12min Notes Myanmar

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition

img

4X Profits with Effortless Ads (Super Guide + Masterclass Bundle) - PRO Edition

img 12min Notes Myanmar (Admin)

What's in this package?

📌 လူတွေရဲ့အာရုံကို စုပ်ယူဖမ်းစားပြီး ဝယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်အားကောင်းတဲ့ Social Media Ads တွေ ဖန်တီးဖို့ ရုန်းကန်နေရလား?

📌 Social Media မှာ ကြော်ငြာအသစ် ဖန်တီးဖို့လိုလာတိုင်း screen ဗြောင်ကြီးကို ထိုင်ကြည့်ပြီး ခေါင်းစားနေရလား?

📌 Customer တွေ မဝယ်ခင်ဘာတွေးနေကြလဲဆိုတာကို သူတို့ခေါင်းထဲဝင်ကြည့်ရတဲ့အလား ဒက်ခနဲသိပြီး သူတို့လိုချင်တာတွေကို (ကလေးကို သကြားလုံးရောင်းသလိုမျိုး) လွယ်လွယ်ကူကူ ရောင်းနိုင်ချင်လား?

📌 ငွေထပ်သုံးဖို့မလိုဘဲ ကြော်ငြာစာသား၊ ပြောဆိုပုံ နည်းနည်းပြောင်းလိုက်ရုံနဲ့ Customer နဲ့ Sales တွေ ပိုများများ ရလာချင်လား?


သင် ဒီမေးခွန်း (၄) ခုကို စိတ်ထဲမှာ YES လို့ဖြေမိနေပြီဆိုရင်တော့ ဒီ Post ကိုလည်း ဆက်ဖတ်ချင်ပါလိမ့်မယ်။👇🏻

ဘာကြောင့်လဲဆိုတော့ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အတွက် အထူးသီးသန့် ပြင်ဆင်ဖန်တီးပေးထားတာဖြစ်လို့ပါ။

4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အနေနဲ့ ကြော်ငြာရေးနည်းတွေ၊ Consumer Psychology တွေကို မလေ့လာဖူးရင်တောင်မှ ကိစ္စမရှိဘဲ... လူတွေရဲ့အာရုံကို စုပ်ယူဖမ်းစားပြီး ဝယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်နိုင်မယ့် Social Media Ads တွေ Contents တွေ ဖန်တီးနိုင်အောင် ထိထိရောက်ရောက် ကူညီပေးပါလိမ့်မယ်။🔥

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က နယ်နယ်ရရ လုံးဝမဟုတ်ပါဘူး။

👉🏻 12min Notes Myanmar အပါအဝင် မတူညီတဲ့ Industry တွေက စီးပွားရေးလုပ်ငန်း (၇) ခုမှာ Social Media ကြော်ငြာစရိတ်သီးသန့် $93,358 ကျော် သုံးစွဲခဲ့ပြီးတဲ့ အတွေ့အကြုံ၊ အမှား၊ သင်ခန်းစာတွေ၊ စဥ်းစားတွေးခေါ်ပုံတွေနဲ့ လက်တွေ့အလုပ်ဖြစ်နေတဲ့နည်းလမ်းတွေအပေါ် အခြေခံထားရုံမကဘဲ…

👉🏻 စုစုပေါင်း $1,500 ကျော်ပေးရတဲ့ နိုင်ငံခြားက Marketing, Advertising, Copywriting, Applied Psychology Courses တွေထဲက အသိပညာ အဆီအနှစ်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားတဲ့ Final Product တစ်ခုဖြစ်ပါတယ်။

👉🏻 ဒါ့အပြင် ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) တစ်ခုလုံး ဖန်တီးနိုင်ဖို့အတွက် ၂၀၂၄ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လတိတိ − နာရီပေါင်း ၁၀၀၀ ကျော် အချိန်ယူ ဖန်တီးခဲ့ရပါတယ်။

