12min Notes Myanmar

ပိုက်ဆံ တစ်ပြားမှမကုန်ဘဲ စိတ်ပျော်သွားစေမယ့် နည်းလမ်း (၁) ခု

img

ပိုက်ဆံ တစ်ပြားမှမကုန်ဘဲ စိတ်ပျော်သွားစေမယ့် နည်းလမ်း (၁) ခု

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပျော်ချင်ရင် ဘာစားကြသလဲ မသိဘူး…

အနောက်နိုင်ငံမှာတော့ ပျော်ချင်ရင် ‘ချောကလက်’ စားကြတယ်။ 🍫✨ ချောကလက်မှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်က ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်၊ စိတ်ဖိစီးမှုတွေကို သက်သာစေတယ်… 

ဒါကြောင့် အနောက်နိုင်ငံက လူတွေပျော်ချင်ရင် ချောကလက် စားကြပါတယ်။

ချောကလက် အခု (၂,၀၀၀) စားတာထက် ပိုပျော်ဖို့ "ပိုက်ဆံတစ်ပြားမှ မကုန်တဲ့" နည်းလမ်းသာ ရှိတယ်ဆိုရင် ယုံမလား… 

Assignment တွေ၊ အလုပ်တွေ၊ မွန်းကြပ်စရာတွေကြားမှာ "ငါတော့ အရမ်းပင်ပန်းလာပြီ" လို့ ဒီနေ့ တွေးမိရင် ခဏလောက်ရပ်ပြီး ဒါလေးကို ဖတ်ကြည့်လိုက်ပါ။ 

Ron Gutman ရဲ့ "The hidden power of smiling" ဆိုတဲ့ TED Talk ကနေ လူငယ်တွေအတွက် တကယ့်ကို အသုံးဝင်မယ့် Life Hack လေးတစ်ခုကို ပြန်မျှပေးချင်ပါတယ်။


၁။ အပြုံးဆိုတာ "မွေးရာပါ စူပါ ပါဝါ" 

ကျွန်တော်တို့က ကြီးလာလေလေ၊ ရုပ်တည်ကြီးနဲ့နေတာက ပိုပြီး Cool ဖြစ်စေတယ်၊ ပိုပြီး ရင့်ကျက်စေတယ်လို့ ထင်လာကြပါတယ်။ ဒါပေမဲ့ တကယ်တော့...

  • ကိုယ်ဝန်ဆောင် မိခင်တွေ 3D Ultrasound ရိုက်ကြည့်ရင် ဗိုက်ထဲက သန္ဓေသားလေးတွေက  ပြုံးနေကြပါတယ်။ 

  • အမြင်အာရုံ ချို့ယွင်းနေတဲ့ ကလေးလေးတွေလည်း လူသံကြားရင် အလိုလို ပြုံးတတ်ကြပါတယ်။

ဒါကြောင့် ပြုံးတာဟာ သင်ယူစရာမလိုတဲ့ ကျွန်တော်တို့ရဲ့ DNA ထဲမှာကိုက ပါလာတဲ့ "ပျော်ရွှင်မှု ခလုတ်လေး” တစ်ခုပါ။


၂။ ချောကလက် (၂,၀၀၀) နဲ့ အပြုံး (၁) ကြိမ်

  • အားရပါးရ ပြုံးလိုက်တဲ့ အပြုံးတစ်ခုက ဦးနှောက်ထဲက Reward Mechanism (ဆုရသလို ပျော်ရွှင်တဲ့ ခံစားချက်) ကို လှုံ့ဆော်ပေးပါတယ်တဲ့။ (ဒီပျော်ရွှင်မှုက ချောကလက် အခု (၂,၀၀၀) စားတာနဲ့ ညီမျှတဲ့ ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။)

  • အကောင်းဆုံးကတော့... အပြုံးကြောင့် ရလာတဲ့ ပျော်ရွှင်မှုက ချောကလက်စားသလိုမျိုး ဝိတ်လည်းမတက်ဘူး၊ ပိုက်ဆံလည်း မကုန်ဘူး၊ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး…


၃။ ပိုကျန်းမာရွှင်လန်းတဲ့ (၇) နှစ်တာ

လေ့လာမှုတွေအရ ဓာတ်ပုံထဲမှာ တောက်တောက်ပပ ပြုံးတတ်တဲ့သူတွေဟာ မပြုံးတဲ့သူတွေထက် ပျမ်းမျှ သက်တမ်း (၇) နှစ်လောက် ပိုရှည်တာကို တွေ့ရပါတယ်။ 

အပြုံးတစ်ချက်က စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချပေးပြီး သွေးဖိအားကိုပါ ထိန်းညှိပေးလို့ “အကောင်းဆုံး အခမဲ့ ဆေးတစ်ခွက်" ပါပဲ။


ကဲ... မနက်ဖြန်ကစပြီး ဒါလေးတွေ လုပ်ကြည့်ရအောင်… 

✅ ကလေးတွေက တစ်နေ့ကို အကြိမ် (၄၀၀) ပြုံးကြပေမယ့် လူကြီးတွေကတော့ (၂၀) ကြိမ်လောက်ပဲ ပြုံးကြတော့တယ်တဲ့။ 

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “ဘယ်နှကြိမ် ပြုံးပြီးပြီလဲ” ဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။ အကြိမ် (၂၀) ထက်မနည်း ပြုံးပျော်ရအောင် ဖန်တီးနေထိုင်ပါ။ 

✅ အပြုံးဆိုတာ ကူးစက်တတ်ပါတယ်… ကိုယ်က အရင်ပြုံးပြလိုက်ရင် တစ်ဖက်လူကလည်း အလိုလို ပြန်ပြုံးမိသွားပါလိမ့်မယ်။ (ချစ်သူလေးနဲ့ ရန်ဖြစ်နေချိန်မှာ ရှင်းပြရ အရမ်းခက်နေပြီဆိုရင် ပြုံးသာပြလိုက်!)  

✅ မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကိုယ် တစ်ချက်လောက်ဖြစ်ဖြစ် ပြုံးပြလိုက်ပါ။ အဲ့ဒီ ၃ စက္ကန့်စာ အပြုံးလေးက တစ်နေ့တာရဲ့ Mood ကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။

💛 စာဖတ်နေသူရော... ဒီစာကို ဖတ်နေရင်းနဲ့ တစ်ချက်လောက် ပြုံးလိုက်မိသေးလား ?

📍https://www.ted.com/talks/ron_gutman_the_hidden_power_of_smiling


©12minNotesMyanmar-Est.2019


~ ~ ~ ~ ~ ~ ~ ~ ~ ~ 

Contact us easily:

YouTube: https://www.youtube.com/12minNotesMyanmar

Facebook: https://www.facebook.com/12minNotes

Messenger: https://m.me/12minNotes

Telegram: https://t.me/My12minNotesBot

Website: https://12minnotes.com



Author : 12min Notes Myanmar