခါ နှေးစေတဲ့ အကြောင်းအရာတွေထဲက အချို့ကို သိလိုက်ရလို့ Pacer အမျိုးမျိုးကို သုံးပြီး စာဖတ်မြန်အောင်ပါ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါတောင် (၇) ရက်မြောက်အထိပဲ ကြည့်ရပါသေးတယ်။ နောက်ထပ် ဘယ်လိုကောင်းမွန်တဲ့ အကြောင်းအရာကို သင်ယူရမလဲဆိုတာကို တွေးမိတိုင်း ဒီ Masterclass ဟာ ပေးရတာထက် အများကြီးတန်တယ်လို့ ခံစားရပါတယ်။ တကယ်လည်း အကျိုးပြုပါတယ်။ ❞
- - - - - - - - - -
❝ Super Reading Masterclass ကို လေ့လာနေတာ မပြီးသေးပါဘူး။ ဒါပေမယ့် ဖတ်ရသလောက်အထိ အရမ်းအကျိုးရှိပါတယ်။ စာဖတ်တာကို တော်တော်ပြောင်းသွားစေပြီး absorb ပို လုပ်နိုင်လာပါတယ်။ ❞
- - - - - - - - - -
❝ အခု ကျနော်က Super Reading Masterclass တက်နေပါတယ်။ နေ့တိုင်း ဗီဒီယိုတွေ သေချာကြည့်တယ်။ Action Plan တွေလည်း လိုက်လုပ်တော့ စာဖတ်တဲ့အခါ သိသာလာတယ်။ ခါတိုင်း စာလုံးဝ မဖတ်ဖြစ်ဘူး။ ဖတ်ရင်လည်း ၁ အုပ်ကို အကြာကြီး။ အခုတော့ ဖြေးဖြေးချင်း ပြောင်းလဲလာနေပြီ။ နောက်လည်း ဆက်တိုက် ကြိုးစားသွားပါမယ်။ 12min Notes Myanmar ကို ကျေးဇူးအရမ်းတင်ပါတယ်။❞
- - - - - - - - - -
✨ဒီ Super Reading Masterclass ထဲမှာပါဝင်တဲ့ Lesson Video နှစ်ခုကို နမူနာအဖြစ် အခမဲ့ စိတ်ကြိုက်လေ့လာနိုင်ဖို့နဲ့ Masterclass ရဲ့တန်ဖိုးကို သိရဖို့အတွက် ဒီ Link ကိုနှိပ်ပြီး Messenger မှာ အသေးစိတ်လေ့လာပေးပါ👇🏻
https://m.me/12minNotes?ref=SuperReadingMasterclass
▂▂▂▂▂▂▂▂▂▂▂▂▂▂
💎LESSON OUTLINES💎
အောက်မှာ Detail breakdown ဖော်ပြထားတဲ့အတိုင်း ဒီ Super Reading Masterclass ထဲမှာ −
🔥 Training Slides စုစုပေါင်း ၇၉၀ ကျော် ပါဝင်မှာဖြစ်ပြီး
🔥 Knowledge-Packed Video Lesson စုစုပေါင်း ၉၄၀ မိနစ်ကျော်ထိ လေ့လာအသုံးချနိုင်မှာဖြစ်ပါတယ်။
- - - - - - - - -
Lesson Video တစ်ခုချင်းစီနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ👇🏻👇🏻
💎Introduction to Super Reading Masterclass (50 Slides | 48:11 minutes)
💎Lesson 1: F.A.S.T Method for Effective Learning (41 Slides | 66:15 minutes)
💎Lesson 2: Your Reading Speed Assessment (37 Slides | 56:35 minutes)
💎Lesson 3: Clearing The 3 Obstacles for Effective Reading (51 Slides | 58:59 minutes)
💎Lesson 4: Visual Pacer Technique (20 Slides | 28:28 minutes)
💎Lesson 5: The Science Behind Visual Pacer Technique (23 Slides | 29:11 minutes)
💎Lesson 6: Indentation Reading Technique (26 Slides | 29:37 minutes)
💎Lesson 7: The Infinity Technique for Left & Right Brain Integration (23 Slides | 34:12 minutes)
💎Lesson 8: How to Read a Book a Week (30 Slides | 51:56 minutes)
💎Lesson 9: Methods for Overcoming Subvocalization (34 Slides | 27:07 minutes)