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) ကို လေ့လာပြီးသွားရင် ထိရောက်မှုအား အရမ်းကောင်းပြီး သုံးလိုက်တဲ့ကြော်ငြာစရိတ်ထက် ပိုများတဲ့အကျိုးအမြတ် (တစ်နည်းအားဖြင့်) ROAS မြင့်မားတဲ့ Social Media Ads တွေကို သင်ကိုယ်တိုင် ဖန်တီးနိုင်လာပြီး ဝင်ငွေနဲ့ စီပွားရေးအမြတ်အစွန်းတွေ ပိုရလာပါလိမ့်မယ်။🔥

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အကယ်၍ သင်က −

👉 Boost နည်းနည်းလုပ်တိုင်း များများရောင်းရတဲ့ ကြော်ငြာကောင်းတွေ ဖန်တီးနိုင်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 (ဒေါ်လာစရိတ်တွေတိုးလာလို့) ငွေထပ်မသုံးတော့ဘဲ ကြော်ငြာစာသား၊ ပြောဆိုပုံ နည်းနည်းပြောင်းလိုက်ရုံနဲ့ Customer နဲ့ Sales တွေ ပိုများများ ရလာချင်တယ်ဆိုရင်

👉 Facebook™ အပြင် တစ်ခြား Social Media Platform တွေမှာပါ “Hit” ဖြစ်တဲ့ Content ကောင်းတွေ ပိုဖန်တီးချင်တဲ့ Creator/Influencer တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 တစ်ခြားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် Content, Copy ကောင်းကောင်းတွေ ဖန်တီးပေးပြီး ဝင်ငွေပိုကောင်းချင်တဲ့ “Freelance” Content Writer / Copywriter / Media Buyer တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 တင်လိုက်တဲ့ Sales Content တိုင်းပေါက်လွန်းလို့ အရင်ကထက် Client တွေ ပိုများများရလာချင်တဲ့ Advertising Agency Owner တစ်ယောက် ဖြစ်တယ်ဆိုရင်

👉 (ဒါမှမဟုတ်) ဆန့်ကျင်ဖက်အနေနဲ့ Client တွေအတွက် Social Media ကြော်ငြာကောင်းတွေဖန်တီးပေးဖို့ အခက်တွေ့နေရလို့ ရှိရင်းစွဲ Client တွေပါ မဆုံးရှုံးသွားရအောင် ရုန်းကန်နေရတဲ့ Agency Owner တစ်ယောက် ဖြစ်တယ်ဆိုရင်

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024) က သင့်အတွက် ကွက်တိ၊ အံကိုက်၊ Perfect ပါပဲ။ ✅

- - - - - - - - - - - - - - - - - - -

ရှေ့မဆက်ခင်မှာ ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းမိတ်ဆက်ပါရစေ။

ကျွန်တော့်နာမည် ကိုနေအောင်ပါ။

💎 Customer ပေါင်း 18,000 ကျော်နဲ့ ✨ 5-Star Review ပေါင်းထောင်ချီ ခိုင်ခိုင်မာမာရရှိထားပြီးတဲ့ 12min Notes Myanmar ရဲ့ Co-Founder ဖြစ်သလို Chief Product Architect ဖြစ်ပါတယ်။

ခဏနေရင် Consumer Research and Psychology ပေါ်အခြေခံထားတဲ့ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass ~ 2024) က ဘာကြောင့် သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အဆပေါင်းများစွာ တိုးတက်လာအောင် ကူညီပေးနိုင်လဲဆိုတာ သင်သိရပါတော့မယ်။

အဲဒါမတိုင်ခင် ဒီ Product ဖြစ်ပေါ်လာပုံ Story လေးကို အတိုချုပ်ပြောပြချင်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ 12min Notes Myanmar ကိုစတည်ထောင်ခဲ့သလို တစ်ခြားမိသားစုစီးပွားရေးလုပ်ငန်းတွေကိုလည်း ဈေးကွက်ထဲ ပိုမိုထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ Marketing, Advertising, Copywriting နဲ့ပတ်သက်ပြီး သင်ပေးတဲ့သင်တန်းတွေ အခုလောက် မပေါသေးပါဘူး။

မြန်မာဘာသာနဲ့လေ့လာလို့ရမယ့်သင်တန်းတွေလည်း မရှိသလောက်ပါပဲ။

အဲဒီတုန်းက အလုပ်အတွက် ကြော်ငြာကောင်းတွေဖန်တီးနိုင်ဖို့၊ Copywriting ကောင်းကောင်း ရေးတတ်ဖို့ ကျွန်တော့်မှာကိုးကားစရာ သင်တန်းတွေ၊ စာအုပ်တွေ မရှိခဲ့ပါဘူး။

ဒီတော့ Marketing, Advertising, Copywriting အတွက် Internet ပေါ်မှာ နေ့ရော ညပါ နာရီပေါင်းများစွာ surf လုပ် လိုက်ရှာပြီး ကိုယ့်ဘာသာ self-study လုပ်ခဲ့ရပါတယ်။

အရာရာ စမ်းတဝါးဝါးပါပဲ။

ဒေါ်လာ ၁၀၀ လောက်သုံးပြီး Customer တစ်ယောက်မှ မရခဲ့လိုက်တဲ့ ကြော်ငြာတွေလည်း လုပ်ခဲ့မိပါတယ်။😰

မြန်မာနိုင်ငံနဲ့ မကိုက်ညီတဲ့ Social Media Advertising သင်တန်းတွေလည်း ပိုက်ဆံအကုန်ခံပြီး တက်ခဲ့မိပါတယ်။😓

ကြော်ငြာရေးနည်း Formula တွေ၊ Framework တွေကို သေချာနားမလည်လို့ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေနဲ့ ဈေးကွက်အခွင့်အလမ်းတွေလည်း အများကြီးပါပဲ။😥

ဒါပေမယ့် အလျှော့မပေးခဲ့ဘူး။

👉 အလုပ်မဖြစ်ရင် ဘာကြောင့်မဖြစ်လဲ အဖြေရှာတယ်။

👉 အလုပ်ဖြစ်ရင် ဘာကြောင့်အလုပ်ဖြစ်လဲ အဖြေရှာတယ်။

👉 Copywriting, Marketing, Advertising, Consumer Psychology နဲ့ပတ်သက်ပြီး Free/Paid Resources တွေကို လက်လှမ်းမီသမျှ အကုန်လေ့လာခဲ့တယ်။

👉 နယ်ပယ်မတူတဲ့လုပ်ငန်းတွေအတွက် ကြော်ငြာတွေကို တစ်နေ့တစ်ခုနှုန်းနဲ့ ၂ နှစ် ဆက်တိုက်လုပ်ခဲ့တယ်။

လုပ်ငန်းအစပိုင်းမှာရခဲ့တဲ့အကျိုးအမြတ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထိကို Learning အတွက် ပြန်သုံးခဲ့တယ်။ (ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ Self-Education အတွက် သုံးခဲ့တဲ့ငွေတွေက Swift ကားတစ်စီးတောင် ဝယ်လို့ရနေလောက်ပါပြီ။)

ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ Copywriting, Marketing, Advertising, Consumer Psychology နဲ့ပတ်သက်ပြီး သင်ယူလေ့လာခဲ့တာတွေကြောင့် အခုချိန်မှာ လူတွေတကယ်လိုချင်မယ့် Product/Service တွေကို ဘယ်လိုကြော်ငြာရောင်းချရမလဲ နည်းနည်း ပိုသိလာတယ်။

လူတွေရဲ့ Buying Behaviour နဲ့ Psychology တွေကို နည်းနည်း ပိုနားလည်လာတယ်။

ကြော်ငြာတွေကို ဘယ်လိုဖန်တီးရင် လူတွေစိတ်ဝင်စားမလဲ၊ ဘယ်လိုရေးရင် လူတွေဖတ်ချင်မလဲ၊ ဘယ်လိုပြောရင် လူတွေနားထောင်မလဲ၊ Customer တွေ ဘာတွေစိုးရိမ်ပူပန်နေလဲ၊ အခုချက်ချင်းဝယ်ချင်လာအောင် ဘယ်လိုဆွဲဆောင်မလဲ ဆိုတာတွေကို နည်းနည်း ပိုနားလည်သဘောပေါက်လာတယ်။

ရလဒ်အနေနဲ့ အခုချိန်မှာတော့ ကြော်ငြာ ၉၀ ရာခိုင်နှုန်းက Positive ROAS (သုံးတဲ့စရိတ်ထက် ပိုများတဲ့အမြတ်ပြန်ရတာ) ဖြစ်နေပါပြီ။

🔥တချို့ကြော်ငြာတွေဆို ROAS 10-15X လောက် ရှိခဲ့ပါတယ်။ (ဆိုလိုတာက ၁ ကျပ်ဖိုးကြော်ငြာရင် အဲ့ဒီကြော်ငြာကနေ ၁၅ ကျပ်ဖိုး အမြတ်ပြန်ရတာပါ)

ကြော်ငြာ ၁၀ ခုဖန်တီးရင် ၉ ခုက Target Customer နဲ့ ကိုက်ညီပြီး သူတို့ဝယ်ချင်လာအောင် သေချာပေါက် ဆွဲဆောင်နိုင်တယ်ဆိုတဲ့ feeling က တော်တော်လေးကောင်းပါတယ်။✨

အဲဒီ feeling ကို ဘဝတူစီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ရစေချင်လာတယ်။

ဒါကြောင့် အခုကာလမှာ အရင်ကထက်ပိုပြင်းထန်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ခေါင်းကိုက်စရာတွေ ရင်ဆိုင်နေရတဲ့ ဘဝတူ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အသုံးတည့်အောင် ဖန်တီးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။

အခုလိုခက်ခဲတဲ့ကာလမှာ ကိုယ်ရောင်းနေတဲ့ Product/Service တွေကို လူတွေပိုဝယ်ချင်လာအောင်၊ ထပ်ကာထပ်ကာ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်မယ့် ကြော်ငြာကောင်းတွေ အလွယ်တကူ ဖန်တီးနိုင်လာအောင် ကူညီပေးချင်တယ်။

(အခုကျွန်တော်ဆက်ပြောမယ့်အကြောင်းအရာတွေက ၆ နှစ်အတွင်း Industry မတူတဲ့ လုပ်ငန်းအမျိုးအစား ၇ ခုအတွက် ကြော်ငြာပေါင်းထောင်ကျော်နဲ့ ကြော်ငြာစရိတ်သီးသန့် $93,358 ကျော်သုံးပြီး လုပ်ဆောင်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ပြောသွားမှာဖြစ်လို့ သင့်အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။)

အဲဒီအချိန်ကတည်းကစလို့ အလုပ်ဖြစ်တဲ့ ကြော်ငြာဖန်တီးနည်းတွေ၊ စဥ်းစားတွေးခေါ်နည်းတွေကို သေချာစုစည်းပြီး အချိန်ကုန်/ငွေကုန် သက်သက်သာသာနဲ့ မြန်မာလို ထိထိရောက်ရောက် လေ့လာအသုံးချနိုင်စေဖို့ Digital Product တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

အဲဒီ Product ကတော့ အခု “4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle ~ 2024)” ပါပဲ။🔥

- - - - - - - - - - - - - - - - - - -

သင်က ဒီအထိ စိတ်ဝင်တစား ဆက်ဖတ်နေပြီဆိုရင် သေချာတာက အခုပြောပြမယ့်အချက်တွေထဲက တစ်ချက် (ဒါမှမဟုတ်) တစ်ချက်ထက်ပိုတာနဲ့ ကိုက်ညီနေလို့ ဖြစ်တာ သေချာပါတယ်။

👉 သင့်ခေါင်းထဲမှာ အိုင်ဒီယာကောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါတွေကို လက်တွေ့အကောင်အထည်မဖော်နိုင်ဘူး။

👉 လုပ်ငန်းအတွက် ကြော်ငြာသစ်တွေလုပ်ဖို့ စိတ်ကူးကောင်းတွေရှိပေမယ့် ဒီစိတ်ကူးတွေကို စာလုံးတွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေအဖြစ် မပြောင်းလဲနိုင်ဘူးဖြစ်နေတယ်။

👉 ဈေးကွက်ထဲက တစ်ခြားလုပ်ငန်းတွေက ကြော်ငြာကောင်းတွေအများကြီးဖန်တီးပြီး ဝင်ငွေနဲ့ အကျိုးအမြတ်တွေ များများရနေတာကို မြင်ရလို့ သင်ကိုယ်တိုင်လည်း အဲဒီလိုလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချင်တယ်။

👉 ဝယ်သူတွေရဲ့စိတ်နှလုံးကို ထိထိမိမိ ဆွဲကိုင်ဖမ်းစားနိုင်ပြီး မဖတ်ရမနေနိုင် / မကြည့်ရမနေနိုင် / မဝယ်ရမနေနိုင်တဲ့ Social Media ကြော်ငြာကောင်းတွေ များများဖန်တီးနိုင်ချင်တယ်။

👉 လက်ရှိအလုပ်ဖြစ်နေတဲ့ကြော်ငြာတွေမှာ စာကြောင်းလေးတစ်ကြောင်း၊ စာပိုဒ်လေးတစ်ပိုဒ် ပြောင်းလဲလိုက်ရုံနဲ့ ထိရောက်မှု ၁၀ ဆ တိုးလာနိုင်တာကို လက်ခံယုံကြည်တယ်။

👉 လက်ရှိမှာ ကြော်ငြာအတွက် ပိုက်ဆံတွေအများကြီးသုံးနေရပေမယ့် ထိုက်သင့်တဲ့အကျိုးအမြတ် ပြန်မရလို့ အနည်းငယ်စိတ်ပင်ပန်းဖိစီးနေရတယ်။

👉 ထိရောက်တဲ့ Social Media ကောင်းတွေ ဖန်တီးနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့၊ လက်တွေ့ထိရောက်တဲ့ သင်တန်းတစ်ခုကို (ဒါမှမဟုတ်) ဆရာတစ်ဦးကို ရှာဖွေနေတယ်။ (လက်ရှိရှိနေတဲ့ သင်တန်းတွေ စာအုပ်တွေက ထိရောက်သင့်သလောက် မထိရောက်ဘူးလို့ ခံစားနေရတယ်။)

👉 Social Media ကြော်ငြာကောင်းတွေဖန်တီးဖို့ အချိန်တွေ၊ ငွေတွေ၊ လူအားအင်တွေ အများကြီးသုံးနေရပေမယ့် စိတ်တိုင်းကျတဲ့ ရလဒ်ကောင်းတွေ မရနိုင်သေးတာကို မချင့်မရဲဖြစ်နေရတယ်။

ဒီအချက်တွေ တစ်ခုခုနဲ့ ကိုက်ညီနေတယ်ဆိုရင် ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) က သင့်ကို အများကြီးကူညီပေးပါလိမ့်မယ်။✨

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ကနေ ဘာတွေမျှော်လင့်လို့ရမလဲ?

ဒီ Course ကို Copywriting, Psychology အခြေခံသိပ်မရှိတဲ့ ရိုးရိုးသာမန်လူတစ်ယောက် နားလည်သဘောပေါက်နိုင်လောက်တဲ့ထိ ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ဖန်တီးပေးထားပါတယ်။

အစကတော့ Facebook™ Ads တွေ ထိထိရောက်ရောက်ဖန်တီးနိုင်ဖို့အတွက် သီးသန့်ပြင်ဆင်ပေးထားတာပါ။ ✅

ဒါပေမယ့် ဒါကို Pre-Release Edition အဖြစ်ထုတ်ဝေပြီး လက်ရွေးစင် Customer တစ်စုကို ပေးဖတ်လိုက်ပြီးတဲ့နောက်မှာ ဒီ Course က Facebook™ Ads တွေတင်မကဘဲ Social Media Ads တွေ၊ Online/Offline Ads တွေ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ဖန်တီးနိုင်လောက်အောင်ထိ အထောက်အကူပြုပေးနိုင်ကြောင်း Feedback ကောင်းတွေ ရလိုက်ပါတယ်။ ✅

🔥မယုံနိုင်စရာကောင်းတာတစ်ခုက ဒီ Course ထဲမှာပါဝင်တဲ့ နည်းလမ်းတွေကပဲ 12min Notes Myanmar ကို Customer ဆယ်ဂဏန်းကနေ တစ်သောင်းရှစ်ထောင်ကျော် ရှိတဲ့အထိ ကူညီပေးနိုင်ခဲ့သလို တစ်ခြား Industry အသီးသီးက စီးပွားရေးလုပ်ငန်းတွေကိုလည်း လစဥ်သိန်းရာချီဝင်ငွေတိုးလာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ✅ (လက်တွေ့အသုံးတည့်စေတဲ့နည်းလမ်းတွေချည်းပဲဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။)

ဒီ Course ထဲမှာ "ကိုယ့်ရဲ့ဝယ်သူတွေကို ဘယ်လိုရှာဖွေမလဲ" ဆိုတဲ့ အခြေခံ Research အဆင့်ကနေ "ကိုယ်ရောင်းတဲ့အရာကို ဝယ်သူတွေ မရွေးဘဲမနေနိုင်၊ မဝယ်ဘဲမနေနိုင်အောင်" ဆွဲဆောင်အားကောင်းတဲ့ Social Media ကြော်ငြာတွေ ဖန်တီးနိုင်စေမယ့် အဆင့်မြင့် Technique တွေထိ ပါဝင်ပါတယ်။ ✅

ဒီ Course ထဲမှာပါတဲ့ နည်းလမ်းတွေ၊ Template တွေအားလုံးက ကျွန်တော်တို့ 12min Notes Myanmar မှာလည်း ဒီနေ့ထိ အသုံးဝင်နေဆဲ နည်းလမ်းတွေချည်းပဲဆိုတာ ထပ်ပြောချင်ပါတယ်။ ✅

ကျွန်တော်တို့ကိုယ်တိုင် အသုံးမချတဲ့၊ ကျွန်တော်တို့အတွက် အသုံးမဝင်တဲ့နည်းလမ်းတွေကို ဘယ်သောအခါမှ ဖန်တီးရောင်းချပေးမှာလည်း မဟုတ်ပါဘူး။ ❌

ကျွန်တော်တို့အတွက် လက်ရှိအသုံးဝင်နေဆဲ၊ အနာဂတ်မှာလည်း အသုံးဝင်နေမယ့် Marketing, Advertising, Copywriting နည်းလမ်းတွေချည်းပဲ အဆီအနှစ်ထုတ်ပြီး ထည့်သွင်းဖန်တီးပေးထားတာပါ။ 🔥

အခုဖတ်ပြီး အခုချက်ချင်း (နေ့တောင်မကူးဘဲ) အသုံးချလို့ရမယ့် နည်းလမ်းကောင်းတွေလည်း အများကြီးပါ။ 🔥

ခေါင်းစားတာသက်သာစေမယ့် "ကွက်လပ်ဖြည့်ရုံ" ကြော်ငြာရေးနည်း Template တွေလည်း အများကြီး ပါဝင်ပါဦးမယ်။ ✅

ဟုတ်ပြီ။

အခု သင့်ရဲ့အလုပ်၊ သင့်စီးပွားရေးလုပ်ငန်းရဲ့ လက်ရှိအခြေအနေကို စဥ်းစားကြည့်လိုက်ပါ။

📌 အခု ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရသလဲ?

📌 အခု ဘယ်နေရာတွေမှာ ရုန်းကန်နေရသလဲ?

📌 ထိရောက်တဲ့ Social Media ကြော်ငြာကောင်းတွေ မဖန်တီးနိုင်လို့ ကြုံနေရတဲ့ပြဿနာတွေရော ဘာတွေရှိလဲ?

📌 ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်ခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ကြော်ငြာစရိတ်တွေ ဘယ်လောက်များနေပြီလဲ?

📌 အချိန်တွေ၊ လူအင်အားတွေရော ဘယ်လောက်ကုန်ခဲ့ပြီလဲ?

သင့်အကြောင်း သေချာမသိပေမယ့် ကျွန်တော်သာ ထိရောက်တဲ့ Social Media Ads တွေ မဖန်တီးနိုင်ခဲ့ရင် အချိန်တွေ လပေါင်းများစွာ အလဟဿကုန်ခဲ့ရမှာဖြစ်သလို ကြော်ငြာစရိတ်နဲ့ ရသင့်တဲ့အကျိုးအမြတ်တွေလည်း သိန်းရာပေါင်းများစွာ လက်လွတ်ဆုံးရှုံးခဲ့မှာ အသေအချာပါပဲ။

ဒါဆိုရင်...

အခု သင့်သာ ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ထဲက နည်းလမ်းတွေကို လေ့လာအသုံးချနိုင်ပြီး ထိရောက်တဲ့ Social Media ကြော်ငြာတွေကို လွယ်လွယ်ကူကူ၊ မပင်မပန်း ဖန်တီးနိုင်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

ဒီ Course ထဲက ထိရောက်တဲ့နည်းလမ်းတွေ၊ အကြံပြုချက်တွေနဲ့ ကွက်လပ်ဖြည့်ရုံ အဆင်သင့်သုံး Template ကောင်းတွေကြောင့် ထိရောက်တဲ့ကြော်ငြာတွေဖန်တီးဖို့ လုံးဝ ရုန်းကန်စရာ၊ ခေါင်းစားစရာ မလိုတော့ပါဘူး။

✅ ကြော်ငြာကောင်းတွေ အလွယ်တကူ စဥ်းစားနိုင်လာမယ်။🔥

✅ ကြော်ငြာကောင်းတွေကို စာသားနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်ဖုံ Online/Offline အမျိုးစုံ ဖန်တီးနိုင်လာမယ်။🔥

✅ ကိုယ်တိုင်အစအဆုံးမလုပ်ရင်တောင်မှ လက်အောက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် လမ်းညွှန်ပေးလာနိုင်မယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ဝယ်သူတွေ ပိုများလာမယ်။🔥 (Marketing စကားနဲ့ပြောရရင် Conversion Rate တွေ အဆများစွာ တိုးတက်လာမယ်။)

✅ တိုးမြင့်လာတဲ့ ဒေါ်လာစရိတ်တွေ၊ ကုန်ဈေးနှုန်းတွေကြောင့် လုပ်ငန်းအတွက် ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်လို့ စိတ်ဖိစီးနေရတဲ့အခြေအနေကနေ လုံးဝလွတ်မြောက်သွားမယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ပုံမှန်ဝင်ငွေတိုးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို သက်တောင့်သက်သာ စီမံခန့်ခွဲနိုင်လာမယ်။🔥

ဒါဆိုရင် သင်ဘယ်လိုခံစားရမလဲ?

- - - - - - - - - - - - - - - - - - -

ဒီ 4X Profits with Effortless Ads (Advanced Copywriting Super Guide & Masterclass Bundle) ကနေ သင်ဘာတွေရနိုင်မလဲ?

✅ တိုးမြင့်လာတဲ့ ဒေါ်လာစရိတ်တွေ၊ ကုန်ဈေးနှုန်းတွေကြောင့် လုပ်ငန်းအတွက် ထိရောက်တဲ့ကြော်ငြာတွေ မဖန်တီးနိုင်လို့ စိတ်ဖိစီးနေရတဲ့အခြေအနေကနေ လွတ်မြောက်သွားနိုင်မယ်။🔥

✅ ကြော်ငြာကောင်းတွေကြောင့် ဝယ်သူတွေ ပိုများလာမယ်။🔥 (Marketing စကားနဲ့ပြောရရင် Conversion Rate တွေ အဆများစွာ တိုးတက်လာမယ်။)

✅ ကြော်ငြာကောင်းတွေကြောင့် ပုံမှန်ဝင်ငွေတိုးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို သက်တောင့်သက်သာ စီမံခန့်ခွဲနိုင်လာမယ်။🔥

✅ ကြော်ငြာကောင်းတွေကို စာသားနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်ဖုံ Online/Offline အမျိုးစုံ အလွယ်တကူ စဥ်းစားဖန်တီးနိုင်လာမယ်။🔥

✅ ကိုယ်တိုင်အစအဆုံးမလုပ်ရင်တောင်မှ လက်အောက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် လမ်းညွှန်ပေးလာနိုင်မယ်။🔥

✅ ဈေးကွက်ထဲက သင့်ဝယ်သူတွေရဲ့ အတွင်းစိတ်ထဲက လိုအင်ဆန္ဒတွေ၊ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေကို ထိုးထွင်းသိလာစေဖို့ Simple & Effective Research ဘယ်လိုလုပ်ရမလဲ